ကျွန်တော် နေတတ်သလို နေပါတယ်။

ဖြိုးမြတ်အောင်က လက်ရှိမှာ ကြော်ငြာတွေရိုက်ကူးနေရပြီဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးရေးတွေအတွက် လာရောက် ကမ်း လှမ်း တာတွေ လည်း ရှိတာကြောင့် သရုပ်ဆောင် လုပ်ဖို့အတွက် စဉ်းစားဦးမယ်လို့လည်း သူကဆိုပါတယ်။


 

Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်ဟာ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ပြိုင်ပွဲအစကနေ ဒီနေ့အချိန်ထိ ပိုင်ဆိုင် ထားနေတုန်းပါပဲ။ ပရိသတ်တွေရဲ့ အချစ်ကို တစ်နေ့ထက် တစ်နေ့ ပိုမိုပိုင်ဆိုင်လာရတဲ့ အကြောင်းကိုလည်း ဖြိုးမြတ်အောင်က မီဒီယာတွေ ကနေတဆင့် ပြောပြခဲ့ပါတယ်။

'' ကျွန်တော်က ဒီအတိုင်း နေတတ်သလို နေလိုက်တာပဲလေ။ ထွေထွေထူးထူး လုပ်ယူထားတဲ့အရာ ဘာမှမရှိဘူး။ ကျွန်တော် နေတတ်သလို နေလိုက်တယ်၊ ရင်ထဲက ရှိတဲ့အတိုင်းပဲ နေလိုက်တယ်။ ထွေထွေထူးထူး ဖန်တီးထားတာ မျိုးလည်း မရှိပါဘူး'' လို့ သူကဆိုပါတယ်။

ဖြိုးမြတ်အောင်နဲ့အတူ အလှူအတန်းတွေလုပ်ခဲ့တဲ့ ဦးသိန်းတန်နဲ့တေးချစ်သူ


ဖြိုးမြတ်အောင်ဟာ အခုလက်ရှိမှာတော့ ကြော်ငြာတွေရိုက်ကူးနေရတာဖြစ်ပါတယ်။ မကြာခင်ကလည်း ဒါရိုက်တာ ဦးစင်ရော်မောင်မောင် ရိုက်ကူးတဲ့ ကြော်ငြာမှာ သရုပ်ဆောင် အကယ်ဒမီပိုင်ဖြိုးသုနဲ့ တွဲဖက်ပြီးသရုပ်ဆောင်ခဲ့တာပါ။ အဲ့ဒီနောက် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ အတွက် လာရောက်ကမ်းလှမ်းတာတွေရှိတယ်လို့ ဆက်လက်ပြောပြလာပါတယ်။

'' ဇာတ်ကားတွေရိုက်ဖို့တော့ လာပြောကြပါတယ်။ ကျွန်တော် စဉ်းတော့ စဉ်းစားနေပါတယ်။ ဒါပေမယ့် ကျွန်တော်က သီချင်းဆိုတဲ့ အပိုင်း ကိုပဲဝါသနာပါတာ များတယ်။ သရုပ်ဆောင်အပိုင်းကိုလည်း ဝါသနာမပါဘူး၊ မကျွမ်းကျင်တဲ့ နယ်ပယ်ဆိုတော့ အခုမှ စရမှာဖြစ်တာကြောင့် အခက်အခဲတွေ အများကြီးရှိပါတယ်။ ကျွန်တော့်အနေနဲ့ သရုပ်ဆောင်ဖို့ကတော့ မဖြစ်နိုင်သေးပါဘူး'' လို့ သူကဆိုပါတယ်။


Photo: Phyo Myat Aung Facebook


ဖြိုးမြတ်အောင်က Myanmar Idol သီချင်းဆို ပြိုင်ပွဲ ဝင်ခဲ့တဲ့ အချိန်မှာ ပရိသတ်သေချာ မသိသေးတဲ့ ဝါသနာရှင်တစ်ယောက် ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားတဲ့ ဖြိုးမြတ်အောင်ကို မာနကြီးသွားမှာလား ဆိုတဲ့ အပေါ် အခုလို ပြန်လည် ဖြေဆိုခဲ့ပါတယ်။

'' လူဆိုတာကတော့ တစ်ခါတလေ လွတ်ချင်တယ်။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း တစ်ခါတလေ လွတ်ချင်တယ်၊ အဲ့ဒီအခါ ဘာနဲ့ ပြန်ထိန်း သလဲဆိုရင် အသိ နဲ့ သတိ အမြဲကပ်ထားတယ်။ အဲ့ဒါတွေနဲ့ ပြန်ထိန်းဖြစ်တယ်'' ဆိုပြီးတော့ စက်တင်ဘာလ ၂၀ ရက်နေ့က Ocean Super Market ဖွင့်ပွဲမှာ မီဒီယာတွေကို ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Phyo Myat Aung Facebook


သြဂုတ်လ ၁၁ ရက်နေ့ည ၇ နာရီ မိနစ် ၃၀ အချိန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Grand Final ပွဲမှာတော့ ပြိုင်ဘက်မရှိတဲ့ Winner ဆုရှင်အဖြစ် ြဖိုးမြတ်အောင်က ဆုငွေ သိန်း ၅၀၀ နဲ့အတူ မိုးမြန်မာ မီဒီယာက ထုတ်လုပ်ပေးတဲ့ Solo Album နဲ့ Music Album တို့ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

 

Share

Loading Next Article...
က္က