အပိုင်း ၄၀ အထိ ထုတ်လွှင့်သွားမှာပါ။
 

"Hospital diary" ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲပေးအခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့က ရွှေတိဂုံစေတီတော်ကြီးရဲ့ အောင်မြေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ Aung Pyi Entertainment ကထုတ်လုပ်ပြီး မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား အစီအစဉ်မှာ ဇာတ်လမ်းတွဲ အပိုင်း(၄၀) အထိ ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

"Hospital diary" ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးပုံဖော်သွားမယ့် ဒါရိုက်တာ မင်းခိုက်စိုးစံကလည်း ဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်တွေကို ပေးချင်တဲ့ သင်ခန်းစာအကြောင်းကို Duwun Media ကနေ အခုလိုပြောပြခဲ့ပါတယ်။

'' ကျန်းမာရေးဝန်ထမ်းတွေပေါ့ ဆရာဝန်၊ သူနာပြုတွေ နဲ့ လူနာ၊ လူနာရှင်တွေကြားထဲမှာ ပဋိပက္ခလေးတွေဖြစ်တတ်တယ်၊ အထင်လွဲမှားမှု လေးတွေ ဖြစ်တတ်တယ်။ အဲ့ဒီအရာလေးတွေကို ပြေလျှော့ဖို့ ရည်ရွယ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေမှာလည်း စိတ်ဖိစီးမှုတွေ ရှိတတ်တယ်၊ အမြဲတမ်းတော့လည်း လူနာရှင်တွေလိုချင်တဲ့ ပုံစံမျိုးမရတတ်ဘူး။ ဒါကလည်း မောက်မာတာတော့ မဟုတ်ဘူး။ ဒါတွေဟာ ဘယ်လိုဖြေရှင်းရင် အဆင်ပြေပါတယ်ဆိုတာမျိုးလေးတွေကို ပုံဖော်ထားပါတယ်'' လို့ ဆိုပါတယ်။

 

လူနာတွေအပေါ် အရမ်းကိုဂရုစိုက်တတ်ပြီး နူးညံ့ကြင်နာတတ်တဲ့ ဆရာဝန်တစ်ယောက်ရဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်သွားမယ့် သူရထူး ရဲ့ စကားသံကိုလည်း ပြောပြခဲ့ပါသေးတယ်။

'' ကျွန်တော်က ဒေါက်တာဇော်လင်း နေရာက သရုပ်ဆောင်ထားတာပါ။ လူနာတွေအပေါ်မှာလည်း တကယ်ကို ဂရုစိုက်တတ်တဲ့ ဆရာဝန် တစ်ယောက်ပေါ့။ သူကအရမ်းကို စိတ်ရှည်တယ်၊ စကားပြောရင်တည်း တစ်လုံးချင်းပြောရတယ်။ ဒေါသထွက်ရင်လည်း မျက်နှာမှာ မပြရဘူးပေါ့။ အပြင်က ကာရိုက်တာနဲ့ ဇာတ်လမ်းတွဲထဲက ကာရိုက်တာကတော့ တော်တော်ကွာပါတယ်။ ဒါပေမယ့် ကျွန်တော် တော်တော် ကြိုးစားထားတယ်'' လို့ သူကဆိုပါတယ်။

 

သရုပ်ဆောင်အောင်မြင့်မြတ်နဲ့အတူ အပြိုင်အဆိုင်သရုပ်ဆောင်ရမယ့် ဒေါက်တာထင်ရှားအောင်နေရာက သရုပ်ဆောင်သွားမယ့် စွမ်းထက် ကလည်း အခုလိုပြောပြခဲ့ပါတယ်။

'' ဒီဇာတ်လမ်းတွဲမှာတော့ အဓိက ဇာတ်ဆောင်အနေနဲ့ ကျွန်တော်ရယ် ကိုအောင်မြင့်မြတ်ရယ် ၂ ယောက်ပါတယ်ပေါ့နော်။ သူက စာအုပ် အရမ်းဖတ်တဲ့သူ၊ စာနဲ့ သက်သေပြတတ်တဲ့သူပေါ့။ ကျွန်တော်ကကျတော့ ဖြတ်ထိုးဉာဏ် နဲ့ သုံးတဲ့သူ ပေါ့။ သူနဲ့ကိုယ်နဲ့ကလည်း အပြိုင်အဆိုင်လေးတွေ အစစအရာရာအပြိုင်အဆိုင်တွေ ဖြစ်ကြတယ်။ ကောင်မလေး လုတာကအစ အပြိုင်အဆိုင်တွေပေါ့'' လို့ ဆိုပါတယ်။

 

ဆရာဝန်တစ်ယောက်ရဲ့ ကာရိုက်တာကို ပထမဆုံးအဖြစ် သရုပ်ဆောင်ရမယ့် အောင်မြင့်မြတ်ကတော့ ဒီဇာတ်လမ်းတွဲလေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တဲ့ အကြောင်းအရာလေးတွေကို Duwun media ကနေပြောပြခဲ့ပါတယ်။

'' ဆရာဝန်ကာရိုက်တာက ဆရာဝန်တွေထဲမှာမှ အဲ့ဒီလိုကာရိုက်တာက သက်သက်ရှိတယ်။ ဘယ်လိုပုံစံဆိုတာတော့ ကျွန်တော် မပြောချင် ဘူး။ ကျွန်တော်တို့ ဆေးရုံ၊ ဆေးခန်းတွေသွားရင်တော့ မြင်နေကြပါဘဲ။ အဲ့ဒီမှာမှ ဆရာဝန်တွေနဲ့ လူနာတွေနဲ့ကြားမှာ အထင်လွဲနေ ကြတာ လေးတွေကို ဘာကြောင့်ဆိုတာ ဖြေရှင်းထားတာလေးတွေရှိတယ်။ ကျွန်တော့် ကာရိုက်တာကိုတော့ ဆရာဝန် ဆိုတာပဲ ပေးသိဦးမယ်'' ဆိုပြီး တော့ ပြောပြခဲ့ပါတယ်။

ဇာတ်ကားရိုက်ဖို့ လက်ခံထားပြီးမှ ပျက်သွားခဲ့တဲ့အကြောင်း ပြောပြတဲ့ အောင်မြင့်မြတ် 

"Hospital diary" လို့အမည်ပေးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲအသစ်မှာ သရုပ်ဆောင်အသစ်တွေကို ပွဲထုတ်ပေးခဲ့တဲ့ ရည်ရွယ်ချက်နဲ့ ဇာတ်လမ်း တွဲအတွက် ကုန်ကျစားရိတ်တွေကို  Aung Pyi Entertainmant က ထုတ်လုပ်သူ မမေသူဖေ က အခုလိုပြောပြခဲ့ပါတယ်။

'' အစ်မတို့ အနေနဲ့ ဇာတ်လမ်းတွဲတစ်ခု ရိုက်တော့မယ်ဆိုရင် အရင်ဆုံး ဘတ်ဂျက်ကို ဆွဲတယ်။ အစ်မတို့ကလည်း ဘတ်ဂျက်ကို အရမ်းကြီး မလျှော့ဘူး ဘာကြောင့်လဲဆိုတော့ အရည်အသွေးကို အဓိကထားပါတယ်။ အစ်မတို့မှာ ရိုက်နေကြ Limit ရှိတယ် ဒီ Limit တိုင်းမှာလည်း အရည်အသွေးကောင်းဖို့အတွက် သေသေချာချာလေး ဂရူစိုက်ပြီးရိုက်ပါတယ်'' လို့ဆိုပါတယ်။

အပြင်ကာရိုက်တာမှာ သွက်သွက်လက်လက်နဲ့ နေတတ်တဲ့ ဂုဏ်ရည်အေးကျော်က "Hospital diary" ရုပ်သံဇာတ်လမ်းတွဲထဲမှာ

'' ဂုဏ်ရည်ကတော့ ဒီဇာတ်လမ်းတွဲထဲမှာ ဒေါက်တာဧကရီဆိုတဲ့ ဆရာဝန်တစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်ရမှာပါ။ အပြင်က ဂုဏ်ရည့်ရဲ့ ကာရိုက်တာကလည်း အားလုံးသိတဲ့အတိုင်း စကားပြောတာကလည်း သွက်သွက်၊ ပြောစရာရှိရင်လည်း ကိုယ်က ပွင့်ပွင့်လင်းလင်း ပြောတယ်။ ပြောစရာမရှိရင်လည်း ဒိုင်းကနဲ လှည့်ထွက်သွားတတ်တာဆိုတော့ ဇာတ်လမ်းတွဲထဲမှာက အရမ်းကို စိတ်ထား ကောင်းပြီး အရမ်းကို စိတ်ရှည်တယ်၊ အရမ်းကို ရိုးရှင်းတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်'' လို့ သူကဆိုပါတယ်။

 

"Hospital diary"ရုပ်သံဇာတ်လမ်းတွဲကို Aung Pyi Entertainmant က ထုတ်လုပ်ပြီး ထက်မြတ်နိုင်ဇင် ရေးသားထားတဲ့  ဇာတ်ညွှန်းကို ဒါရိုက်တာအဖြစ် မင်းခိုက်စိုးစံက ပုံဖော်ရိုက်ကူးမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ အောင်မြင့်မြတ်၊ စွမ်းထက်၊ သူရထူး၊ နွယ်ဒါလီထွန်း နဲ့ ဂုဏ်ရည်အေးကျော်တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ရိုက်ကူးရေးကိုတော့ ဇူလိုင်လ ပထမပတ်မှာ စတင်ပြီး နေပြည်တော်မှာ ရှိတဲ့ ဆေးရုံမှာ အချိန် ၃ လအကြာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က