ပရိသတ် အားပေးကြမ်းတယ်တဲ့။

စန္ဒီမြင့်လွင်က မင်းသမီးပိုးထည်ဆိုင်ကနေ သူ့ရဲ့ ကိုယ်ပိုင်ဒီဇိုင်းလေးကို အားပေးကြတဲ့ ပရိသတ်တွေကြောင့် အရမ်းကို ပျော်ရွှင် နေပါတယ်။ သူတို့ ညီအစ်မတွေရဲ့ ကိုယ်ပိုင်ဒီဇိုင်းလေးတွေလည်း ဆက်ထုတ်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

Photo: မင်းသမီး

 

အဆိုတော်မလေး စန္ဒီမြင့်လွင်က ညီအစ်မတွေစုပြီးဖွင့်ထားတဲ့ မင်းသမီး ပိုးထည်တိုက်လေးမှာ သူကိုယ်တိုင်ဖန်တီးထားတဲ့ ဒီဇိုင်းလေးက ရောင်းအားကောင်းခဲ့တာကြောင့် ဝမ်းသာလို့နေပါတယ်။ ပရိသတ်အားပေးမှု ကြမ်းခဲ့တဲ့အပေါ်မှာလည်း သူ့ရင်ထဲက စကားကို အခုလိုပြောပြ ခဲ့ပါတယ်။

''ဆိုင်ရဲ့ကိုယ်ပိုင် ဒီဇိုင်းအဆင်လေး၊ ဒီးဒီဝတ်ထားတဲ့ ဒီဇိုင်းမျိုး အရမ်းရောင်းရလို့ ကုန်တောင်ကုန်သွားပြီ နောက်ထပ် အော်ဒါတွေလည်း ထပ် မှာ ကြတဲ့အတွက် အရမ်းပျော်ပါတယ်ရှင်'' ဆိုပြီးတော့ နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ ကိုယ်ပိုင်ဒီဇိုင်းလေးကိုလည်း ထုတ်ကြွားခဲ့ပါသေးတယ်။

Photo: မင်းသမီး

 

စန္ဒီမြင့်လွင်ဟာ ပိုးထည်ဆိုင်ထိုင်ပြီး လာရောက်ဝယ်ယူအားပေးသူတွေကို သေသေချာချာ စေ့စေ့စပ်စပ် အကြံပြုတတ်တာကတော့ သူ့ရဲ့ ဝါသနာပါတဲ့။ လက်ရှိမှာ ပိုးထည်ရောင်းနေရတဲ့ အနေအထားလေးက သူ့ကို ပျော်ရွှင်ကျေနပ်မှုဖြစ်စေတယ်လို့ ဆိုပါတယ်။

'' တစ်ခါတလေ နယ်ကနေတောင်လာဝယ်တဲ့ ပရိသတ်တွေလည်း ရှိတော့ သူတို့ကိုလည်း ကိုယ်က လှိုက်လှိုက်လှဲလှဲနဲ့ ဘယ်အရောင်လေးက ဘာလေးနဲ့ဆို လိုက်တယ် ဆိုပြီးတော့ သေသေချာချာလေး ရွေးပေးဖြစ်တယ်။ အဲ့ဒီအတွက် သူတို့ကလည်း ကျေနပ်မှုဖြစ်တယ် ကိုယ်လည်း ကုသိုလ်ရတယ်။ ကိုယ့်ကြောင့် သူတို့ လှသွားတယ်ဆိုရင် အရမ်းပျော်ဖို့ကောင်းတယ်'' လို့ A|X Fashion ဆိုင်ရဲ့ ဒီဇိုင်းအသစ်တွေ မိတ်ဆက်ပွဲ မှာ ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: မင်းသမီး

 

စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင် နဲ့ စိုးပြည့်သဇင်တို့ရဲ့ မင်းသမီးပိုးထည်ဆိုင်ကို အောက်တိုဘာလအတွင်းက စတင်ဖွင့်လှစ်ခဲ့ တာဖြစ်ပါ တယ်။ ဆိုင်ဖွင့်ပြီး သိပ်မကြာခင်မှာပဲ ဝယ်ယူအားပေးသူတွေ များခဲ့တာကြောင့် အောင်မြင်မှုတွေရရှိခဲ့တယ်လို့ စန္ဒီမြင့်လွင်က ပြောပါတယ်။ နောက်ထပ်လည်း ကိုယ်ပိုင်ဒီဇိုင်းတွေ ဆက်ထုတ်သွားဦးမယ်လို့ သူကဆိုပါတယ်။

'' ဆိုင်က ပစ္စည်းလေးတွေကလည်း ပြတ်ပြတ်တော့ ဒီးဒီတို့ ပစ္စည်းတွေ ထပ်ထပ် ထည့်ရတယ်။ ဒီးဒီတို့ တံဆိပ်နဲ့ မင်းသမီးက ပုဆိုးတွေ ထွက် ဖို့ရှိတယ်။ မင်းသမီးဆိုတဲ့ S4 ရဲ့ ကိုယ်ပိုင်ဒီဇိုင်းတွေလည်း ရောင်းရတာ ကုန်သွားတဲ့အတွက် ထပ်ပြီးတော့ လုပ်နေတယ်။ အများကြီးပဲ ထပ်လုပ် ဖြစ်ပါတယ်'' လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: မင်းသမီး

စန္ဒီမြင့်လွင်ဟာ အိမ်ထောင်ပြုပြီးတဲ့နောက်ပိုင်းဖျော်ဖြေရေးတွေလည်း ဆက်တိုက်သွားနေရတယ်လို့ သိရပါတယ်။ စန္ဒီမြင့်လွင်နဲ့ ခင်ပွန်း ဖြစ်သူ ကိုသီဟလွင်တို့က မတ်လ ၄ ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်လ်မှာ လက်မှတ်ရေးထိုးပွဲကျင်းပပြုလုပ်ပြီးနောက် နိုဗိုတယ်လ် ဟိုတယ်လ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာညစာစားပွဲကိုတော့ Lotte Hotel မှာ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က