သူငယ်ချင်းတွေ ဘယ်လိုတွေတောင် ပျော်နေလဲ ကြည့်လိုက်နော်။

ဇူလိုင်(၂၃) ရက်နေ့မှာ ကျရောက်တဲ့ သက်မွန်မြင့်ရဲ့ မွေးနေ့မှာ သူငယ်ချင်းဖြစ်သူ နေတိုးက မွေးနေ့ Surprise လေးလုပ် ပေး ခဲ့ပါတယ်။ ဇာတ်ကားအတူတူရိုက်ကူးနေကြတဲ့ သူငယ်ချင်းအတွက် မွေးနေ့Surprsie လုပ်ပေးခဲ့တဲ့ မြင်ကွင်းလေးက မြင်ရတဲ့ ပရိသတ်တွေအဖို့ တကယ့်ကို ကြည်နူးဖို့ ကောင်းလှပါတယ်။ပရိသတ်တွေအတွက် ဗီဒီယိုဖိုင်လေးလည်း ထည့်ပေးထားတယ်နော်။



Photo : ခင်စန္ဒာမြင့် FB

ဒီနေ့ (ဇူလိုင်၂၃ရက်)က သရုပ်ဆောင် သက်မွန်မြင့်ရဲ့ မွေးနေ့ပါ။ သက်မွန်မြင့်ဟာ  မွေးနေ့မှာ မိသားစုနဲ့အတူတူမရှိနိုင်ပေမယ့်လည်း သူမရဲ့ မွေးနေ့လေးကို မှတ်မှတ်ရရနဲ့ သူငယ်ချင်းဖြစ်သူ နေတိုးက မွေးနေ့ Surprise လေး လုပ်ခဲ့ပေးတာ တွေ့ရပါတယ်။

ဇာတ်ကားအတူတူရိုက်ကူးနေကြတဲ့ သူငယ်ချင်းအတွက် မွေးနေ့Surprsie လုပ်ပေးခဲ့တဲ့ မြင်ကွင်းလေးက မြင်ရတဲ့ ပရိသတ်တွေအဖို့ တကယ့်ကို ကြည်နူးဖို့ ကောင်းလှပါတယ်။

 

သက်မွန်ဟာ သူမရဲ့ မွေးနေ့လေးမှာ မွေးနေ့မရောင်ခင်အချိန်ကာလအတွင်း ခံစားခဲ့ရတဲ့ ခံစားချက်တချို့ကို ပရိသတ်တွေ သိအောင် ပြောပြထားပါတယ်။

"ဒီနှစ် 2018 ကစလို့ ဒီမွေးနေ့မတိုင်ခင်ထိ ရင်ဆိုင်ခဲ့ရတဲ့ အဆိုးအကောင်းတွေက သိပ်ကိုပြင်းထန်ခဲ့ပါတယ်.။ ဒါက ကျွန်မကိုပိုပြီး လူပီသစေ ပါတယ်။ပိုပြီး အတွေ့အကြုံတွေနဲ့ ရင့်ကျက်စေပါတယ်.. ပို သတ္တိရှိစေပါတယ်.. ပိုကြိုးစားရပါတယ်.. ကိုယ်ယူချင်လို့ ယူထားရတဲ့တာဝန်တွေ တွက် တွန်းအားတွေပါပဲ။သေချာတာ လောကဓံနဲ့ စစ်တိုက်ရတဲ့ခါ ကျွန်မတစ်နှစ်ထက်တစ်နှစ် ပိုသတ္တိရှိစွာ ရင်ဆိုင်နိုင်လာတယ် အဲ့တွက် ကျေနပ်တယ်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်လေမှာ ဇူလိုင်(၂၃) ရက်နေ့ ရေးသားထားတာတွေ့ရပါတယ်။

Photo : ခင်စန္ဒာမြင့် FB

လူမှုကွန်ယက်ပေါ်က ဓာတ်ပုံတွေအကြောင်းဖြေရှင်းလိုက်တဲ့ နေတိုး

နေတိုးနဲ့ သက်မွန်မြင့်တို့ဟာ "ချည်" ဆိုတဲ့ ဇာတ်ကားလေးကို အတူတူရိုက်ကူးနေတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ လက်ရှိ အနုပညာခရီးလမ်းမှာ အောင်မြင်နေတဲ့ အနုပညာရှင်နှစ်ဦးလည်း ဖြစ်သလို ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူနှစ်ယောက် ဖြစ်ပါ တယ်။ သူမတို့နှစ်ယောက်ဆုံပြီး ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းလိုလိုဟာလည်း ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။

တကယ့်လို လိုက်ဖက်ညီတဲ့ အနုပညာမောင်နှမတွေလည်း ဖြစ်ပါတယ်။ သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အား ပေးမှု  ရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ " အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၆ခုနှစ်မှာ "ချစ်လှစွာသောအမုန်း" တို့နဲ့ အကယ်ဒမီဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Photo : ခင်စန္ဒာမြင့် FB

ကျရာဇာတ်ရုပ်တိုုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ယောက်ဖြစ်လာတဲ့ နေတိုးကတော့ ၂၀၀၉ခုနှစ်မှာ "မိုးညအိမ်မက်မြူ" ရုပ်ရှင် ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။

၂၀၁၅ခုနှစ်မှာတော့ နက္ခတ်မှားတဲ့တိုက်ပွဲ ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၇ခုနှစ်မှာ "တာတေကြီး" ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ နေတိုးဟာ အနုပညာအရည်အသွေးပြည့်ဝတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက်အဖြစ် သရုပ်ဆောင် လောကမှာ အောင်မြင်စွာ ရပ်တည်နေနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က