ကျန်းမာရေးမကောင်းတဲ့ကြားက ပြိုင်ဖြစ်တာပါ။

ရွှေအိမ်စည်က Miss Supranational 2018 ပြိုင်ပွဲကြီးအတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိနေပြီလို့ ဆိုပါတယ်။ ဒီ့အတွက် နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းက ပိုလန်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပါတယ်။

 

Miss Supranational Myanmar 2018 ရွှေအိမ်စည်က ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss Supranational 2018 ပြိုင်ပွဲကြီးယှဉ်ပြိုင်ဖို့ အတွက် နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာခဲ့ပါတယ်။ ဒီပြိုင်ပွဲအတွက်ကိုလည်း ယုံကြည်ချက် အပြည့်ရှိနေပြီလို့ မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။

'' ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ 100% နှုန်းပါပဲ။ လာကြိုတဲ့ ပရိသတ်တွေ တွေ့လိုက်ရတော့ အရမ်းအားရှိတယ်။ တကယ်တော့ အိမ်စည်က ဂယက်ထပြီးရောက်လာတာ။ ဒါပေမယ့် တစ်ခဲနက်အားပေးကြတဲ့ ပရိသတ်တွေရှိကြလို့လည်း အရမ်းပျော်ပါတယ်၊ အရမ်းလည်း ကြည်နူးမိပါတယ်'' လို့ ဆိုပါတယ်။

 

ရွှေအိမ်စည်ဟာ Miss Supranational 2018 ပြိုင်ပွဲကြီး ယှဉ်ပြိုင်နေရစဉ်အတွင်းမှာပဲ စိတ်ဖိစီးမှုတွေ များခဲ့တာကြောင့် ကျန်းမာရေး မကောင်း ဖြစ်ခဲ့ပါတယ်။ ဒီ့အတွက်လည်း ပြိုင်ပွဲသွားမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ရတဲ့ သတင်းတွေကြောင့် စိုးရိမ်စိတ်များနေကြတဲ့ ပရိသတ်တွေကိုလည်း နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းက Miss Supranational 2018 ပြိုင်ပွဲသွားခါနီး စကားလက်ဆောင်ပါးခဲ့ပါသေးတယ်။

'' ကိုယ်က အခုလည်း နည်းနည်းနွေးနေတုန်းပဲ လူက နည်းနည်းယိုင်ချင်သလိုဖြစ်နေတာ တကယ်တော့လေ။ ဒါပေမယ့် အဆင်ပြေပါတယ်။ အိမ်စည်ပြန်လာလို့ရှိရင်တော့ အားလုံးကို စုံစုံလင်လင်တွေ့ချင်တယ်။ အဲ့ဒီအတွက်ကြောင့် အိမ်စည်လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစား ခဲ့မယ်၊ ပြန်လာရင် အားလုံးနဲ့ ဆုံချင်ပါတယ်'' လို့ ဆက်လက်ပြောပြထားပါတယ်။

Miss Supranational 2018 ပြိုင်ပွဲသွားဖို့ အချိန်ရွှေ့ဆိုင်းထားရတဲ့ ရွှေအိမ်စည် 

သူမဟာ  Miss Supranational 2018 ပြိုင်ပွဲကြီး အတွက် အများကြီး ကြိုးစားပြင်ဆင်မှုတွေ ပြုလုပ်ထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ မိသားစုဝင်တွေရဲ့ ဖိအား နဲ့ အနှောက်အယှက်တွေနဲ့  ရင်ဆိုင်ခဲ့ရတဲ့အပေါ်မှာလည်း Duwun Media ရဲ့သီးသန့်အင်တာဗျူးမှာ ရင်ဖွင့်ပြောပြ ခဲ့ပါတယ်။

'' အဓိက ကတော့ ကိုယ့်ဘေးနားက အသိုင်းအဝိုင်းက အရေးကြီးပါတယ်၊ ကိုယ့်ကို စိတ်ဓာတ်အမှန်နဲ့ ကူညီပေးနေသူတွေရှိတယ်။ တချို့တွေ ကတော့ ကိုယ့်ကို မကူညီပဲ နှောက်ယှက်တဲ့သူတွေရှိတယ်၊ တော်ရုံဆိုရင် အိမ်စည် နေမကောင်းမဖြစ်ဘူး၊စိတ်ဓာတ်ကျရင်လည်း ကိုယ့်စိတ်ကို အမြဲပြန်တင်တယ်၊ သွားမပြိုင်ဖြစ်ရင်လည်း မပြိုင်တော့ဘူးလားဆိုပြီးအပြောမခံနိုင်ဘူး ကိုယ် အခက်အခဲဖြစ်နေတာ ကြာပြီ'' လို့ ဆိုပါတယ်။

 

Miss Supranational 2018 ပြိုင်ပွဲကြီးကိုတော့ နိုင်ငံပေါင်းများစွာတို့က အလှမယ် အသီးသီး တို့ကလည်း လာရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါ တယ်။ ဒီ့အတွက်ကြောင့်လည်း ရွှေအိမ်စည် အတွက် အကောင်းဆုံးဖြစ်ဖို့ ပရိသတ်တွေရော၊ Organa zation က ပါ အားပေးနေကြတာကို တွေ့ရပါတယ်။ ပြိုင်ပွဲအတွက် Voting စနစ်တွေလည်း စတင်နေပြီလု့ိ သိရပါတယ်။ ဒီပြိုင်ပွဲကြီးကို ဒီဇင်ဘာလ အတွင်းမှာ Final ပွဲကျင်းပ သွားမယ်လို့ သိရပါတယ်။

 

Share

Loading Next Article...
က္က