တကယ်ကို လေးစားရပါတယ်။

သက်မွန်မြင့်ကတော့ သူငယ်ချင်းဖြစ်သူ နေတိုးရဲ့ အကြောင်းတွေကို အခုလို ပြောပြလာပါတယ်။ ညီတစ်ယောက်လုံး ဆုံးရှုံး လိုက် ရတဲ့ နေတိုး က အမေဖြစ်သူအတွက် ရပ်တည်ပေးနေရတာကြောင့် သူ့ရဲ့ ခံစားချက်တွေ ထိန်းချုပ်နိုင်မှု အပေါ်မှာလည်း လေးစားအားကျရတယ်လို့ ဆိုပါတယ်။



 

သက်မွန်မြင့်နဲ့ နေတိုး တို့ဟာ အရမ်းကို ရင်းနှီးချစ်ခင်ကြတဲ့ အနုပညာသူငယ်ချင်းတွေ ဖြစ်ပါတယ်။ မကြာခင်က ညီဖြစ်သူ မင်းသွေးကို ဆုံးရှုံး လိုက်ရတဲ့ နေတိုးက ဝမ်းနည်းပူဆွေးမှုတွေကို ထိန်းချုပ်နိုင်တဲ့သူဖြစ်တာကြောင့် အရမ်းကို လေးစားရတဲ့သူ ဖြစ်တဲ့အကြောင်းကို သက်မွန်မြင့် က Duwun Media ကနေ တဆင့်ပြောပြခဲ့ပါတယ်။

'' ကိုယ်တွေဆို မင်းသွေးနဲ့ဆို ဖက်လဲတစ်ကင်းကြီးတော့ မဟုတ်ဘူး။ Close တော့ဖြစ်တယ် အမြဲဆက်သွယ်နေကြသူတွေ မဟုတ်ဘူး။ တွေ့ကြ တဲ့ အခါ စကြ နောက်ကြတယ်။ အရမ်းရင်းနှီးတယ်။ အဲ့ဒါတောင်မှ ကိုယ်ဆို ရူးမလိုပဲ တကယ်ကြီးလား ဖြစ်နေပြီးတော့ မျက်ရည် တတောက် တောက် ကျနေတာ။ သူကတော့ မျက်ရည် တစ်စက်မှ မကျဘူး ကိုယ်တွေဆို ဘာပြောရမလဲ မသိဘူး။ သူ အများကြီး တည်ငြိမ်တော့ အားကျ တယ်''လို့ ဆိုပါတယ်။

Photo: သက်မွန်မြင့်ဖေ့စ်ဘွတ်

 

သက်မွန်မြင့်က မင်းသွေး သေဆုံးသွားတဲ့ မနက်မှာပဲ နေတိုးတို့အိမ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူ မင်းသွေးကြောင့် ဝမ်းနည်းခံစားနေရတဲ့ သက်မွန်မြင့်ကို နေတိုးက တည်တည်ငြိမ်ငြိမ်နဲ့ ပဲ ပြန်ပြီးတော့ နှစ်သိမ့်ပေးခဲ့တယ် ဆိုတာကို အောက်တိုဘာလ ၁၅ ရက်နေ့ မနက်က အောင်ဇဗ္မူတောရ ရိပ်သာမှာ ပြုလုပ်တဲ့ နေတိုး ဘုန်းကြီးဝတ်တဲ့ အချိန်မှာ ပြောပြခဲ့တာဖြစ်ပါတယ်။

'' သက်မွန်က ငိုနေတာ သူက နှစ်သိမ့်ရတယ်။ သူ့ကို ကြည့်လိုက်တဲ့ အချိန်မှာလည်း ချုပ်ထိန်းနိုင်တယ်ပေါ့နော်။ အဓိက က အမေ အတွက် လည်း ပါတာပေါ့လေ။ အမေက အရမ်းကြေကွဲနေတော့ သားတစ်ယောက်အနေနဲ့ ရပ်တည်ရတာပေါ့နော်။ တကယ်လည်း လေးစားတယ်။ တကယ်လည်း ချီးကျူးတယ် ဒီလောက်အထိ'' လို့ ဆက်လက်ပြောပြလာပါတယ်။

 

သက်မွန်မြင့်ရဲ့ အားသာချက်တွေကို ပြောလာတဲ့ နေတိုး 

သက်မွန်မြင့်နဲ့ နေတိုး တို့က ဇာတ်ကားရိုက်ကူးမှုတွေမှာသာမက အပြင်မှာလည်း ရင်းရင်းနှီးနှီး ပေါင်းသင်းကြတဲ့ သူငယ်ချင်းတွေဖြစ်တာ ကြောင့် တစ်ယောက်အကြောင်းကို တစ်ယောက် သိနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နေတိုးရဲ့ အကြောင်းတွေကို သက်မွန်မြင့်က အခုလို ပြောပြလာပါသေးတယ်။

'' တော်တော်အေးတယ်၊ တော်တော် တည်ငြိမ်တယ်။ ဘာမှ ခံစားချက်မရှိသလိုပဲ။ သူ့ခံစားချက်တွေကို သူ  အမြဲတမ်း တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနိုင်တယ်။ ကိုယ်တွေကျတော့ အဲ့ဒီလို မဟုတ်ဘူး။ ခံစားလွယ်တယ်။ ပေါက်ကွဲလွယ်တယ်။ သူကတော့ အရာအားလုံးက အေးအေး ဆေးဆေးပဲ စကားပြောရင်တောင် လိုသလောက်ပဲ ပြောတယ်။ သူတွေးတာ ခေါ်တာကအစ အနုပညာကိုအရမ်း ရူးသွပ်သူပါ အချင်း ချင်း မှာတောင် လေးစားရတဲ့သူ ကိုယ့်ရဲ့ Idol လို့တောင် ပြောလို့ရပါတယ်'' လို့ သူကဆိုပါတယ်။

Photo: သက်မွန်မြင့်ဖေ့စ်ဘွတ်

 

နေတိုးနဲ့ သက်မွန်မြင့်တို့ဟာမကြာခင်က "ချည်" ဆိုတဲ့ ဇာတ်ကားလေးကိုအတူတူရိုက်ကူးပြီးခဲ့ပါပြီ။ အခုလက်ရှိမှာလည်း ရုပ်ရှင် ဇာတ်ကား ကြီးတွေ အတူတူ ရိုက်ကူးနေတာဖြစ်ပါတယ်။ လက်ရှိ အနုပညာခရီးလမ်းမှာ အောင်မြင်လျှက်ရှိပြီး ပရိသတ် အားပေးမှု အခိုင်အမာရရှိထား သူတွေဖြစ်ပါ တယ်။ သူတို့နှစ်ယောက်ဆုံပြီး ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းကလည်း ပရိသတ် ကြိုက်နှစ်သက်တဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က