သူကတော့ လူမုန်းခံရတဲ့ သူတစ်ယောက်ပါတဲ့။

သရုပ်ဆောင် အောင်ခိုင်နဲ့ ဝါဝါအောင်တို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ ပရိသတ်အားပေးမှု ရရှိထားကြသူတွေ ဖြစ်ပါတယ်။ ဇနီး ဖြစ်သူကို ပို အားပေးကြတဲ့ ပရိသတ်တွေရှိလို့လည်း ပိုဝမ်းသာမိတယ်လို့ ဦးအောင်ခိုင်က ပြောပါတယ်။

Photo: အောင်ခိုင်ဖေ့စ်ဘွတ်

 

လူကြမ်းသရုပ်ဆောင် အောင်ခိုင်နဲ့ ဇာတ်ပို့ သရုပ်ဆောင် ဝါဝါအောင် တို့ကိုတော့ အခုချိန်ထိ အားပေးချစ်ခင်ကြတဲ့ ပရိသတ်များစွာရှိပါတယ်။ ဒါပေမယ့် ဇနီးဖြစ်သူ ဝါဝါအောင်ကို ချစ်ကြ၊ အားပေးကြတဲ့ ပရိသတ်တွေရှိတာကြောင့်လည်း ပိုပြီးတော့ ဝမ်းသာရတယ်လို့ ဦးအောင်ခိုင်က မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။

'' ဦးအောင်ခိုင်နဲ့ အန်တီဝါက အနုပညာသမားတွေဖြစ်တဲ့အတွက် အနုပညာသမားတွေကို ချစ်တဲ့သူလည်း ရှိတယ်၊ ပြီးတော့ အန်တီဝါ့ကို ပိုပြီး ချစ်တဲ့သူတွေ ရှိတော့လည်း ဦးအောင်ခိုင်က ပိုပြီးတော့ ဝမ်းသာတယ်။ ဦးအောင်ခိုင်တို့ လုပ်နေရတဲ့အလုပ်က ပရိသတ်အမုန်းခံနေရတဲ့ အလုပ်ဖြစ်တဲ့အတွက် မုန်းတဲ့လူတွေက များပါတယ်'' လို့ ဆိုပါတယ်။

Photo: အောင်ခိုင်ဖေ့စ်ဘွတ်

 

အောင်ခိုင်ဟာ လူကြမ်းသရုပ်ဆောင် ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ မုန်းတီးခြင်းကို အမြဲခံရတတ်တဲ့သူမျိုးဖြစ်ပါတယ်။ ဒီလို မုန်းတီးခြင်း တွေနဲ့ ပြောလာခဲ့တဲ့ Commentတွေအပေါ်မှာလည်း စိတ်မဆိုးတတ်ဘူး ဆိုတာကို အောက်တိုဘာလ ၁၁ ရက်နေ့ညက Junction City မှာ ပြု လုပ်ခဲ့တဲ့ တော်တော်ဖြစ်နေလား ရုပ်ရှင်အထူးပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' ဒါပေမယ့် မုန်းတဲ့လူ များလေ ဦးအောင်ခိုင်တို့ က အောင်မြင်လေပါပဲ။ ဦးအောင်ခိုင်တို့ ဇာတ်ရုပ်က ပရိသတ်မုန်းအောင် လုပ်ရတဲ့ ဇာတ်ရုပ် ဖြစ်တဲ့ အတွက် ပီပြင်အောင် လုပ်ရတာဖြစ်ပါတယ်။ တချို့ Comment တွေမှာ တွေ့ပါတယ် အောင်ခိုင်ကြီးကို မြင်ရင် ဟိုအခန်းပဲ သတိရ တယ်တို့ ဘယ်အခန်းမှန်းလည်း မသိပါဘူး။ ဒါပေမယ့်လည်း ဦးအောင်ခိုင်က စိတ်မဆိုးပါဘူး'' လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: အောင်ခိုင်ဖေ့စ်ဘွတ်

ခင်ပွန်းဖြစ်သူ ကားမောင်းတဲ့အပေါ် တစ်နှစ်ပတ်လုံးစိတ်ညစ်ခဲ့ရတယ်ဆိုတဲ့ ဝါဝါအောင် 

သရုပ်ဆောင်အကယ်ဒမီဆုရှင်တွေဖြစ်ကြတဲ့ အောင်ခိုင်နဲ့ ဝါဝါအောင်တို့ကတော့ အရမ်းကိုချစ်ကြတဲ့ အနုပညာရှင်စုံတွဲတစ်တွဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို တစ်ယောက်နဲ့ တစ်ယောက်ဖေးမကူညီဆောင်ရွက်နေကြတာလည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကား ကြီး တွေ အတူတူ ရိုက်ကူးနေတာကို တွေ့ရပါတယ်။

Photo: အောင်ခိုင်ဖေ့စ်ဘွတ်

 

ဦးအောင်ခိုင်ကတော့ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေတာကို တွေ့ရပါတယ်။ အဲ့ဒီနောက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှာလည်း အမှုဆောင် တစ်ဦးအနေနဲ့ ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲ့ဒီနောက် ရုပ်ရှင်နဲ့ ဗီဒီယို လူကြမ်းသရုပ်ဆောင် တွေဖွဲ့စည်းထားတဲ့ ကိုလူချော အဖွဲ့မှာလည်း ဥက္ကဌတစ်ဦးအနေနဲ့ တာဝန်ယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က