ဒါရိုက်တာ စတီးလ်က ပုံဖော်ရိုက်ကူးမှာပါ။

အလျှံပယ် ရုပ်ရှင်ဇာတ်ကားကြီးကို မင်းသား ၂ ယောက်၊ မင်းသမီး ၇ ယောက်တို့နဲ့ ဒါရိုက်တာ စတီးလ်က ပုံဖော်ရိုက်ကူး သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အမျိုးသမီးတွေ အားလုံးအတွက် ပညာပေးဇာတ်ကားတစ်ကားဖြစ်ပါတယ်။



 

နာမည်ကျော် မင်းသား နှစ်ယောက်နဲ့ နာမည်ကျော်မင်းသမီး များစွာ ပါဝင်သရုပ်ဆောင်သွားမယ့် အလျှံပယ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ဒါ ရိုက်တာ စတီးလ်(ဒွေးမေတ္တာ) က ရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားဟာ အိမ်ထောင်ရှင်အမျိုးသမီးတွေရဲ့ အစွမ်းအဆကို အသိအမှတ်ပြု ပုံဖော်ထားတဲ့ ဇာတ်ကားဖြစ်တယ်လို့ ဒါရိုက်တာ စတီးလ်က မီဒီယာတွေကနေပြောပြခဲ့ပါတယ်။

သူငယ်ချင်းတွေနဲ့ ခရီးထွက်ရလို့ ပျော်နေတဲ့ သက်မွန်မြင့် 

ဒီဇာတ်ကားထဲမှာ သက်မွန်မြင့်က စက်ရုံတစ်ရုံရဲ့ သန့်ရှင်းရေး ဝန်ထမ်းကောင်မလေးတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

'' ဒီဇာတ်ကားမှာတော့ သက်မွန်က စက်ရုံမှာ အလုပ်လုပ်တဲ့ သန့်ရှင်းလေးသမလေးပေါ့။ စွာကျယ်၊ စွာကျယ်လေးပေါ့ ပြီးတော့ ဦးခင်လှိုင်နဲ့ လင်မယား။ မတည့်လည်း မတည့်ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ဒီဇာတ်ကားလေးက အမျိုးသမီးတွေ ဘက်က ရပ်တည်တဲ့ ဇာတ်ကားလေးပါ။ အမျိုးသမီးတွေ အများကြီးစုထားတာပေါ့'' လို့ သူကဆိုပါတယ်။

 

စီနီယာအနုပညာရှင်အများကြီးနဲ့ အတူ ပါဝင်သရုပ်ဆောင်ခွင့်ရမယ့် ရွှေသမီးကလည်း ဒီဇာတ်ကားထဲမှာ အနေတည်တဲ့ မိန်းကလေး တစ်ယောက်အဖြစ် ပရိသတ်တွေ မြင်တွေ့ရမှာပါတဲ့။ သူ့တာဝန်ယူရတဲ့ ဇာတ်ရုပ်လေးကတော့ အခက်အခဲလေးတွေရှိမယ်လို့ဆိုပါတယ်။

'' အလျှံပယ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ရီရီခိုင် ဆိုတဲ့ ကောင်မလေးနေရာ တွေ့ရမှာပါ။ တကယ့် မိန်းမကြီး ပုံစံလိုမျိုး မြင်ရမှာ။ စက် ရုံမှာ အလုပ်လုပ်တဲ့ ကောင်မလေးပါပဲ။ ဒါပေမယ့် တခြားလူတွေထက် ပိုပြီးတော့ ခက်ခဲတဲ့ အပိုင်းလေးတွေမှာ သရုပ်ဆောင်ရမှာပါ'' ဆိုပြီးတော့ စက်တင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းက အလျှံပယ် ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

 

ပန်းနုသွေး ရုပ်သံဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်အားပေးမှုများစွာရရှိခဲ့တဲ့ မေမြင့်မိုရ်ကလည်း အလျှံပယ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ ထူးခြားတဲ့ ကာရိုက်တာ ဖြစ်လို့လည်း လက်ခံရိုက်ကူးဖြစ်တာလို့ မီဒီယာတွေကနေတဆင့် ပြောပြ လာပါတယ်။

'' ဒီဇာတ်ကားထဲမှာ မေ မလုပ်ဖူးသေးတဲ့ ကာရိုက်တာပေါ့နော်၊ ထူးဆန်းတယ်။ ကိုယ်က အမြဲတမ်း ကြောက်ကြောက်လန့်လန့်နေတတ်တဲ့ ကောင်မလေးပေါ့။ ဒီဇာတ်ကားလေးက အမျိုးသမီးထုကို  ကိုယ်စားပြုပြီးရိုက်ကူးမယ့် ကားလေးဆိုတော့ ထူးထူးခြားခြားလေး ဖြစ်မယ် ထင်တယ်'' လို့ ဆိုပါတယ်။

 

အလျှံပယ် ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်ရိုက်ကူးပုံဖော်တော့မှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို မန္တလေးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ် လုပ်ပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က ရိုက်ကူးမှာပါ။ အဓိက သရုပ်ဆောင်တွေ အနေနဲ့ ထွန်းထွန်း၊ အလင်းရောင်၊ ခင်လှိုင်၊ ကျော်ထူး၊ ဇင်ဝိုင်း၊ ခိုင်သင်းကြည်၊ သက်မွန်မြင့်၊ အေးမြတ်သူ၊ ရွှေသမီး၊ မေမြင့်မိုရ်၊ ပွင့်နဒီမောင်နဲ့ ကြယ်ဖြူရှင်းသန့်တို့ ပါဝင်မယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က