ခွန်းဆင့်နေခြည်က ၁၆ သိန်းလှူခဲ့ပါတယ်တဲ့။

အနုပညာအလုပ်တွေ မဆောင်ရွက်နိုင်တော့တဲ့ ဝါရင့်လူကြမ်းကြီးတွေကို နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက ဦးအောင်ခိုင် ဦးဆောင်တဲ့ ကိုလူချောများအဖွဲ့ က စုပေါင်းပြီး ''သက်ကြီး လူကြမ်းကြီးများ ကန်တော့ပွဲ'' ကိုဆောင်ရွက်ခဲ့ပါတယ်။ ခွန်းဆင့် နေခြည်ကလည်း ၁၆ သိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

 

ကိုလူချော လူကြမ်းအဖွဲ့ကစုပေါင်းပြီး ဒုတိယအကြိမ်မြောက်'' သက်ကြီး လူကြမ်းကြီးများ ကန်တော့ပွဲ''အဖြစ် ဝါရင့်လူကြမ်း သရုပ်ဆောင် ကြီးတွေကို နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက ၃၅ လမ်း(အပေါ်ဘလောက်)မှာရှိတဲ့ ဓမ္မာရုံမှာ ကန်တော့ခဲ့ကြပါတယ်။ ဒီကန်တော့ပွဲကို တော့ လူကြမ်း သရုပ် ဆောင် များစွာနဲ့ အတူသရုပ်ဆောင် ခွန်းဆင့် နေခြည်က လည်း တက် ရောက်ခဲ့တာကို တွေ့ရပါတယ်။

 

ကိုလူချော အဖွဲ့ ရဲ့ ဥက္ကဌတစ်ဦးအဖြစ် ဦးအောင်ခိုင်ကတာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။ သက်ကြီး လူကြမ်းကြီးတွေကို ကန်တော့ပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်ကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

'' ကိုလူချောအဖွဲ့ထဲက သက်ကြီးတွေရော၊ ကိုလူချောအဖွဲ့က မဟုတ်ပဲ ပြင်ပမှာရောက်နေတဲ့ သက်ကြီးရွယ်အိုတွေကိုရော ဦးအောင်ခိုင်တို့ က ဒုတိယအကြိမ်မြောက် ကန်တော့တာပါ။ ရုပ်ရှင်တွေမှာ လူကြီးတွေနဲ့ ကြုံတဲ့အခါ မနောကံက မပစ်မှားချင်ပေမယ့် ကိုယ်ထိလက်ရောက် ထိုးရတာတွေ၊ နှုတ်က ဆဲရဆိုရတာတွေအဲ့ဒါမျိုးတွေ ရှိခဲ့ကြတဲ့အတွက် ဒီလူကြီးတွေကို ကန်တော့ချင်တယ်ဆိုပြီးတော့ ကြိုးစားခဲ့တာပါ'' လို့ နိုဝင်ဘာလ ၁၅ ရက်နေ့က သက်ကြီး လူကြမ်းကြီးများ ကန်တော့ပွဲ မှာဖြေဆိုခဲ့ပါတယ်။

ဒေါ်စံပယ်ဆီ ကျန်းမာရေးထောက်ပံ့ငွေ သွားလှူခဲ့တဲ့ အောင်ခိုင် 

 

သရုပ်ဆောင် ခွန်းဆင့်နေခြည်ကလည်း သက်ကြီးလူကြမ်းကြီးများအတွက် စုစုပေါင်း အလှူငွေ ၁၆ သိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သူမဟာ အက်ရှင်ဇာတ်ကားတွေ ရိုက်တာ များတဲ့အတွက် လူကြမ်းသရုပ်ဆောင်တွေနဲ့ အတူဇာတ်ကားရိုက်ကူးလေ့ရှိတာကြောင့် ဝါရင့် လူကြမ်းကြီးတွေကို အရိုအသေပြန်ပြုတယ်လို့လည်း ဆိုပါတယ်။

'' ဒီပွဲလေး လုပ်မယ်လို့ သိရကတည်းက လှူဒါန်းဖို့အတွက်ကို ပြင်ဆင်ခဲ့ပါတယ်။ အစ်မကတော့ ဒီပွဲလေးမှာ ၁၆ သိန်း လှူဒါန်းဖြစ်ခဲ့ပါတယ်။ ဦးကျော်ဟိန်းလက်ထက်ကတည်းက ဇာတ်ကားပေါင်းများစွာကို ဒီလူကြမ်းတွေနဲ့ဘဲ ရိုက်ခဲ့တာ။ မခွန်းဆင့်ဆိုရင် အကြမ်းကားတွေ၊ အက်ရှင် ကားတွေ ရိုက်တာ များတဲ့အတွက် ကိုလူချောအဖွဲ့နဲ့ မကင်းဘူးပေါ့နော်။ ဒါကြောင့် ပြန်ပြီးတော့ အရိုအသေပြုတာပါ''

 

ဦးအောင်ခိုင်ကတော့ ကိုလူချော အဖွဲ့ရဲ့ ဥက္ကဌ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း လူကြမ်းအဖွဲ့နဲ့ ပတ်သက်တဲ့ သာရေး၊ နာရေး၊ ကုသိုလ် ရေးတွေကိုလည်း အားတက်သရော ဆောင်ရွက်နေရသူပါ။ အဲ့ဒီနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကြီးရဲ့ အမှုဆောင် တစ်ဦးအနေနဲ့ ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က