"Your Social Media BFF" ကတော့ တကယ်ကို Lucky လေးပါပဲ။

နေခြည်ဦးက သူ့ရဲ့ ကိုယ်ပိုင် Brand တစ်ခုဖြစ်တဲ့ "Your Social Media BFF" ဆိုတဲ့ ၂၀၁၉ ခုနှစ် ပြက္ခဒိန် စာအုပ်လေးရဲ့ အောင်မြင်မှုကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။



 

Beauty Blogger ချောချောလေး နေခြည်ဦးရဲ့ ကိုယ်ပိုင်Brand တစ်ခုဖြစ်တဲ့ "Your Social Media BFF" ဆိုတဲ့ ၂၀၁၉ ခုနှစ် ပြက္ခဒိန် စာအုပ် လေးရဲ့ အောင်မြင်မှုကတော့ တကယ်ကို အမိုက်စားပါ။ ပထမဆုံးနေ့မှာတင် Pre Order ၃၀၀၀ ကျော် ရောင်းအား ကောင်းခဲ့တယ်ဆိုတာကို နေခြည်ဦးကိုယ်တိုင်က ဝမ်း သာပျော်ရွှင်ရင်း Duwun  media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ၂၄ နာရီအတွင်းမှာ Pre Order ၃၀၀၀ လောက် ရောင်းရတယ် ဆိုတော့ တော်တော်လေး ရောင်းကောင်းတယ်လို့ပြောလို့ရမှာပေါ့ နော်။ ဘာကြောင့်လဲ ဆိုတော့ ဒီစာအုပ်ကို ဒီဇင်ဘာ ၁၅ ရက်နေ့မှ ရောင်းမှာလေ။ Pre Order မှာ ဈေးလည်း ၂၀၀၀ လျှော့ထားတယ်။ ဒီ့အတွက် ကံစမ်းမဲတွေ Promotion တွေလည်း ရှိဦးမှာဆိုတော့ Pre Order  မှာ သေချာလေး Save ဖြစ်အောင်လုပ်နေတယ်'' လို့ ဆိုပါတယ်။

 

နေခြည်ဦးက "Your Social Media BFF" ဆိုတဲ့ ၂၀၁၉ ခုနှစ် ပြက္ခဒိန် စာအုပ်လေး Pre Order မှာတော့ ဈေးနှုန်း ၅၅၀၀ ကျပ်နဲ့သာ ရောင်း ချနေတာကို တွေ့ရပါတယ်။ ဒီစာအုပ်လေးကိုတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့ဆိုရင် ပရိသတ်တွေဆီ အရောက်ပို့ဆောင်ပေးတော့မှာ ဖြစ်ပါ တယ်။ Pre Order ရက်ကျော်သွားရင်တော့ ၁၇၅၀၀ ကျပ်နဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

''၁၇၅၀၀ ဆိုတာ တော်တော်လေးများနေပါပြီ။ အဓိက ကတော့ နေခြည့်ပရိသတ်တွေက ပိုဝယ်တာပေါ့နော်။ နောက်ဆိုရင် ချီလီကြောင့် ဝယ် တာမဟုတ်ဘူး၊ နေခြည်ဦးကြောင့် ဝယ်တာ မဟုတ်ဘူး။ ဒီ Brand သည် တကယ်ကို အသုံးဝင်တဲ့ ပုံစံမျိုးလေး သွားချင်တယ်။ ဒါကြောင့် ပထမဆုံးမှာလည်း ဒီဈေးနဲ့ပဲ သွားသလို နောက်ပိုင်းမှာလည်း ဒီလောက် ပဲ သွားမှာပါ'' လို့ ဆက်လက်ပြောပြလာပါတယ်။

လက်ရှိ ရင်ဆိုင်နေရတဲ့ အချစ်ရေးအကြောင်းပြောလာတဲ့ နေခြည်ဦး 

"Your Social Media BFF" ဆိုတဲ့ ၂၀၁၉ ခုနှစ် ပြက္ခဒိန် စာအုပ်လေး ရောင်းအားကောင်းခဲ့တဲ့ အတွက် ဝမ်းသာပီတိမျက်ရည်ကျခဲ့ရတယ်လို့ နေခြည်ဦးက ပြောပါတယ်။ ပထမဆုံးထုတ်လုပ်လိုက်တဲ့ ကိုယ်ပိုင် Brand ဖြစ်တာကြောင့်လည်း ဝမ်းသာမှုက အတိုင်းမသိပါပဲ ဆိုတာကို နိုဝင် ဘာလ ၁၇ ရက်နေ့က Shiseido Myanmar ပွဲမှာ ဖြေဆိုခဲ့တာပါ။

'' Live ထဲမှာ ငိုတယ် ဆိုပေမယ့် ကိုယ့်ရင်ထဲမှာရှိတဲ့ ပီတိက အရမ်းကြီးတယ်လေ။ အဓိက က ကိုယ်အရမ်းပျော်ပြီး ကိုယ့်ကြော်ငြာကို လူတိုင်း က Share ကြတော့ အရမ်းပျော်တဲ့ စိတ်ရယ်၊ နေခြည့်ရဲ့ ချီလီတွေကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်တဲ့ စိတ်က အားလုံးပေါင်းပြီးတော့ မျက် ရည်က ထွက်သွားတာ'' လို့ သူကဆိုပါတယ်။

 

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်တဲ့ Beauty Blogger  တစ်ယောက်အနေနဲ့သာမက အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်လာတာတွေကို မြင်တွေ့ရပါတယ်။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က