သူအကောင်းဆုံးကျော်လွှားနိုင်မယ်လို့ ယုံကြည်တယ်။

အလုပ်နဲ့ ထောင်ဒဏ်(၅) နှစ်ကျခံရပေမယ့်လည်း ချမှတ်လိုက်တဲ့ ရက်ထက်စောပြီး အနုပညာလောကထဲကို ပြန်လာနိုင်ပါစေ ဆိုပြီး မခိုင်လေးက ဆုတောင်းပေးထားပါတယ်။



Photo : မိုးအောင်ရင် FB

 

မူးယစ်ဆေးဝါးလက်ဝယ်သုံးစွဲမှုနဲ့ ဖမ်းခံထားရတဲ့ သရုပ်ဆောင်မိုးအောင်ရင်ကို ပုဇွန်တောင်တရားရုံးကနေ နိုဝင်ဘာ(၂၆) ရက်နေ့က အလုပ်နဲ့ ထောင်ဒဏ်(၅)နှစ်ကျခံဖို့ အမိန့်ချလိုက်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး မိုးအောင်ရင်ရဲ့ ပရိသတ်တွေလည်း စိတ်မကောင်းဖြစ် နေကြသလို အနုပညာမောင်နှမတွေကလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။

မိုးအောင်ရင် ပါဝင်သရုပ်ဆောင်ထားတဲ့ "သမီးသမက်ခမည်းခမက်" ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာ(၇) ရက်နေ့မှာ ရုံတင်ပြသ တော့မှာပါ။ ဒီဇာတ်ကားမှာ  မိုးအောင်ရင်နဲ့အတူတူ အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ပြေတီဦး၊ခိုင်သင်ကြည်တို့က မိုးအောင်ရင်ရဲ့ အမှုနဲ့ ပတ်သက်ပြီး ယခုလို အားပေးစကားပြောထားပါသေးတယ်။

 

မိုးအောင်ရင်က အရမ်းကို စိတ်ထားကောင်းတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်သလို လူတွေအားလုံးနဲ့ လိုက်လျောညီထွေ နေတတ်သူဖြစ်တာ ကြောင့်  သူ့ရဲ့ အခက်အခဲတွေကိုလည်း အကောင်းဆုံး ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း ပြေတီဦးက Duwun Media သို့ ယခုလို ပြောပြခဲ့ပါတယ်။

"ဒီလိုပါပဲ ဘဝမှာ အခက်အခဲတွေ တွေဆိုတာ ကြုံကြရတာပါပဲ။ အဲ့တော့ အရေးကြီး တာက ဒီလိုပြဿနာတွေအခက်အခဲတွေကို ဘယ်လိုရင် ဆိုင်မလဲ၊ကျော်လွှားမလဲ ဆိုတာကို စဉ်းစားရင်း အရှုံးမပေးပဲနဲ့ ကိုယ့်ကိုကိုယ် ဘယ်လိုပြန်တည်ဆောက်မလဲဆိုတာပဲ အရေးကြီးတာပါ။ သူလည်း အကောင်းဆုံး ကျော်လွှားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။" ဆိုပြီး နိုဝင်ဘာ(၂၈) ရက်နေ့က ပြုလုပ်တဲ့"သမီးသမက်ခမည်းခမက်" ရုပ်ရှင်ဇာတ်ကား အထူးပြပွဲမှာ ဖြေဆိုပေးခဲ့တာပါ။

သားဖြစ်သူ မိုးအောင်ရင်နဲ့ ပတ်သက်ပြီး ဖခင် အောင်ရင်ရဲ့ ရင်ဖွင့်စကားသံ 

"သမီးသမက်ခမည်းခမက်" ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း မိုးအောင်ရင်နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ ခိုင်သင်းကြည်က မိုးအောင်ရင်ဟာ ပွင့်လင်းသလို သဘောထားကောင်းပြီး အလုပ်အပေါ်ကိုလည်း စိတ်ဝင်တစားရှိတယ်လို့ ဆိုပါတယ်။ မိုးအောင်ရင်နဲ့ ပတ်သက်လို့ Duwun media ကတဆင့် ယခုလို ဆုတောင်းစကား ပြောခဲ့ပါတယ်။

"ဗီဒီယိုမှာ လည်း သူနဲ့တော်တာ်များများရိုက်ခဲ့တော သူ့အကြောင်းလေးကို သိတယ်။ ပွင့်ပွင့်လင်းလင်းရှိတယ်။ သဘောကောင်းတယ်။ သူပြန်ပြီး အနုပညာလောကထဲ ရောက်လာ ရင်ကြိုး စားလိုက် ရင် ထပ်ပြီး နေရာတစ်နေရာ ရနိုင်ပါတယ်။ သူ့ကိုအခုချက်မှတ်လိုက်တဲ့ ရက်ထက် ပိုပြီးတော့ စောစောလေး မခိုင်တို့ အနုပညာ လော ကထဲကို ပြန်လာနိုင်ပါစေလို့ ဆုတာင်းပတယ်။ သူ့ကိုလည်း ကြိုဆိုနေပါတယ်။ အမြန်ဆုံးပြန်လာပြီး အနုပညာအလုပ်တွေကို ပြန်လုပ်နိုင် ပါစေလို့ မခိုင်လေး ဆုတောင်းပါတယ်။" ဆိုပြီး ခိုင်သင်းကြည်က ပြောပြထားပါတယ်။

Photo : မိုးအောင်ရင် FB

 

ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင် ကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က ပုဇွန်တောင်မြို့နယ်ရှိ သူ့ရဲ့ရည်စားဖြစ်သူ နေအိမ်မှာ အိုက်စ်မူးယစ် ဆေးဝါး ၁ ဂရမ်နှင့် အတူ ရဲတပ်ဖွဲ့မဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က