သီချင်းဆိုတာလည်း ဝါသနာပါတယ်တဲ့။

နေခြည်ဦးတစ်ယောက် နောက်ထပ် ဝါသနာတစ်ခုကို မိတ်ဆက်ပေးလာပါတယ်။ ဒါကတော့ သီချင်းဆိုတာပါတဲ့။ ငယ်ငယ် ကတည်းက Pop Star တစ်ယောက်ဖြစ်ချင်ခဲ့တယ်လို့ ဆိုပါတယ်။



Photo: Nay Chi Oo Facebook

 

နေခြည်ဦးက Beauty Blogger မှာသာမက သရုပ်ဆောင်ဘက်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေရတဲ့သူဖြစ်ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ ဝါသနာအရင်းခံ ဖြစ်တဲ့ သီချင်းဆိုတာကိုလည်း ဝါသနာပါသေးတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ငယ်ငယ်လေးကတည်းက စိတ်ကူးယဉ် အိပ်မက် ကတော့ Pop Star တစ်ယောက်ဖြစ်ဖို့ ဆိုတာကို မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။

'' နေခြည်က သီချင်းဆိုတာ အရမ်းဝါသနာပါ ပါတယ်၊ အသံမကောင်းတာလည်း အကုန်လုံးသိမှာပါ။ ငယ်ငယ်တုန်းကဆို Pop Star အရမ်း ဖြစ်ချင်တာ ဘရစ်တနီစပီယား တို့လိုပေါ့၊ သီချင်းဆိုပြီး က တဲ့ ကောင်မလေးတွေဆို အရမ်းသဘောကျတာ၊  သူတို့က သီချင်းလည်း ဆိုတယ်။ ကလည်း ကတယ်၊ ငယ်ငယ်တုန်းက ဆိုရင်တော့ လိုက်ဆို လိုက်က တယ်'' လို့ ဆိုပါတယ်။

Photo: Nay Chi Oo Facebook

 

သူမဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရတာဖြစ်တဲ့အတွက် ရိုက်ကွင်းကိုလည်း ချစ်သူကို ခေါ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒါပေ မယ့် အနုပညာရှင်တစ်ယောက်မဟုတ်တာကြောင့် မင်းသားတွေနဲ့ ထိတွေ့ကိုင်တွယ်ရတဲ့အခါမှာတော့ သဝန်တိုတာလေးတွေတော့ ဖြစ် တတ်တယ်လု့ိ သူကဆိုပါတယ်။

'' အရင်တုန်းက ရှုတင်တွေဆို ခေါ်ဖူးတယ်။ သူက မကြိုက်ဘူး သဝန်တိုတာပေါ့နော် ဘယ်သူနဲ့ဖြစ်ဖြစ် သဝန်တိုတယ်၊ ရှိသမျှလူ အကုန်လုံး နဲ့လည်း သဝန်တိုတယ်။ နောက်ပိုင်းကျတော့လည်း သူ နားလည်လာတယ်၊ နေခြည့်အလုပ်ဆိုတာကိုလည်း သူ လက်ခံလာတယ်ပေါ့နော်။ အနုပညာလောက က လူတွေနဲ့လည်း မောင်နှမ သူငယ်ချင်းတွေလို ဖြစ်နေတော့ သူလက်ခံလာပါတယ်'' လို့ ပြောပြခဲ့ပါတယ်။

နောက်ထပ် ခွဲစိတ်ပြုပြင်တာတွေ လုပ်ဦးမယ်ဆိုတဲ့ နေခြည်ဦး  

Photo: Nay Chi Oo Facebook

 

နေခြည်ဦးရဲ့ ချစ်သူကောင်လေးက  နေခြည်ဦးကို သရုပ်ဆောင်အလုပ် မလုပ်စေချင်ဘူးလို့ ဆိုပါတယ်။ ချစ်သူအပေါ် သဝန်တိုတတ်တဲ့ စိတ်ကြောင့်လည်း အခုလို ပြောတာဖြစ်မယ်လို့ စက်တင်ဘာလ ၂၁ ရက်နေ့က Pond ပစ္စည်းသစ် မိတ်ဆက်ပွဲ မှာ မီဒီယာတွေကို ဖြေဆိုခဲ့ တာဖြစ်ပါတယ်။

'' သူကတော့ နင့်ကိုငါ ကြိုက်တာ Beauty Blogger မို့လို့ကြိုက်တာပေါ့။ နင်က ငါနဲ့ကြိုက်ပြီးမှ ရုပ်ရှင်မင်းသမီးဖြစ်သွားပြီပေါ့၊ အဲ့ဒါကို လက်မခံ နိုင်ဘူး။ ယူပြီးရင် မရိုက်ရတော့ဘူးပေါ့။ သူ့စိတ်ထဲမှာတော့ သူ့ကောင်မလေးကို တခြားသူတွေ ဖက်တာ မကြိုက်ဘူးပေါ့နော် သူက သာမန်လူ ဆိုတော့ နားလည်ပါတယ်'' လို့ သူကဆိုပါတယ်။

Photo: Nay Chi Oo Facebook

 

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က