ကိုယ်ဝန်က (၃)လရှိပြီတဲ့။

Ultrasound ရိုက်တဲ့ အချိန်မှာ ရင်သွေးလေးရဲ့ နှလုံးခုန်သံကို ကြားရတာနဲ့တင် ရင်တွေခုန်ပြီး ပျော်နေခဲ့ရတယ်လို့ သူမက ဆိုပါတယ်။



သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတစ်ယောက် ရင်သွေးလေး လွယ်ထားနေရပြီ ဖြစ်ပါတယ်။ ရင်သွေးလေးရှိတာ တစ်လလောက်ကတည်းက သိပေမယ့်လည်း အကုန်လုံးကို ဖွင့်မပြောခဲ့ပေမယ့် အခု(၃)လထဲ ရောက်နေပြီဖြစ်လို့ အကုန်လုံးကို အသိပေးခဲ့တာ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။ Ultrasound ရိုက်တဲ့ အချိန်မှာ ရင်သွေးလေးရဲ့ နှလုံးခုန်သံကို ကြားရတာနဲ့တင် ရင်တွေခုန်ပြီး ပျော်နေခဲ့ရတယ်လို့ သူမက ဆိုပါတယ်။

 

"ရင်သွေးရှိတာကတော့ တစ်လလောက်ကတည်းက သိတာပေ့ါနော်။ အကုန်လုံးကို ဖွင့်မပြောဖြစ်ဘူး ။ အရမ်းလည်း နုသေးတယ်။ ကျိန်းလည်း မကျိန်းသေးဘူးဆိုတော့ အခုကတော့ သုံးလထဲရောက်ပြီဆိုတော့ အကုန်လုံးကို အသိပေးဖြစ်တာပါ။ အခုချိန်မှာတော့ ဆရာဝန်ညွှန်ကြား တဲ့ အတိုင်းနေတယ်။ Ultrasound ရိုက်လိုက်တော့ လူပုံစံလေးပေါ်တော့  အဲ့ဒါလေး တွေ့လိုက်တဲ့အချိန်မှာ ရင်ထဲမှာ ဘာနဲ့မှ မတူဘူး။ မျက်ရည်တောင်ဝဲတယ်။ ကိုယ့်ဆီမှာ  လူလေးတစ်ယောက် ရှိနေတယ်ဆိုတော့ နှလုံးခုန်သံလည်း ကြားနေရပြီးဆိုတော့ အဲ့အသံက နားထောင်ရင်း ကိုယ်လည်း ရင်ခုန်တယ်။ " ဆိုပြီး စက်တင်ဘာ(၂၉) ရက်နေ့က ပြုလုပ်တဲ့ Clinque ဆိုင်ဖွင့်ပွဲမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူမအနေနဲ့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း နေထိုင်နေပြီး ကလေးလေးအတွက်အားဖြစ်မယ့်အစားအစာတွေ စားဖြစ်နေ ပါတယ်တဲ့။ သူမကိုယ်တိုင် မကြိုက်ပေမယ့်လည်း ရင်သွေးအတွက် ပိုပြီး ဦးစားပေးဖြစ်ပြီး ကျန်းမာရေးကို ဂရုစိုက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

"လူတိုင်းကတော့ ပြောပါတယ်။ မိခင်စိတ်က ဘာနဲ့မှမတူဘူးတဲ့။ အခုချိန်မှာတော့ ကိုယ့်ကိုကိုယ်ထက် စာရင် သူ့အတွက်ပိုပြီး ဦးစားပေးဖြစ် တယ်။ ကိုုယ်မကြိုက်ပေးမယ့်ကလေးအတွက် ကောင်းဖို့စာရတာမျိုးတွေ အဲ့လိုမျိုးတွေစပြီးပြောင်းလဲလာတာ။"ဆိုပြီး ဆက်လက်ပြောပြခဲ့ ပါတယ်။

 

သူမအနေနဲ့ ရင်သွးလေးကို ဘာလေးရ ရမယ်ဆိုတဲ့ စိတ်ခံစားချက်မျိုးမရှိပေမယ့်လည်း နန်းမြတ်ရဲ့ ဖခင်ကတော့ မြေးယောကျ်ားလေး လိုချင်တယ်လို့ ဆိုပါတယ်။

"နန်းမြတ်ကတော့ ဘာလေးပ ဲဖြစ်ဖြစ်ပါ။ နန်းမြတ်အဖေကတော့ သူက မြေးယောကျ်ားလေး လိုချင်တယ်။ မိန်းကလေး သုံးယောက်ဆိုတော့ သူက ယောကျ်ားလေး လိုချင်တယ်။ ကံအရပေါ့။ အတူတူပျော်ပေးတဲ့ပရိသတ်တွေကို နန်းမြတ်ကျေးဇူးအများကြီးတင်ပါတယ်။ ကိုယ့်ကိုကိုယ် ထက် စာရင် ကိုယ့်ကလေး ကိုပိုပြီးတန်ဖိုးထားကြတယ်။ပိုပြီးတော့ချစ်စေချင်ကြတယ်။ ဒါကတော့ လူတိုင်းရဲ့ စေတနာပေ့ါနော်။ ဒါကတော့ လူတိုင်းရဲ့ စိတ်တ်ထဲကပါ။ အတူတူလိုက်ပြိး ဝမ်းသာပြီး ပီတိဖြစ်ပေးတဲ့အတွက် နန်းမြတ်အရမ်းလည်း ဝမ်းသာသလို အရမ်းလည်း ကြည်နူးရပါတယ်" လို့ သူမက ဆိုပါတယ်။

 

နန်းမြတ်ဖြိုးသင်းက ဂီတပိုင်းနဲ့စတင်ခဲ့ပေမဲ့ အခုဆိုရင် ပရိသတ် အား ပေးမှု အခိုင်အမာရရှိနေတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လို့နေပါပြီ။ သာယာတဲ့ အိမ်ထောင် ရေးလေးကို ပိုင်ဆိုင်ထားတဲ့ နန်းမြတ်ဖြိုးသင်းဟာ  ချစ်သူသက်တမ်းသုံးနှစ် ခွဲလောက်မှာ ရွှေလက်တွဲခဲ့ကြတာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူက နန်းမြတ်ထက် လေးနှစ်ကြီးတယ်လို့လည်း သိရပါတယ်။

နန်းမြတ်ဖြိုးသင်းတို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုတော့ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ(၉)ရက်နေ့က ငွေဆောင်ကမ်းခြေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ(၁၈)ရက်နေ့ မနက်ပိုင်းက သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ကံကော်မြိုင်သာသနာ့ ရိပ် သာ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူကို ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ၂၆ရက် က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး မင်္ဂလာည စာစားပွဲ ကိုတော့ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇)ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က