ချစ်စနိုးနဲ့ ညီမလေးလို့ ခေါ်တာတဲ့။

"အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပေ့ါ အကုန်လုံးက ကိုယ့်ဘဝနဲ့ ကိုယ့် အခက်အခဲတွေ ရှိကြတယ်။ တစ်ယောက်စိတ်ဓာတ်ကျရင် တစ်ယောက် အား ပေးတယ်။ တစ်ယောက်ထိရင်လည်း တစ်ယောက်မခံနိုင်ကြဘူး။အရမ်း ချစ်ကြတဲ့ သူငယ်ချင်းတွေလို့ ပြော လို့ရတယ်"



Photo : တိုင်ရွန် FB

 

မော်ဒယ်သရုပ်ဆောင် တိုင်ရွန်နဲ့ ဟိန်းမင်းသူတို့ဟာ အရမ်းကို ချစ်ကြတဲ့ သူငယ်ချင်းအရင်းကြီးတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဟိန်းမင်းသူ ကတော့ သူ့အထက် အသက်ပိုငယ်သလို အမြဲတမ်း ဂျီကျ တတ်တဲ့ ကောင်လေး တစ်ယောက်ဖြစ်တယ်လို့ တိုင်ရွန်က ဆိုပါတယ်။

"အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပေ့ါ အကုန်လုံးက ကိုယ့်ဘဝနဲ့ ကိုယ့် အခက်အခဲတွေ ရှိကြတယ်။ တစ်ယောက်စိတ်ဓာတ်ကျရင်တစ်ယောက် အား ပေးတယ်။ တစ်ယောက်ထိရင်လည်း တစ်ယောက်မခံနိုင်ကြဘူး။အရမ်း ချစ်ကြတဲ့ သူငယ်ချင်းတွေလို့ ပြောလို့ရတယ်။ ဟိန်းမင်းသူ ကိုတော့ စနေကြ ညီမလေး ညီမလေး ဆိုပြီး ။သူက စိတ်ပျော့ တယ်။ အသက်လည်း ကျွန်တော်တို့ထက် ပိုငယ်တယ်။ တစ်ခုခုဆို အမြဲတမ်း ဂျီကျတတ်တယ်။ "လို့ အောက်တိုဘာ(၁၃) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားမှာ Duwun Media သို့ ဖြေဆိုပေး ခဲ့တာ ဖြစ်ပါတယ်။

Photo : တိုင်ရွန် FB

 

ဟိန်းမင်းသူတစ်ယောက် အိပ်ဆေးတွေ အလွန်အကျွံသောက်တာနဲ့ ပတ်သက်ပြီးတော့လည်း သူ့အနေနဲ့ စိတ်မကောင်းဖြစ်ခဲ့သလို ဖေ့စ်ဘွတ် ပေါ်က ကောမန့်လေးတွေကို လိုက်ပြီး မခံစားဖို့ကိုလည်း အားပေးစကား ပြောပြခဲ့ပါသေးတယ်။

"အဲ့အတွက် ဒီလိုမျိုး ဖြစ်သွားတယ်။ နောက်ပြီးတော့ အိမ်နဲ့လည်း ပြဿနာတတ်တော့ ဒီလိုမျိုးဖြစ်သွားခဲ့တဲ့အပေါ် စိတ်မကောင်းဘူးပေ့ါ။ အကောင်းဆုံး ကြိုးစားနေရင်းနဲ့ အထင်အမြင်တွေ အလွဲခံရတယ်။ အတွင်းရေးတွေ ဖောက်ချခံရတယ်ဆိုတော့ စိတ်မကောင်းဖြစ်မိတယ်။ သူက ရှင်းပြလို့ မရတဲ့ ကိစ္စတွေ အများကြီးဖြစ်သွားတယ်။ လူများ အထင်အမြင်လွဲစရာ ကိစ္စတွေ အများကြီးဖြစ်သွားတယ်။ ဒါလေး ကရှင်းပြ လို့ မရတဲ့ အပိုင်းလေးတွေ ရှိတယ်။ ရှင်းပြလေ ပိုရှုပ်လေ အပိုင်းလေးတွေ ရှိတော့ သူ့အနေနဲ့ ဒိလိုမျိုးတော့ ထပ်မလုပ်စေချင်ဘူး။ ကျွန်တော် တို့ကတော့ နည်းနည်း ကိုယ့်ကိုယ်အကောင်းဆုံးတော့  တည်ဆောက်ထားတာလေ။ဖေ့စ်ဘွတ်ပေါ်က ကောမန့်လေးတွေ ကိုလိုက်ပြီး မခံစားပါနဲ့" ဆိုပြီး အားပေးစကားပြောခဲ့ပါတယ်။

Photo : တိုင်ရွန် FB

အရေးပေါ် ဆေးကုသမှု ခံယူနေရတဲ့ ဟိန်းမင်းသူ 

ဆက်လက်ပြီးတော့လည်း ဟိန်းမင်းသူတစ်ယောက် အနုပညာအလုပ်တွေ ကြိုးစားပြီး မြန်မာတစ်ပြည်လုံး အတိုင်းအတာနဲ့ ပေါက်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်အောင် ကြိုးစားဖို့ကိုလည်း ပြောပြခဲ့ပါသေးတယ်။

"ကိုယ်တစ်ကယ် အနုပညာအလုပ်ကို ကြိုးစားပါ။ မြန်မာတစ်ပြည်လုံး အတိုင်းအတာနဲ့ ပေါက်တဲ့ အနုပညာရှင် တစ်ယောက် ဖြစ်အောင် ကြိုးစားပါလို့ ဒိလူမှုကွန်ယက် ပေါ် က စာလေးတွေကို ဂရုမစိုက်ပဲနဲ့ ကောင်းတာလေးတွေကယူလိုက် မကောင်းတာလေးတွေကို သိပ်ပြီး စိတ်ထဲမထားနဲ့။ ပြန်ပြီး နေမြန်မြန်ပြန်ကောင်းပြီး  သီချင်းတွေ အများကြီး ရေးနိုင်ပါစေလို့ ဒီက နေဆုတောင်းပေးလိုက်ပါတယ်"ဆိုပြီး ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : တိုင်ရွန် FB

တိုင်ရွန်ဟာ လက်ရှိမှာပြသလျက်ရှိတဲ့"မနေ့ကဖြစ်သည်" Season 2 မှာ ခန့်ထည်ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိနေသူတစ်ဦးလည်းဖြစ်ပါတယ်။ တိုင်ရွန့်ကို ပရိသတ်တွေက မော်ဒယ်တစ်ယောက်အနေနဲ့ စတင်သိခဲ့ တာဖြစ်ပါတယ်။ အခု ဆိုရင် တော့ အနုပညာအလုပ်တွေ ပိုလုပ်လာရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရပြီလို့ သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က