ပိုလန်နိုင်ငံမှာ ကျင်းပမယ့် Miss 2018 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာပါ။

ရွှေအိမ်စည်က Miss Supranational 2018 ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိင်ကာနီးမှာပဲ အနှောက်အယှက်တွေ နဲ့ရင်ဆိုင် နေရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း ပြိုင်ပွဲအတွက် တစ်ယောက်တည်း ရုန်းကန်နေရတဲ့အခက်အခဲကိုလည်း ရင်ဖွင့် ပြောပြလာပါတယ်။

Photo: ရွှေအိမ်စည်

 

အလှမယ် ရွှေအိမ်စည်က ပိုလန်နိုင်ငံမှာကျင်းပပြုလုပ်မယ့် Miss Supranational 2018 ပြိုင်ပွဲကြီးကို ကျန်းမာရေးအခြေအနေကြောင့် ဒီနေ့မှာ မသွားရောက်နိုင်ခဲ့ဘူးလို့သိရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိတ်မပူကြဖို့ကို Duwun Media ရဲ့ သီးသန့် အင်တာ ဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' အိမ်စည်သည် အခုချိန်မှာ တစ်ယောက်တည်း ရုန်းကန်နေရတာ အဲ့ဒီအချိန်မှာ အိမ်စည့်ရဲ့ Fan တွေကိုလည်း သွားမေးစရာမလိုဘူး။ အိမ် စည့် ပွဲအကြောင်းကိုလည်း အိမ်စည်အသိဆုံး။ အရာအားလုံးကိုအဖြေမှန်သိချင်ရင် အိမ်စည့်ဆီပဲ လာပါ။ အမှန်တရားက ကို တွန့်ဆုတ်တဲ့ သူတွေလည်းရှိတယ် မဟုတ်မမှန်တွန့်ဆုတ်တဲ့ သူတွေလည်း ရှိတယ်။ အဲ့ဒီလူတွေက ကိုယ့်ဘေးနားက လူတွေ ဖြစ်နေတဲ့ အခါကျတော့ အိမ် စည် ဒုက္ခရောက်တယ်ပေါ့နော်'' လို့ ဆိုပါတယ်။

Photo: ရွှေအိမ်စည်

ကိုယ်ပိုင်အရည်အချင်းနဲ့ အကောင်းဆုံးကြိုးစားမယ်ဆိုတဲ့ ရွှေအိမ်စည် 

ရွှေအိမ်စည့် အနေနဲ့ ပြိုင်ပွဲကြီးကိုလည်း မဖြစ်ဖြစ်အောင် သွားရောက်ယှဉ်ပြိုင်မှာပါလို့ ဆိုပါတယ်။ သူမဟာ  Miss Supranational 2018 ပြိုင်ပွဲကြီး အတွက် အများကြီး ကြိုးစားပြင်ဆင်မှုတွေ ပြုလုပ်ထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ မိသားစုဝင်တွေရဲ့ ဖိအား နဲ့ အနှောက် အယှက် တွေလည်း ရင်ဆိုင်နေရတယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။

'' အဓိက ကတော့ ကိုယ့်ဘေးနားက အသိုင်းအဝိုင်းက အရေးကြီးပါတယ်၊ ကိုယ့်ကို စိတ်ဓာတ်အမှန်နဲ့ ကူညီပေးနေသူတွေရှိတယ်။ တချို့တွေ ကတော့ ကိုယ့်ကို မကူညီပဲ နှောက်ယှက်တဲ့သူတွေရှိတယ်၊ တော်ရုံဆိုရင် အိမ်စည် နေမကောင်းမဖြစ်ဘူး၊စိတ်ဓာတ်ကျရင်လည်း ကိုယ့်စိတ်ကို အမြဲပြန်တင်တယ်၊ သွားမပြိုင်ဖြစ်ရင်လည်း မပြိုင်တော့ဘူးလားဆိုပြီးအပြောမခံနိုင်ဘူး ကိုယ် အခက်အခဲဖြစ်နေတာ ကြာပြီ'' လို့ ဆိုပါတယ်။

Photo: ရွှေအိမ်စည်

 

ရွှေအိမ်စည်က ရိသတ် ရဲ့ အားပေးစကားတွေကြောင့်သာ အားခဲထားတာ ပါလို့ဆက်လက်ပြောပြခဲ့ပါသေးတယ်။ မဟုတ်မမှန်ပြော ဆိုမှုရှိပေမယ့် သူ ကိုယ်တိုင်ပြောမှသာ ယုံကြည်ပေးကြပါလို့ သူကဆိုပါတယ်။

'' ပြိုင်ပွဲအတွက် အဓိက ပြင်ဆင်ရမှာက စိတ်ပေါ့။ ဘယ်သူမှ အိမ်စည့်ကို အားမပေးရင်နေ နှောက်ယှက်နေတာ မလိုချင်ဘူး။ တချို့တွေ နည်းနည်းလေး နှောက်နေကြတဲ့ အတွက်ကြောင့် အဆင်မပြေတာလေးတွေရှိတယ်။ အကုန်လုံးကိုပြောချင်တာက အိမ်စည့်ပါးစပ်ထဲက ထွက်လာတဲ့ စကားကိုပဲ အတည်ပြုစေချင်တယ်'' လို့ဖြေဆိုခဲ့ပါတယ်။

Photo: ရွှေအိမ်စည်

 

ရွှေအိမ်စည်က Miss Supranational 2018 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် တစ်ယောက်အဖြစ် သွားရောက် ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ကျန်းမာရေးအခြေအနေကြောင့် ပြိုင်ပွဲသွားပြိုင်မယ့်ရက်ကို Originazation နဲ့ တိုင်ပင်ပြီး ရက်ရွှေ့ ထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က