အောက်တိုဘာလ ၁၉ ရက်နေ့ဆိုရင် ရုံတင်ပါပြီ။

သမ္မတကြီးထံ ပေးစာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ခက်ခက်ခိုင်ဆိုတဲ့ သတင်းထောက်ရှေ့နေမလေး ကာရိုက်တာအဖြစ် ဖွေးဖွေး က ပါဝင်သရုပ် ဆောင်ထားပါတယ်။ ဒီဇာတ်ကားထဲမှာ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကိုလည်း အခုလို ပြောပြ ခဲ့ပါတယ်။

Photo: စိန်ဌေး



 

သရုပ်ဆောင်ဖွေးဖွေးဟာ သမ္မတကြီးထံ ပေးစာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သတင်းထောက်ရှေ့နေမလေး ခက်ခက်ခိုင်နေရာက ပါဝင်သရုပ် ဆောင်ထားပါတယ်။ ဒီဇာတ်ကားထဲမှာ ခက်ခက်ခိုင်ဟာ စိတ်ဓာတ်ဖြောင့်မတ်ပြီး အမှန်တရားကို ဇွဲရှိရှိ၊ သတ္တိရှိရှိနဲ့ ဖော်ထုတ်တတ်တဲ့ ကောင်မလေးအဖြစ်ပါဝင်သရုပ်ဆောင်တဲ့အကြောင်းကို မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

'' သတ္တိဆိုတာ ဖွေးသိထားတဲ့ သတ္တိအကြောင်းကိုပြောရမယ်ဆိုရင် အမေစုပြောတာရှိတယ်၊ သတ္တိဆိုတာ မွေးကတည်း မကြောက်တာ မဟုတ်ဘူး ကြောက်ကြောက် ကြောက်ကြောက် နဲ့ပဲ လုပ်သင့်တာ၊ ဖြစ်သင့်တာကို ပြောရဲဆိုရဲတာကို သတ္တိလို့ ခေါ်တယ်တဲ့။ အဲ့ဒီအတွက် ဖွေး လည်း သတ္တိတွေ အများကြီးမွေးပြီး ကြိုးစားထားပါတယ်'' လို့ သူကဆိုပါတယ်။

 

သမ္မတကြီးထံ ပေးစာ ရုပ်ရှင်ဇာတ်ကားကြီးဟာ ဆိုးရွားခဲ့တဲ့ အာဏာရှင်စနစ်ကြောင့် တရားရေး မဏ္ဍိုင် တိမ်းစောင်းခဲ့ပုံတွေကို ဒါရိုက်တာ ဝိုင်းက ရိုက်ကူးပုံဖော်ခဲ့တာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ရတဲ့ ကာရိုက်တာအပေါ် ဖွေးဖွေးရဲ့ ကြိုးစား အားထုတ် မှုတွေကို အောက်တိုဘာလ ၄ ရက်နေ့ ညက Junction City မှာ ပြုလုပ်တဲ့ သမ္မတကြီးထံ ပေးစာ ရုပ်ရှင်အထူးပွဲမှာ ဖြေဆိုခဲ့တာပါ။

'' ဖွေးဆို ၈၈ ခုနှစ်မှာ မွေးတာပေါ့နော်၊ ကိုယ်လည်းအဲ့ဒီလိုမျိုးကာလမှာ ကြီးပြင်းခဲ့တာပေါ့ အကြောက်တရားနဲ့ ကြီးပြင်းခဲ့ရတာပေါ့။ ဒီဇာတ်ကားကိုကျတော့ အရင်ခေတ်ကလည်း ဆင်ဆာမပေးခဲ့ဘူး၊ ဒီစကားလုံးတွေကိုလည်း ဆင်ဆာမပေးခဲ့ဘူး။ ကိုယ်အကြောက်တရားနဲ့ ကြီးခဲ့ရတဲ့ဟာတွေကို တက်နိုင်သလောက် မေ့ပြီးတော့ သတ္တိအရမ်းရှိလိုက်ရတာပေါ့။ အပြင်က ဖွေးဖွေးက အဲ့လောက် သတ္တိမရှိဘူးလေ။ ကာရိုက်တာအရတော့ သတ္တိအရမ်းရှိလိုက်ရတာပေါ့''လို့ သူကဆိုပါတယ်။

Photo: စိန်ဌေး

 

သမ္မတကြီးထံ ပေးစာ ရုပ်ရှင်ဇာတ်ကားကြီးကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာဝိုင်းက ပုံဖော်ရိုက်ကူးထားတာ ပါ။ ဒီဇာတ်ကားထဲမှာ အလင်းရောင်၊ ချမ်းမင်းရဲထွဋ်၊ အရိုင်း၊ ထွန်းထွန်းဝင်း၊ ဇော်ဦး၊ ဖွေးဖွေးနဲ့ မေဆူးမောင်တို့က အဓိက ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားကို အောက်တိုဘာလ ၁၉ ရက်နေ့က စပြီးရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

 

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ကို ရရှိခဲ့ပါတယ်။၂၀၁၅ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထာားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က