ဒါကလည်း မိခင်မေတ္တာကြောင့်ပါတဲ့။

မေမြန်မာ ခေတ်နဲ့ မေမြန်မာ သစ်တို့ ညီအစ်မ နှစ်ယောက်အတွက် မေမေ ချစ်သုဝေက စည်းကမ်းချက်လေးတွေ ထုတ်ထား တယ်လို့ ပြောပါ တယ်။ သမီးလေးတွေအတွက် ရှေ့ရေးကိုတွေးပြီး စိုးရိမ်နေတတ်တဲ့ ချစ်သုဝေရဲ့ ခံစားချက်ကို အခုလိုပြောပြ ထားပါတယ်။



Photo: ချစ်သုဝေ

 

ပရိသတ်အချစ်တော်လေးတွေဖြစ်တဲ့ ခေတ် နဲ့ သစ်တို့ရဲ့ မေမေ ချစ်သုဝေက ကလေးတွေကို စည်းကမ်းလေးတွေ တင်းကြပ်ထားတယ်လို့ ဆိုပါတယ်။ အခုဆိုရင်လည်း ကလေးတွေကို ဖုန်း နဲ့ တီဗွီ အကြည့် နည်းအောင် စည်းကမ်းလေးတွေ ထားတဲ့အကြောင်းကို မီဒီယာတွေကနေ တဆင့်ပြောပြခဲ့ပါတယ်။

'' မမရဲ့စည်းကမ်းလေးတွေက ကလေးတွေကို Zero Screentime ဆိုပြီးတော့ စည်းကမ်းလေး ထားထားတယ်။ ကလေးတွေရဲ့ အာရုံစူးစိုက်မှု အားတွေကို လျှော့နည်းသွားစေတယ်။ တီဗွီပြမိတာ၊ ဖုန်းပြမိတာတို့ဆိုတာ ကလေးတွေကို ငြိမ်အောင်လို့ပြလိုက်တာပေါ့။ ငြိမ်တာရဲ့ နောက်ကွယ်မှာ ကြုံတွေ့ရတဲ့ ဆိုးကျိုးလေးတွေကရှိတာပေါ့နော်'' လို့ ဆိုပါတယ်။

Photo: ချစ်သုဝေ

ချစ်သုဝေ ဆိုးတဲ့အချက်က ကိုယ်သဘောကျတဲ့အချက်တွေပါဆိုတဲ့ လင်းလင်း 

ချစ်သုဝေဟာ စည်းကမ်းကြီးတဲ့ မေမေ ဖြစ်တာကြောင့် သမီးလေး နှစ်ယောက်ကို အလိုလိုက်တာမျိုးတွေ မရှိဘူးလို့ဆိုပါတယ်။ ချမှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း သမီးလေးတွေက နားလည်တယ်လို့ MORLLy အလှကုန် ပစ္စည်းမိတ်ဆက်ပွဲ ကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

'' ကလေးတွေကို ကိုယ်က စည်းကမ်းလေးတွေ ပြောထားလို့ရှိရင်တော့ သူတို့လည်း သိပါတယ်။ တချို့အလိုမလိုက်သင့်တဲ့အရာတွေ ဆိုရင် တော့ အတင်းအကျပ် သူတို့ ငိုချင်ငို မမကတော့ တားဆီးပစ်လိုက်တာပဲ။ သူတို့ အန္တရာယ်ဖြစ်မယ့် ကိစ္စဆိုရင်တော့ အလိုမလိုက်ဘူးပေါ့နော်။ တချို့ကိစ္စတွေကိုတော့ သူတို့ ငိုမှာစိုးလို့ အတိုးအလျှော့လေးတွေလုပ်ရင်း အလိုလိုက်ရတဲ့အခါရှိတာပေါ့'' လို့ သူကဆိုပါတယ်။

Photo: ချစ်သုဝေ

 

အဆိုတော် လင်းလင်းနဲ့ အဆိုတော် ချစ်သုဝေ တို့ရဲ့ အမြွှာသမီးလေးတွေဖြစ်တဲ့ ခေတ် နဲ့ သစ်တို့ ညီအစ်နှစ်ယောက်က ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူလေးတွေပါ။ အဲ့ဒီမှာမှ အငယ်မလေး သစ် ရဲ့ ချစ်စရာကောင်းတဲ့ အမူအယာလေးတွေအကြောင်း ပြောပြခဲ့ပါတယ်။

'' သူ ၁၀ လ၊ ၁၁ လ လောက်ကတည်းက မျက်လုံးလေးကို ပေကလပ် ပေကလပ် ကြည့်တတ်တာမျိုး လုပ်တတ်တယ်။ မမကလည်း အဲ့ဒီလို တွေ လုပ်တတ်တဲ့ သူမျိုးလည်း မဟုတ်ဘူးလေ။ မမက ဒုန်း ဒုန်း ဒိုင်း ဒိုင်း၊ ရှင်း ရှင်း ဗွင်းဗွင်းပဲ နေတတ်တာ။ သူကကျတော့ မိန်းမဆန်တယ်။ အရမ်းလည်း စတတ်တယ်၊ နောက်တတ်တယ်။ သူ စပြီးရင်လည်း မျက်လုံးလေးကနေ သူ စလိုက်တယ်ဆိုတဲ့ သဘောလေးတွေလည်း လုပ် တတ်တယ်'' လို့ ဆိုပါတယ်။

Photo: ချစ်သုဝေ

 

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေး နှစ်ယောက်ကို ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ မွေးခဲ့တာပါ ပန်းလှိုင် ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သမီးလေးတွေကို နာမည်လေးတွေကို မြန်မာဆန်ဆန်ပဲ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လို့ အမည်ပေးထားပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က