အိတုံ အကြောင်းတွေကိုလည်း မျိုးမျိုးခိုင်က ပြောပြထားပါတယ်။

ဇာတ်ပို့ ဇာတ်ရံသရုပ်ဆောင် မျိုးမျိုးခိုင်နဲ့ အိတုံ တို့ရဲ့ တစ်ယောက် အကြောင်းတစ်ယောက် ပြောပြလာတဲ့ စိတ်ထားတွေ အကြောင်းကို Duwun Media ကနေ ပြောပြလာပါတယ်။ အမြဲတမ်း ဆူပူတတ်တဲ့ မျိုးမျိုးခိုင်နဲ့ ပြောလို့ ဆိုလို့ မကောင်းတဲ့ အိတုံ တို့ရဲ့ အကြောင်းတွေက တကယ်ကို ချစ်စရာကောင်းပါတယ်။

Photo: Ei Tone Tone Facebook

 

ဇာတ်ပို့၊ ဇာတ်ရံသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မျိုးမျိုးခိုင်နဲ့ အိတုံ တို့က တစ်ယောက်အကြောင်းတစ်ယောက် သဘောကျရယ်မောပြီး ပြောပြ ခဲ့ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေကိုလည်း Duwun  media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ကြပါတယ်။

'' မမျိုးကတော့ အိတုံတို့အတွက် အရမ်းကောင်းတယ်။ ရှေ့ဆောင်လမ်းပြ အစ်မတစ်ယောက်ပါပဲ။ တစ်ခါတစ်လေကျရင် ဆူတာ၊ ဘာညာက တော့ သူက စိတ်ထဲပါတာ မဟုတ်ဘူး အမြဲတမ်း သူပြောမယ်၊ သူဆူလိုက်မယ်၊ သူအနိုင်ပိုင်းမယ်၊ အနိုင်ရအောင် ပြောမယ်၊ ဒါပေမယ့် လည်း သူ့ စိတ်ထဲမှာတော့ ဘာမှ မရှိပါဘူး''လို့ ဆိုပါတယ်။

Photo: Ei Tone Tone Facebook

 

အမြဲတမ်း ဆူပူကြိမ်းမောင်းနေတတ်တဲ့ မျိုးမျိုးခိုင်ကိုတော့ အိတုံက အစ်မကြီးတစ်ယောက်လို ချစ်တယ်လို့ ဆိုပါတယ်။ မျိုးမျိုးခိုင်က အပြောကြမ်းတတ်သူဆိုပေမယ့် စိတ်ရင်း အရမ်းကောင်းတဲ့ အစ်မပါဆိုတာကို ဆက်လက်ပြောပြလာပါသေးတယ်။

'' တစ်ခါတလေကျရင် သူပြောတာတွေ မခံနိုင်လို့ ကိုယ်က ပြန်အော်မိတဲ့ အခါမျိုးတွေလည်းရှိတယ်။ အဲ့ဒီအခါကျရင် အပြင်မှာ တွေ့တဲ့အခါ ပြန်တောင်းပန်တယ်။ ဆိုးခြင်းကောင်းခြင်းဆိုတာထက် မကြီးက အရမ်းစိတ်ရင်းကောင်းတယ်။ ပါးစပ်ပေါက်ကတော့ အရမ်းနံတယ်။ ဘယ်လောက်ထိလဲဆို ကလေးမွေးပြီး ခွဲခန်းထဲက ထွက်ထွက်ခြင်းကိုဆူတာ'' လို့ သူကဆိုပါတယ်။

သူငယ်ချင်းတွေအကြောင်း အရွှန်းဖောက် စနောက်လိုက်တဲ့ မျောက်ရှုံး 

Photo: Ei Tone Tone Facebook

 

အဲ့ဒီနောက် မျိုးမျိုးခိုင်ရဲ့ အကြောင်းတွေကို အိတုံက ပြောပြပြီးတဲ့အချိန်မှာလည်း မျိုးမျိုးခိုင်က အိတုံရဲ့ စိတ်နေစိတ်ထားကို ပြန်လည် ပြောပြလာပါတယ်။ အိတုံရဲ့ ပြောလို့ ဆိုလို့ မကောင်းတဲ့ အကျင့်လေးကိုလည်း သဘောကျ ရယ်မောလျှက်ပြောပြလာပါတယ်။

'' အိတုံက ကောင်းပါတယ်။ သူက ပြောလို့ ဆိုလို့ မကောင်းတာလေး တစ်ခုပဲ အရင်ကဆို အရမ်းသွက်တယ်။ အခုကျတော့ သူ ဝလာတော့ နည်းနည်း ထိုင်းတယ်။ ဖင်ထိုင်ပြီးရင် မထချင်ဘူး။ သူ့ကို နာမည်ပြောင်ပေးထားတယ် ဆီလီကွန် ဆိုပြီးတော့"လို့ စက်တင်ဘာလ ၄ ရက်နေ့ ညနေ ပိုင်းက နိုဗိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ''တရားလား'' ရုပ်ရှင်ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Ei Tone Tone Facebook

 

ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် မျိုးမျိုးခိုင်နဲ့ အိတုံ တို့ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာကြ တာဖြစ်ပါ တယ်။ ဇာတ်လမ်း တွဲတွေမှာရော၊ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေမှာပါ အတွဲညီညီ သရုပ်ဆောင်ကောင်းကြတာကြောင့်လည်း ဒီနေ့အထိ ပရိသတ်ခိုင်ခိုင်မာမာရှိနေကြသူတွေ ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က