မောင်ချို လာမပြိုင်ဖြစ်ရင် Winner ကို တစ်ခါတည်း ကြေညာမယ်တဲ့။
Myanmar Idol Season 3 Grand Final ပြိုင်ပွဲကြီးအား ပရိသတ်တွေကို ကြေညာထားတဲ့အတိုင်း သြဂုတ်လ(၁၁) ရက်နေ့ ည(၇)နာရီခွဲမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အကယ်၍သာ ချမ်းမြေ့မောင်ချိုဟာ ပြိုင်ပွဲကို လာရောက်မယှဉ်ပြိုင်နိုင်ဘူးဆိုရင် Winner ကို တစ်ခါတည်း ကြေညာသွားမှာ ဖြစ်ပါတယ်တဲ့။

 

Myanmar Idol Season 3 Grand Final ပြိုင်ပွဲကြီးအား ပရိသတ်တွေကို ကြေညာထားတဲ့အတိုင်း သြဂုတ်လ(၁၁) ရက်နေ့ ည(၇)နာရီခွဲမှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အွန်လိုင်းစာမျက်နှာပေါ်မှာ ပြိုင်ပွဲဝင်တွေ ကျန်းမာရေးအခြေအနေ မကောင်းတာကြောင့် Myanmar Idol Grand Final ပွဲကို  ရက်ရွှေ့ဆိုုင်းတယ်ဆိုတဲ့ သတင်းတွေ ပြန့်နေခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း ပြိုင်ပွဲကြီး ဆက်လက်ကျင်းပဖြစ်ကြောင်း ဒီနေ့ (သြဂုတ်လ၁၀ရက်) ည(၆) နာရီမှာ ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းမှာ သတင်း စာရှင်းလင်းပွဲလုပ်ပြီး မီဒီယာတွေကို အသိပေးခဲ့တာဖြစ်ပါတယ်။

 

ဆေးကုသမှု ခံယူနေရတဲ့ ချမ်းမြေ့မောင်ချို 

"နှစ်ယောက်စလုံးကို ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ ပြန်လွှတ်ပြီး ပြန်လာချိန်မှာ နှစ်ယောက်စလုံး နေမကောင်းဖြစ် လာကြတယ်။ ချမ်းမြေ့ မောင်ချို က (၉) ရက်နေ့က ဆေးရုံတင်ရတယ်။ အခုဆရာဝန်တွေ စောင့်ကြည့်နေရတဲ့အချိန်ပေ့ါ။ဖြိုးမြတ်အောင်လည်း အဲ့လိုပဲ နေမ ကောင်းဖြစ်တယ်။ သူကတော့ အခု ပြန်ကျန်းမာလာပြီ။ ဒါပေမယ့် မနက်ဖြန် Grand Final ကိုဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။ မောင်ချိုကိုလည်း လာပြိုင်ဖို့ မျှော်လင့်မိပါတယ်။မနေ့ကထက်စာရင် သူ့ကျန်းမာရေး ကောင်းလာပါပြီ။သူကလည်း ပြိုင်ချင်တယ်လို့ သိထားပါတယ်။ပွဲကတော့ လုပ်မြဲအတိုင်း ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ " ဆိုပြီး ဒီနေ့မှာ ပြုလုပ်တဲ့  သတင်းစာရှင်းလင်းပွဲတွင် Myanmar Idol ရဲ့ Executive Manager စိုင်းဇွမ်ဖာ့က ဆိုပါတယ်။

Photo : Myanmar idol FB

 

ပြိုင်ပွဲမှာလည်း ချမ်းမြေ့မောင်ချိုကို နောက်ဆုံးအချိန်ထိ စောင့်ဆိုင်းပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အကယ်၍ ချမ်းမြေ့မောင်ချို

အနေနဲ့ ရောက်ရှိလာနိုင်ခြင်းမရှိပါက Winner အဖြစ် ဖြိုးမြတ်အောင်က ရရှိသွားမှာဖြစ်ပြီး Voting စနစ်လည်း ရှိတော့မှာ မဟုတ်ကြောင်း သိရပါတယ်။ Myanmar Idol Season 3 ပြိုင်ပွဲကြီးကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို  တော်တော်ရရှိနေတဲ့ ပွဲလည်း ဖြစ်ပါတယ်။

ဘယ်သူဟာ Myanmar Idol Season 3 ရဲ့ Winner ဖြစ်မလဲဆိုတာကတော့ ပရိသတ်တွေ အရမ်းကို ရင်ခုန်နေကြပါပြီ။Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲ ဟာဆိုရင် သြဂုတ်လ(၁၁) ရက်နေ့ ည(၇)ခွဲမှာ ကျင်းပမှာ ဖြစ်ပါတယ်။ Myanmar idol Season 3 မှာတော့ နာမည်ကြီး အဆိုတော်များဖြစ်တဲ့ မြန်မာပြည်သိန်းတန် ၊ ရန်အောင် ၊ မျိုးကျော့မြိုင်နဲ့တင်ဇာမော် တို့မှ အကဲဖြတ် ဒိုင်လူကြီးများအဖြစ် ပါဝင်ဆောင်ရွက် နေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က