သူ့ကိုလည်း တွေ့ချင်တယ်။

လူကြမ်းမင်းသားတစ်ယောက်အနေနဲ့ ပရိသတ်မုန်းတာခံရလေ့ရှိတဲ့ ကိုကိုဦးကတော့ တစ်ချိန်က ဇာတ်ကားတွေ အတူတူ ရိုက်ခဲ့တဲ့ သရုပ် ဆောင် ရဲကိုကို ကို သတိရတဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ ရဲကိုကိုရဲ့ စိတ်နေ စိတ်ထားကိုလည်း ပြောပြခဲ့ပါသေးတယ်။

 

လူကြမ်း သရုပ်ဆောင် ကိုကိုဦး တစ်ယောက် တစ်ချိန်က ဇာတ်ကားတွေ အတူတူရိုက်ခဲ့ဖူးတဲ့ သရုပ်ဆောင် ရဲကိုကို  ကို သတိရတဲ့ အကြောင်း တွေပြောပြလာပါတယ်။ တစ်ခေတ်တခါက အောင်မြင်မှုတွေ အတူတူပိုင်ဆိုင်ခဲ့ကြတာ ဖြစ်တဲ့အတွက်ကြောင့် အမှတ်တရတွေအများကြီး ရှိတယ်လို့ Duwun Media ကနေ ဖြေဆိုခဲ့ပါတယ်။

'' ရဲကိုကို က အင်မတန်မှ ချစ်စရာကောင်းတဲ့ မင်းသားတစ်ယောက်ပါ။ ကျွန်တော်နဲ့ တကယ့် ညီအစ်ကိုတွေလို ခင်ခဲ့တဲ့သူတစ်ယောက်ပါ။ ဒီနေ့ သူဘယ်မှာလည်းဆိုတာ ကိုယ်လည်း မသိဘူးပေါ့လေ။ ဒါပေမယ့် အမှန်ဆို သူ့အိမ်တွေဘာတွေ သွားသင့်တာပေါ့နော်။ ကိုယ့်စီးပွားရေး၊ ကိုယ့်မိသားစုနဲ့ ဆိုတော့လည်း ရဲကိုကို ကိုသွားမတွေ့နိုင်ဘူး''လို့ ဆိုပါတယ်။

Photo: ရဲကိုကိုဖေ့စ်ဘွတ်

စာကြိုးစားတဲ့ သမီးလေးအကြောင်းတွေပြောလာတဲ့ လင်းဇာနည်ဇော် 

တစ်ချိန်က မိန်းကလေးတွေ သဲသဲလှုပ်အားပေးခဲ့ကြတဲ့ ရဲကိုကို ကို အနုပညာလောကထဲ ပြန်ဝင်စေချင်တယ်လို့ ကိုကိုဦးက သူ့ရင်ထဲက ဆန္ဒ ကိုပြောပြလာပါတယ်။ ဒါပေမယ့် ဘယ်ရောက်နေသလဲ ဆိုတာကိုတော့ မသိရဘူးလို့လည်း နိုဝင်ဘာလ ၁၅ ရက်နေ့က လူကြမ်းသက်ကြီး ပူဇော်ပွဲမှာ ဖြေဆိုခဲ့တာပါ။

'' သူ့ကိုလည်း အခုဆိုရင် ကျွန်တော်အရမ်းကို တွေ့ချင်တယ်။ ရဲကိုကို တစ်ခေတ်မှာ ကျွန်တော်တို့က အောင်မြင်ခဲ့တာပါ။ သူလည်း အောင်မြင် ခဲ့တာဆိုတော့ သူ့ကို ဒီလောကထဲ ပြန်လာစေချင်တယ်။ သူ ဘာကြောင့် ပြန်မလာတာလဲ ဆိုတာတော့ ကျွန်တော် မပြောတတ်တော့ဘူး'' လို့ ဆက်လက်ပြောပြလာပါတယ်။

 

ကိုကိုဦး ဟာ လူကြမ်းသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ရဲကိုကို၊ လင်းဇာနည်ဇော်တို့နဲ့ အတူ နယ်မှာ ဇာတ်ကားရိုက်တဲ့အခါ ပရိသတ်တွေရဲ့ ကျိန်းမောင်းခြင်းကိုလည်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။ လူကြမ်းမင်းသားတစ်ယောက်အနေနဲ့ သူကိုယ်တိုင်ကလည်း အောင်မြင် မှုရခဲ့သူဖြစ်ပါတယ်။

'' ပုဂံညောင်ဦးမှာ ရုပ်ရှင်သွားရိုက်တယ် ရဲကိုကိုနှင့် လင်းဇာနည်ဇော် လူကြမ်းမင်းသား ကိုကိုဦး ကြိုက်တဲ့ရုံကို ကြည့်လိုက် ကျွန်တော်တို့ ဆိုင်းဘုတ်တွေချည်းပဲ။ တစ်ရွာလုံးက ရဲကိုကို ကိုချစ်ကြတာလေ ကိုကိုဦးလာရင် သတ်မယ်ဆိုတာချည်းပဲ။ ကျွန်တော်သွားလိုက်တဲ့အချိန်မှာ သူတို့နဲ့ စကားပြောကြည့်တယ်။ အဲ့ဒီအချိန်မှာလည်း သူတု့ိက တကယ့်ကို လေးလေးစားစားရှိကြပါတယ်'' လို့ သူကပြောပါတယ်။

 

ကိုကိုဦးကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှုတွေရရှိခဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့ လူကြမ်းသရုပ် ဆောင်ဆိုတဲ့အတိုင်း ပရိသတ်တွေရဲ့ အမုန်းကို ခံခဲ့ရသူဖြစ်ပါတယ်။ လက်ရှိမှာတော့ ဇာတ်ကားတွေ ဆက်လက် ရိုက်ကူးနေတုန်းပဲ လို့လည်း ပရိသတ်ကို စကားလက်ဆောင်ပါးခဲ့ပါတယ်။

 

Share

Loading Next Article...
က္က