နိုင်ငံတစ်ခု တိုးတက်ဖို့ဆိုတာ စနစ်ကောင်းဖို့လိုပါတယ်။

ထွန်းအိန္ဒြာဗိုက ဖိုးလပြည့်ရဲ့ Tonight I'm loving you သီချင်းထဲမှာ ပါဝင်သရုပ်ဆောင်ဖို့ လက်ခံဖြစ်ခဲ့တဲ့ အကြောင်းကို ပြောပြလာပါတယ်။ ပရိသတ်ဝေဖန်မှုတွေ ရှိခဲ့တဲ့ အပေါ်မှာလည်း အခုလို ပြောပြလာပါတယ်။

Photo: Nay Shwe Thway Aung

 

ထွန်းအိန္ဒြာဗိုက နေရွှေသွေးအောင်(ခ) ဖိုးလပြည့်ရဲ့ Tonight I'm loving you သီချင်းထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ ဒီ MTV ရဲ့ ဖန်တီးမှုတွေကလည်း အရမ်းဟော့တာ ဖြစ်တဲ့အတွက် သူ့ရဲ့ အမြင်လေးကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါသေးတယ်။

'' ကျွန်မရဲ့ အနုပညာကို အကူအညီတောင်းလို့ ကူညီပေးလိုက်တာပါ။ ဒါရိုက်တာနဲ့ သူတို့ စီမံခန့်ခွဲသူများရဲ့ ဇာတ်လမ်းပေါ့နော်။ ကျွန်မကို တော့ ကျွန်မရဲ့ အနုပညာကို သရုပ်ဆောင်ခိုင်းတဲ့အတွက် ဝင်ကူပေးတာကလွဲပြီး ကျွန်မ ဘာမှ ဝင်ပါတာလည်း မရှိပါဘူး။ ဖိုးလပြည့် နဲ့ကလည်း အရင်ကတည်းက ခင်တာပါ''လို့ ဆိုပါတယ်။

 

Tonight I'm loving you သီချင်းက အောင်မြင်မှုလည်း ရရှိခဲ့သလို ပရိသတ်ဝေဖန်မှုတွေလည်း ရှိခဲ့ကြတဲ့အပေါ် ထွန်းအိန္ဒြာဗို က သူ့ရဲ့ အမြင် ကိုပြောပြခဲ့ပါတယ်။ နိုင်ငံတစ်ခု တိုးတက်ဖို့ဆိုတာကလည်း စနစ် နဲ့သွားမှ ရမယ်လို့ ယုံကြည်တယ် ဆိုတာကို နိုဝင်ဘာလ ၁၂ ရက်နေ့ ညက ကြတ်ဂူ ရုပ်ရှင်အထူးပွဲကို တက်ရောက်လာရင်း ဖြေဆိုခဲ့တာပါ။

''ကျွန်မက နိုင်ငံတစ်ခု တိုးတက်ဖို့ဆိုတာ စနစ်နဲ့ သွားရမယ်လို့ ယုံပါတယ်။ ကျွန်မက လူထက် မူ ကိုပိုပြီးတော့ ယုံကြည်ပါတယ်။ အာဏာရှင် စနစ်ကို ဘယ်တုန်းကမှလည်း မကြိုက်ခဲ့ဘူး။ ဘယ်တော့မှလဲ ကြိုက်မှာ မဟုတ်ပါဘူး။ တိုင်းပြည်တစ်ခု တိုးတက်ဖို့က စနစ်ကောင်းဖို့ လိုအပ် ပါတယ်'' လို့ သူကဆိုပါတယ်။

 

ထွန်းအိန္ဒြာဗိုလ်က လက်ရှိမှာ ဇာတ်ကားရိုက်ကူးတွေ နားထားကာ သားလေးအတွက် အချိန်ပေးဖြစ်နေတာ တွေ့ရပါတယ်။ သူမ ဟာ ဂီတဘက်မှာလည်း အောင်မြင်တဲ့ နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ဘက်မှာလည်း အကယ်ဒမီဆုတွေနဲ့ ထူးချွန်သူ တစ်ယောက် ဖြစ်ပါတယ်။

Photo: Nay Shwe Thway Aung

 

ထွန်းအိန္ဒြာဗိုလ်ဟာ ဂီတပိုင်းမှာ သီချင်းခွေတွေ အများကြီး ထွက်ရှိထားသလို ရုပ်ရှင်ဘက်မှာလည်း ၁၉၉၉ခုနှစ်မှာ "နှောင်းတမြေ့မြေ့" ၊ ၂၀၀၃ခုနှစ်မှာ "အမေ့နို့ဖိုး" ၊ ၂၀၀၅ ခုနှစ်မှာ "မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍" စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ကိုပိုင်ဆိုင် နိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က