ကျန်းမာရေး သံတမန် ကျင့်ဝတ်နဲ့ ညှိစွန်းခဲ့တာမရှိပါဘူး။

ပိုင်ဖြိုးသုကတော့ မီရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ဆေးပညာအသိုင်းအဝိုင်းက ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီကိစ္စ နဲ့ ပတ်သက်ပြီး ကျန်းမာရေး သံတမန်ရာထူးက ရပ်ဆိုင်းသွားမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။



 

ပိုင်ဖြိုးသု အနေနဲ့ ကျန်းမာရေး သံတမန် တစ်ယောက်ဖြစ်တဲ့အတွက် လက်ရှိ ရုံတင်ပြသလျှက်ရှိတဲ့ မီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မီရဲ့ ဇာ တ်ကောင် ကာရိုက်တာအဖြစ် ဆေးလိပ်ခဏခဏ သောက်ရတဲ့ဇာတ်ဝင် ခန်းတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေဖန်မှု တွေ ရှိခဲ့ပါတယ်။ ယင်းကိစ္စနဲ့ ပတ်သက်ပြီး နိုဝင်ဘာ(၁၃) ရက်နေ့ နေ့လည်(၁)နာရီက ရန်ကုန်မြို့ ၊ အနောက်မျဥ်းပြိုင်ကွင်းနားတွင် ရှိတဲ့ "ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရုံးမှာ စာနယ်ဇင်းပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာနနဲ့"မီ" ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်ရေး က ထုတ်လုပ်သူများ၊ သရုပ်ဆောင်များကလည်း တက်ရောက်လာခဲ့ပါတယ်။ ပိုင်ဖြိုးသုကို ကျန်းမာရေး သံတမန်အဖြစ် ရုပ်သိမ်းသွားမှာမဟုတ်တဲ့အကြောင်းကို ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာထွန်းမြင့်က မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။

'' သူကလည်း ကျန်းမာရေးအတွက် သံတမန်အဖြစ်ဆောင်ရွက်ပေးနေတာ။ ဆရာတို့ဘက်ကလည်း သံတမန်ရဲ့ တာဝန် ဝတ္တရားလေးတွေ ရှင်းပြဖို့လိုတယ်။ သူတို့ကလည်း ဆေးလိပ်သောက်တာကို Promot လုပ်တာမဟုတ်ပါဘူးဆိုတာကိုလည်း ဇာတ်ကားထုတ်လုပ်သူဘက် က ရော၊ သရုပ်ဆောင်ဘက်ကရော ရှင်းပြတယ်။ သူကိုယ်တိုင်က မချိုးဖောက်တဲ့အတွက် ဒီလို စာနယ်ဇင်းပွဲလုပ်ပေးတာပါ။ တကယ်လို့ ချိုးဖောက်တယ် ဆိုရင် သံတမန်အဖြစ်က ရပ်စဲပြီးဖြစ်မှာပါ'' လို့ ဆိုပါတယ်။

 

ပိုင်ဖြိုးသု ကိုယ်တိုင်ကလည်း သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး ငွေရေးကြေးရေး မက်မောတယ်လို့ ဝေဖန်မှုတွေ ရှိလာတဲ့အပေါ် အခုလို ရှင်းလင်းပြောပြထားပါတယ်။ အဲ့ဒီနောက် ဆရာမကြီး ကြည်အေးရဲ့ မီ ကာရိုက်တာ ပီပြင်ဖို့အတွက် ကြိုးစားခဲ့ရတဲ့အကြောင်းကိုလည်း နိုဝင် ဘာလ ၁၃ ရက်နေ့ နေ့လည်ပိုင်းက စာနယ်ဇင်းရှင်းလင်းပွဲမှာ မီဒီယာတွေကို ဖြေဆိုခဲ့တာပါ။

'' သုသု မီ ဇာတ်ကားရိုက်နေတဲ့အချိန်မှာ သုသုစိတ်ထဲမှာ မီဖြစ်ဖို့ ၊ ဆရာမကြီး ကြည်အေးရဲ့ မီဖြစ်ဖို့ဆိုတဲ့ စိတ်တစ်ခုပဲ ရှိခဲ့တယ်။ အဲ့ဒီ ဇာတ် ကောင်ပေါ်မှာပဲ သစ္စာရှိစွာနဲ့ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ အဲ့ဒီအတွက် အပြောခံရတာလည်း စိတ်မကောင်းပါဘူး။ သုသုဘဝမှာ ငွေဆိုတာ ကို ဘယ်တော့မှ ထည့်မတွက်ခဲ့ပါဘူး။ သရုပ်ဆောင်တွေအားလုံးကလည်း ကိုယ်သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်ကို အပီပြင်ဆုံးဖြစ်အောင် လုပ်တာပါ'' လို့ ဆက်လက်ပြောပြလာပါတယ်။

ခင်ပွန်းလောင်းရဲ့ နားလည်သိတတ်မှုတွေကိုပြောလာတဲ့ ပိုင်ဖြိုးသု 

မီရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ပရိသတ်အားပေးမှု အများကြီး ရရှိပိုင်ဆိုင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား ကြီးကို ဗစ်တိုးရီးယား ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ဏကြီးက ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

 

မီ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် နေတိုး၊ သားညီ၊ ရဲအောင်၊ မင်းဦး၊ အောင်ရဲထိုက် နဲ့ ပိုင်ဖြိုးသု တို့က အဓိက ပါဝင်သရုပ်ဆောင်သွား မှာဖြစ်ပါ တယ်။ ဒီဇာတ်ကားကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ အတွင်းက ရိုက်ကူးထားတာဖြစ်ပြီး ရိုက်ကွင်းနေရာကိုတော့ ရန်ကုန်၊ ပြင်ဦးလွင် နဲ့ ဖိုးကျား ဆင်စခန်းတို့မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က