တစ်ယောက်အကြောင်းတစ်ယောက် ပြောပြလာပါတယ်။

သူငယ်ချင်း သံယောဇဉ် နှစ်ပေါင်း ၃၀ ကျော်လာတဲ့ ခင်လှိုင်နဲ့ ဒိန်းဒေါင် တို့ နှစ်ယောက်မှာ ခင်လှိုင်က အသက်ပိုကြီးပါ တယ်တဲ့။ တစ်ယောက် နဲ့တစ်ယောက် ဒီနေ့ အချိန်ထိ ချစ်ချစ်ခင်ခင်အပေါင်းအသင်းဖြစ်လာကြတဲ့ အမှတ်တရတွေကိုလည်း ပြောပြခဲ့ပါတယ်။



 

သရုပ်ဆောင် ခင်လှိုင်နဲ့ ဒိန်းဒေါင်တို့ဟာ အရမ်းကိုချစ်ခင်ရင်းနှီးကြတဲ့ သူငယ်ချင်းအရင်းတွေ ဖြစ်ပါတယ်။ သူတို့ သူငယ်ချင်းသံယောဇဉ်က တော့ နှစ်ပေါင်း ၃၀ ကျော်ပြီလို့ သိရပါတယ်။ နှစ်အတော်ကြာလက်တွဲလာခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက် တစ်ယောက်အကြောင်း တစ်ယောက် ကိုလည်း မီဒီယာတွေကနေ တဆင့်ပြောပြလာပါတယ်။

'' ငယ်ငယ်လေးကတည်းက သူငယ်ချင်းတွေပါ အနည်းဆုံးတော့ နှစ်ပေါင်း ၃၀ အထက်မှာရှိတယ်။ ကိုခင်လှိုင်က ကျွန်တော့်ထက် ၇ နှစ်ကြီး တယ်။ ဒါပေမယ့် ငယ်ငယ်လေးကတည်းက သူငယ်ချင်းလိုပဲ နှုတ်ကျိုးနေတော့ သူငယ်ချင်း နှစ်ယောက်ကတော့ အဲ့ဒီလိုပဲ'' ဆိုပြီးတော့ သရုပ်ဆောင် ဒိန်းဒေါင်က စက်တင်ဘာလ ၂၀ ရက်နေ့က Ocean Super Center ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: ခင်လှိုင်ဖေ့စ်ဘွတ်

ဒုတိယအကြိမ် ရေတွင်းအလှူအောင်မြင်ခဲ့တဲ့ ခင်လှိုင် 

ဒိန်းဒေါင်ဟာ သူငယ်ချင်းဖြစ်သူ ခင်လှိုင်ရဲ့ အကြောင်းတွေ ပြောပြပြီးတဲ့ နောက်မှာတော့ ဒိန်းဒေါင်ရဲ့ စိတ်နေစိတ်ထားကိုလည်း ခင်လှိုင်က ဆက်လက်ပြောပြခဲ့ပါတယ်။ လက်ရှိမှာလည်း ဒိန်းဒေါင်ကိုယ်တိုင် ဘုရားတည်နေတာဖြစ်တဲ့အတွက် ဒီအလှူမှာလည်း ခင်လှိုင်က ပါဝင်နေ တယ်လို့ ဆိုပါတယ်။

'' သူက တော်ပါတယ်၊ စိတ်နေစိတ်ထား၊ အလှူဒါန၊ အလှူအတန်းတွေ ဝါသနာပါတယ်။ အခုလက်ရှိမှာလည်း သူ ဘုရားတည်နေတယ်။ သူ တည် တဲ့ ဘုရားမှာ ရင်ပြင်တော် ကြွေပြားတွေ ကျွန်တော် သွားလှူခဲ့တယ်။ အဘ ဘိုးမင်းခေါင်ရုပ်ထုကြီးရဲ့ နန်းဆောင် ကိုလည်း ကျွန် တော် သွားလှူခဲ့တယ်။ ကျွန်တော်တို့က အရင်ဘဝကလည်း ရေစက်ရှိသလို နောက်ဘဝလည်း မခွဲချင်လို့ အတူတူ လှူကြတာပေါ့'' လို့ ခင်လှိုင် က ပြောပါတယ်။

Photo: ခင်လှိုင်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် ခင်လှိုင်နဲ့ ဒိန်းဒေါင် တို့ဟာအနုပညာညီအစ်ကိုတွေလည်း ဖြစ်ကြသလို တစ်ယောက် နဲ့တစ်ယောက်ကလည်း အရင်းနှီးဆုံး ငယ်သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ သူတို့ နှစ်ဦးတွဲပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း လိုက်ဖက်ညီလွန်းတဲ့ သရုပ်ဆောင်မှု တွေကြောင့် ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။

Photo: ခင်လှိုင်ဖေ့စ်ဘွတ်

 

လက်ရှိမှာတော့ သူတို့ နှစ်ယောက်တွဲပြီး အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်နေကြတာကိုလည်း တွေ့ရပါတယ်။ ခင်လှိုင်ကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရသလို ဒိန်းဒေါင်ကလည်း ဘုရားတည်နေရင်းကမှ အနုပညာအလုပ်တွေ ဆက်လက်ဆောင် ရွက်နေတာကို တွေ့ရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က