ချစ်ဇနီးရဲ့ မျက်နှာလေးကို ကြည့်ပြီး ဖြေသွားခဲ့တာပါ။

ယောကျ်ားသားတစ်ယောက်ဖြစ်တဲ့ ဇဏ်ခီဟာ သူသရုပ်ဆောင်ခဲ့ဖူးတဲ့ "ဥပါယ်တံမျဉ်" ဇာတ်ကားထဲကလို Emily လိုမိန်းကလေး မျိုးနဲ့ အပြင်မှာတွေ့ရင် ဘယ်လိုရှောင်လွှဲမလဲဆိုတဲ့ ကိစ္စကလည်း ပရိသတ်တွေကို တော်တော်စိတ်ဝင်စားစေခဲ့ပါတယ်။ ဇနီးသည်ရဲ့ ရှေ့မှာ အဲ့ဒီမေးခွန်းကို ဇဏ်ခီတစ်ယောက် ဘယ်လိုမျိုး ပွင့်ပွင့်လင်းလင်း ဖြေပေးခဲ့လဲဆိုတာ ကြည့်ရအောင်နော်။

Photo : ခရစ္စတီးနားခီ FB


သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ဟာ အနုပညာပိုင်းမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ စုံတွဲဖြစ်ရုံသာမက သူတို့နှစ်ဦးရဲ့ တစ်ယောက်ပေါ် တစ်ယောက် ထားရှိတဲ့ မေတ္တာတရားဟာလည်း ပရိသတ်တွေ အားကျရလောက်တဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ်။

ဇဏ်ခီဟာ ဇနီးဖြစ်သူကို အမြဲတမ်း ရှေ့တန်းတင်တတ်သူ တစ်ယောက်ဖြစ်သလို သူ့ရဲ့ အကြည့်အပြုံးတွေဟာလည်း မိန်းကလေးထုကြီး အားကျရလောက် အောင် ချစ်ခြင်းတရားတွေ ပေါ်လွင်စေတာ တွေ့ရပါတယ်။


Photo : ခရစ္စတီးနားခီ FB

ဇဏ်ခီ့ကို တိုက်ခိုက်ခဲ့သူတွေအကြောင်း ပြောလာတဲ့ ခရစ္စတီးနားခီ 

ယောကျ်ားသားတစ်ယောက်ဖြစ်တဲ့ ဇဏ်ခီဟာ သူသရုပ်ဆောင်ခဲ့ဖူးတဲ့ "ဥပါယ်တံမျဉ်" ဇာတ်ကားထဲကလို Emily လိုမိန်းကလေးမျိုးနဲ့ တွေ့ရင် ဘယ်လိုရှောင်လွှဲမလဲဆိုတဲ့ ကိစ္စကလည်း ပရိသတ်တွေကို တော်တော်စိတ်ဝင်စားစေခဲ့ပါတယ်။ ဇနီးသည်ရဲ့ ရှေ့မှာ အဲ့ဒီမေးခွန်းကို ဇဏ်ခီတစ်ယောက် ဘယ်လိုမျိုး ပွင့်ပွင့်လင်းလင်း ဖြေပေးခဲ့လဲဆိုတာ ကြည့်ရအောင်နော်။

"ဟုတ်ပြီ၊ Emily လိုကောင်မလေးမျိုးတွေ့ရင်လဲ ဟိုတယ်ခန်းထိ ရောက်သွားမလဲဆိုတာက ကိုယ့်အနေနဲ့တော့ ရောက်သွားဖို့ မရှိဘူးလို့ ထင်တယ်။ ဒါပေမယ့် အဲ့ဒီဇာတ်ကားထဲ့ ဇာတ်ကောင်ဖြစ်တဲ့ မင်းထက်ကျတော့ သူ့ကိုနားလည်ပေးလို့ရတယ်။ဘာလို့လည်း ဆိုတော့ သူက ထောင်ချောက် အဆင်ခံရတာ။သူကို ဆာအောင်လုပ်ထားတာဆိုတော့ ဇင်မာက ဘာမှမပြုစုပေးတော့ရောက်သွားတာပေ့ါ။ ကျွန်တော်က တော့ ရောက်မယ်မထင်ဘူး" ဆိုပြီး ဇူလိုင်(၂၇) ရက်နေ့က ပြုလုပ်တဲ့ Fan Meeting မှာ ဇနီးသည် မျက်နှာကို ကြည့်ပြီး ပွင့်ပွင့်လင်းလင်းကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

Photo : ခရစ္စတီးနားခီ FB


အိမ်ထောင်သက်တမ်း (၁၂)နှစ်ကျော်လာပြီဖြစ်တဲ့ ခီစုံတွဲဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်စနိုးခေါ်ကြတဲ့ အခေါ်အဝေါ်လေးကလည်း ပရိသတ်တွေကို တော်တော်ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဇဏ်ခီက ခရစ္စတီးနားခီကို ချစ်စနိုးနဲ့ ဘယ်လိုခေါ်လဲဆိုတာ ယခုလို ပြောပြထားပါတယ်။

"အများသိထားတာကတော့ ချစ်လေးပေ့ါ။ ကျွန်တော်တို့ စကြိုက်တုန်းကတော့ သူ့ကို ပိစိလို့ ခေါ်တယ်။အသေးလေးလို့လည်း ခေါ်တယ်။ အားလုံးက သေးသေးမွှားမွှားနဲ့ ဆိုင်တာလေးတွေပဲ။ ဟန်နီတို့ ဒါလင်တို့တော့ မရှိပါဘူး။နောက်(၁၀)နှစ်လောက်ကြာရင်တော့ တစ်မျိုး ပြောင်း ရင်ပြောင်းသွားနိုင်တယ်။ မိန်းမလို့ ခေါ်ရင်ခေါ်မှာပေါ့ ပြောလို့တော့မရဘူး" ဆိုပြီး ပရိသတ်တွေရဲ့ရှေ့မှာ ပွင့်ပွင့်လင်းလင်းနဲ့ ပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo : ခရစ္စတီးနားခီ FB


သူ့ဖြေလိုက်တဲ့ အဖြေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကလည်း တော်တော့်ကို အားကျစေနပ်ခဲ့ကြပါတယ်။ သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ တို့ရဲ့ မိသားစုဘဝလေးကိုတော့ ပရိသတ်တိုင်းက လေးစားအားကျလျှက်ရှိတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဖြစ်ပါတယ်။

သူတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ ဘယ်နေရာသွားသွား တပူးပူး တတွဲတွဲရှိပြီး ချစ်ချစ်ခင်ခင်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုလေးလည်း ဖြစ်ပါတယ်။ ဇဏ်ခီတို့မိသားစုလေးဟာ အလှူအတန်းတွေလည်း မကြာခဏလုပ်ဖြစ်သလို အလုပ်ကိစ္စနဲ့ ခရီးတွေလည်း ထွက်ဖြစ်နေပါတယ်။

Photo : ခရစ္စတီးနားခီ FB


သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကတော့ '' ဥပါယ်တံမျဉ်'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး မြန်မာနိုင်ငံက ပရိသတ် တွေနဲ့ စတင်ထိတွေ့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒါရိုက်တာ ခရစ္စတီးနားခီရိုက်တဲ့ မုဒြာရဲ့ ခေါ်သံ ဆိုတဲ့ ဒုတိယမြောက်ရုပ်ရှင် ဇာတ်ကားကြီး ကလည်း အောင်မြင်ခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က