အခုဆို အသက် ၃၀ ရှိပြီ။

အသက် ၂၈ နှစ်ကတည်းက အပျိုကြီးလို့ အခေါ်ခံခဲ့ရတဲ့ သင်ဇာဝင့်ကျော်က ဒီနှစ် သီတင်းကျွတ်မှာလည်း အပျိုကြီးဆိုတဲ့ ဂုဏ် ပုဒ်ကို ထိန်း သိမ်း ထားတုန်းပါပဲ။ အိမ်ထောင်ပြုသင့်ပြီဆိုတဲ့ စကားတွေကိုလည်း နားမယောင်ဘူးလို့ဆိုပါတယ်။



 

သင်ဇာဝင့်ကျော်တစ်ယောက် သီတင်းကျွတ်ပြီ အပျိုကြီးဘဝက မကျွတ်သေးဘူးလားလို့ မေးနေကြသူတွေကို အခုလို တုံ့ပြန်စကားပြောခဲ့ပါ တယ်။ သူမ အနေနဲ့ အချစ်တွေအများကြီး ပိုင်ဆိုင်ထားရင်း အပျိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်းထားတယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

'' မေးနေကြတာပဲ လူတွေကတော့ နှစ်တိုင်းပေါ့။ ဒါပေမယ့် ကိုယ်က သူများတွေ စကားနားမယောင်ပဲနဲ့ ဒီနေ့ ဒီအချိန်အထိ ရပ်တည်နေတာ ပေါ့နော်။ ယူမယ့် သူတွေကိုလည်း ပြောချင်ပါတယ် သေချာ စဉ်းစားချင့်ချိန်ပြီး ယူကြပါလို့။ အချစ်တွေကတော့ ရှိတယ်၊ ချစ်တဲ့ ပရိသတ် ရှိတယ်၊ မိသားစု ရှိတယ်၊ သူငယ်ချင်းတွေရှိတယ် အချစ်တွေကတော့ အများကြီးရှိတာပေါ့''  လို့ သူကဆိုပါတယ်။

 

သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ အသက် ၃၀ အရွယ် ရောက်လို့နေပါပြီ။ သူမဟာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ် ပါတယ်။ မကြာသေးခင်ကလည်း ချစ်သူနဲ့ လမ်းခွဲ ခဲ့တာကြောင့် အခုဆိုရင်တော့ သူ့ရဲ့ အချစ်ရေးက တစ်ယောက်တည်းဖြစ်နေပြီလို့ သိရပါတယ်။ Single ဖြစ်နေတဲ့ သင်ဇာကတော့ သူ့ကို နားလည်ပေးနိုင်မယ့် ချစ်သူကိုတော့ ရွေးချယ်နေတုန်းပဲ လို့ ဆိုပါတယ်။

'' ရွေးနေတုန်းဆိုတာကတော့ အမြဲတမ်း ရွေးနေရတာပဲလေ၊ ဘာကြောင့်လဲ ဆိုတော့ ရွေးချယ်စရာတွေက အများကြီးပေါ်ပေါ်လာတာကို။ အပျိုကြီးလို့ အခေါ်ခံရတာပေါ့ အသက် ၂၈ နှစ်ကတည်းက အပျိုကြီးလို့ အခေါ်ခံရတာ။ အခု ၃၀ ရောက်ပြီဆိုတော့ ပိုတောင် အခေါ်ခံရသေး တယ်'' ဆိုတာကို အောက်တိုဘာလ ၂၅ ရက်နေ့က လျှို့ဝှက်စာတမ်း ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

 

ဘယ်သူက ဘယ်လိုပဲ အပျိုကြီးလို့ ခေါ်ပါစေ ကိုယ်တိုင်က အိမ်ထောင်ပြုသင့်ပြီ ဆိုတဲ့ အချိန်ရောက်မှသာ သေသေချာချာရွေးချယ် ဖြစ်မယ် လို့ သင်ဇာဝင့်ကျော်က ဆက်လက်ပြောပြလာပါတယ်။ လူတိုင်းပြောနေကြတဲ့ အိမ်ထောင်ပြုသင့်ပြီ ဆိုတဲ့ စကားကြောင့်တော့ အိမ်ထောင် မပြုဘူးလို့ ဆိုပါတယ်။

'' ဒါပေမယ့်လေ လူတိုင်းက အိမ်ထောင်ပြုသင့်ပြီ ယူတော့လေ ဆိုတဲ့ စကားတစ်ခုတည်းနဲ့တော့ သင်ဇာက အိမ်ထောင်မပြုချင်ဘူး။ ကိုယ့်ဘဝ အတွက်အဆင်ပြေတဲ့အချိန်၊ ရွေးချယ်သင့်တဲ့အချိန်၊ ယူသင့်တဲ့ အချိန်ကျမှသာ သင်ဇာယူမှာပါ။ ဘယ်သူကပဲ ဖြစ်ဖြစ် အပျိုကြီးလို့ပဲ ပြောပြော၊ အပျိုကြီးလို့ပဲ ခေါ်ခေါ် ဂုဏ်ယူတယ်'' လို့ သူကပြောပါတယ်။

Photo: သင်ဇာဝင့်ကျော်ဖေ့စ်ဘွတ်



သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သင်ဇာဝင့်ကျော်ကတော့ နောက်ပိုင်း မှာသူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အနုပညာ လှုပ်ရှား မှုတွေ ဆက်တိုက်လုပ်ကိုင်လျက် ရှိပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က