မာန်မာနမရှိပဲ သင်ပြပေးပါတယ်တဲ့။

ချမ်းမင်းရဲထွဋ်က ဖွေးဖွေးနဲ့ အတူတွဲသရုပ်ဆောင်ရတဲ့ သူ့ရဲ့ ခံစားချက်တွေကို ပြောပြလာပါတယ်။ မကြာခင်ရုံတင်ပြသတော့ မယ့် သမ္မတကြီး ထံပေးစာ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဖွေးဖွေးနဲ့အတူတွဲ သရုပ်ဆောင်ထားပါသေးတယ်။



 

မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုရရှိထားတဲ့ ချမ်းမင်းရဲထွဋ်ကိုတော့ ''သမ္မတကြီးထံ ပေးစာ'' ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာ ဖွေးဖွေးနဲ့ အပြိုင် သရုပ်ဆောင်ထားတာကို တွေ့ရမှာပါ။ သူဟာ ဖွေးဖွေးနဲ့ ပထမဆုံးအတူတွဲရိုက်ခွင့်ရတဲ့ ဇာတ်ကားကြီးဖြစ်ပြီး ဖွေးဖွေးကိုယ်တိုင် က လည်း မာန်မာနမရှိပဲ သေသေချာချာ သင်ကြားပြောပြလေ့ရှိတယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

'' အဓိက က မဖွေးက အရမ်းအသင်အပြကောင်းတယ်၊ လူငယ်အချင်းလည်းဖြစ်တော့ စကားပြောရတာအရမ်းအဆင်ပြေတယ်။ သူ့မှာ မာန် တွေ မာနတွေမရှိဘူး။ ဒါကလည်း ပထမဦးဆုံးတွေ့တဲ့ အတွေ့အကြုံကို ပြောပြတာပါ။ တကယ်ကိုတော်တဲ့ မင်းသမီးတစ်ယောက်ပါ'' လို့ သူက ဆိုပါတယ်။

 

ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဝိုင်းက ရိုက်ကူးပြီး အလင်းရောင်၊ ဖွေးဖွေးတို့လည်းပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အောင်မြင်တဲ့ အနုပညာရှင်တွေနဲ့ တွဲပြီးရိုက်ကူးရတဲ့ ဇာတ်ကားဖြစ်လို့လည်း အရမ်းကို ကြိုးစားအားထုတ်ခဲ့ရတယ်ဆိုတာကို အောက်တိုဘာလ ၄ ရက်နေ့ ညက Junction City မှာပြုလုပ်တဲ့ ''သမ္မတကြီးထံ ပေးစာ'' ရုပ်ရှင်အထူးပြပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' ကျွန်တော် ဒီဇာတ်ကားရိုက်တုန်းကဆို Stress အရမ်းရတာ။ အဲ့ဒါအပြင် မပီပြင်မှာကို အရမ်းကြောက်တာပေါ့နော်။ ကိုဝိုင်းကားဖြစ်တဲ့ အ တွက် ကြောင့်မို့လို့ သိတဲ့အတိုင်းပဲ ကိုဝိုင်းကားဆိုရင် လူတွေက ရုံပြည့်ရုံလျှံလာအားပေးကြတာ။ သူတို့က ကျွန်တော့်ကို ကြည့်လိုက်တဲ့ အချိန် မှာ ညံ့နေမယ်ဆိုရင် ကျွန်တော့်ကိုယ်ကျွန်တော် ယူကျုံးမရဖြစ်လိမ့်မယ်။ အဲ့ဒါကြောင့်မို့လို့ ခေါင်းစားခံပြီးတော့ကို  ကြိုးစားထားတာပါ'' လို့ ဆိုပါတယ်။

ပရိသတ်တွေနဲ့အတူ စတုဒီသာအလှူလုပ်မယ်ဆိုတဲ့ ချမ်းမင်းရဲထွဋ်  

 

ချမ်းမင်းရဲထွဋ်ဟာ သမ္မတကြီးထံ ပေးစာ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကွင်းပေါ်မှာလည်း သရုပ်ဆောင် ဖွေးဖွေးဆီကနေ သင်ယူခဲ့ရတာတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။ နာမည်ကျော် မင်းသား၊ မင်းသမီးတွေရဲ့ နေ့စဉ်နေထိုင်မှု ဘဝတွေ အကြောင်းကိုလည်း အနီးကပ်လေ့လာ ခွင့်ရခဲ့တယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

'' အဓိက ကတော့ မဖွေးဆီက အနုပညာအရည်အချင်းဆိုတာထက် အနုပညာသမားတစ်ယောက် ရှိသင့်တဲ့ စိတ်တွေ၊ မင်းသားတစ်ယောက်၊ မင်းသမီးတစ်ယောက် Daily Life မှာ ဘယ်လိုနေထိုင်သလဲဆိုတာကို အနီးကပ်မြင်ခွင့်ရခဲ့တယ်။ ပြီးတော့ ကျွန်တော့်ဘဝမှာ အရမ်းနာမည် ကြီးတဲ့ မင်းသား၊ မင်းသမီးနဲ့ ပထမဆုံးတွဲပြီးသရုပ်ဆောင်ရတာ ကလည်း ဒီဇာတ်ကားပဲ။ အဲ့ဒီအချိန်မှာ မဖွေးက ကျွန်တော့်ကို ဘယ်လို နေထိုင် ရမယ်ဆိုတာကို ရှုတင်မှာ ပြောပြ ဆုံးမလေ့ရှိပါတယ်'' လို့ ဆိုပါတယ်။

 

သမ္မတကြီးထံ ပေးစာ ရုပ်ရှင်ဇာတ်ကားကြီးကို အောက်တိုဘာလ ၁၉ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ အလင်းရောင်၊ ချမ်းမင်းရဲထွဋ်၊ အရိုင်း၊ ဖွေးဖွေး၊ မေဆူးမောင် တို့က အဓိက ပါဝင်သရုပ် ဆောင်ထားပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ဝိုင်းက အကောင်းဆုံးရိုက်ကူးပုံဖော်ထားတာပါ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က