သူဖြေရှင်းတဲ့ နည်းလေးကို ပြောပြထားတယ်နော်။

Social Media တွေ တွင်တွင်ကျယ်ကျယ်နဲ့ အသုံးပြုလာကြတာနဲ့အမျှ အနုပညာရှင်များဟာ ဝေဖန်တိုက်ခိုက်မှုတွေကို တော်တော်များများ ခံစားလာ ကြရပါတယ်။ ဝေဖန်တိုက်ခိုက်တဲ့သူတွေရှိသလို အနုပညာရှင်တွေရဲ့ လှုပ်ရှားမှုပုံရိပ်များကို စောင့်ကြည့်ပြီး Troll တဲ့သူများလည်း ရှိပါတယ်။ အဲ့လိုTroll တဲ့ သူတွေအပေါ် စိုင်းစိုင်းအနေနဲ့ အချက်(၃) ချက်နဲ့စဉ်းစားပြီး ပြန်ဖြေရှင်းတတ်တယ်လို့ ဆိုပါတယ်။

 

Social Media တွေ တွင်တွင်ကျယ်ကျယ်နဲ့ အသုံးပြုလာကြတာနဲ့အမျှ အနုပညာရှင်များဟာ ဝေဖန်တိုက်ခိုက်မှုတွေကို တော်တော်များများ ခံစားလာ ကြရပါတယ်။ ဝေဖန်တိုက်ခိုက်တဲ့သူတွေရှိသလို အနုပညာရှင်တွေရဲ့ လှုပ်ရှားမှုပုံရိပ်များကို စောင့်ကြည့်ပြီး Troll တဲ့သူများလည်း ရှိပါတယ်။ အဲ့လိုTroll တဲ့ သူတွေအပေါ် စိုင်းစိုင်းအနေနဲ့ အချက်(၃) ချက်နဲကစဉ်းစားပြီး ပြန်ဖြေရှင်းတတ်တယ်လို့ ဆိုပါတယ်။

ပထမတစ်ချက်အနေနဲ့ စိုင်းစိုင်းသတ်မှတ်ထားတာက ချစ်လို့ခင်လို့ စတာနောက်တဲ့သဘောမျိုးပါတဲ့။ ချစ်လို့ခင်လို့ စတာနောက်တာနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ စိတ်ဆိုးစရာမလိုသလို ပျော်ဖို့လည်းကောင်းတယ်လို့ ဆိုပါတယ်။ တစ်ခါတလေမှာတောင် သူ့ကို Troll ထားတာ လေးတွေကို ပြန်ရှဲတာမျိုးလေးတွေ ရှိတာကို တွေ့ရပါတယ်။

ဒုတိယတစ်ချက်အနေနဲ့ သူသတ်မှတ်ထားတာကတော့" တမင်ရည်ရွယ်ချက်နဲ့ ပုဂ္ဂိုလ်ရေးအရ စော်ကား ချင်တာမျိုးလည်းတွေ့ရပါတယ်။ အဲ့ဒါမျိုးကြရင်လည်း တစ်ခါတလေတော့လည်း လူဖြစ်တဲ့အတွက် စိတ်ဆိုးပါတယ်။ စိတ်ဆိုးချင်ပေမယ့်လည်း ကျွန်တော့်ရဲ့  စိတ်ဆိုးတာကို တုန့်ပြန်ဖို့ကျတော့ အချိန်က မရှိဘူး။ အထူးသဖြင့် ကျွန်တော့်အရွယ်နဲ့ဆိုရင် ကျွန်တော် ဘယ်လောက် အနုပညာလုပ်ခွင့်ရမှာလဲ။ ကျွန် တော် စဥ်းစားတယ်။ကျွန်တော်အနုပညာအလုပ်တွေအများကြီး လုပ်ချင်သေးတယ်။ ပြီးတော့ ကျွန်တော် ကံများ ကောင်းခဲ့လို့ ကျွန်တော် သူငယ်ချင်းတွေ လိုမျိုးအိမ်ထောင်ပြုချင်တယ်။ ကျွန်တော့်မှာ အချိန်အရမ်းနည်းတယ်။ အဲဒါကြောင့် ကျွန်တော့်ကို စော်ကားနေတယ်လို့ ကျွန်တော်နားလည်လိုက်ရင်တောင်မှ ကျွန်တော့်မှာ တုံ့ပြန် ဖို့အတွက် အချိန်မပေးသင့်ဘူး။ ကျွန်တော့်ကို မုန်းလို့ တိုက်ခိုက်တယ် ဆိုရင် တောင်မှ ကျွန်တော်ပြန်ပြောရင် ပြဿနာပိုများမယ်။ အချိန်ကုန်တယ်။ အဲ့အချိန်ကို ကျွန်တော့်ကို ချစ်တဲ့ ပရိသတ်ကိုပဲ ပေးချင် ပါတယ်။" ဆိုပြီး စက်တင်ဘာ(၁၄) ရက်နေ့က ပြုလုပ်တဲ့ "ပြီးခဲ့သောဇာတ်လမ်းအကျဥ်း"သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

စိုင်းစိုင်းကို ဖြိုးကြီးပေးထားတဲ့ နာမည်ပြောင်လေး

နောက်ဆုံးအချက်အနေနဲ့ သူသတ်မှတ်ထားတာက တမင်ပွဲဆူစေချင်လို့ လုပ်တာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ ချစ်လို့လည်းမဟုတ်သလို မုန်းလို့လည်း မဟုတ်ပဲ ပွဲဆူစေချင်လို့ တမင် Troll တာတွေ ရှိတယ်လို့ သူက ပြောပါတယ်။

" ပွဲဆူစေချင်တာ။ ချစ်လို့ လည်းမဟုတ်ဘူးမုန်းလို့လည်းမဟုတ်ဘူး။ အကြောင်းအရာတစ်ခုဖြစ်ပြီး ပွဲဆူစေချင်ရင် စိုင်းစိုင်းဆိုတာ အသံ မကောင်းဘူး။ ဒီကောင်ကြီးက အသံမကောင်းဘူး။ မိုးမိုးကမှ ကောင်းတာ။အဲ့တော့ စိုင်းက ခေတ်မရှိတော့ဘူး မိုးမိုးခေတ်ဆိုရင် အဲ့မှာ စိုင်းစိုင်းပရိသတ်တွေက ဟာ စိုင်းစိုင်းက ကောင်းတယ်ဆိုပြီးပရိသတ်တွေ အချင်းချင်း တွေ အပြန်အလှန်တွေဖြစ်ကော အဲ့တော့ ပွဲဆူကော ပေ့ါ။ ဘယ်သူအတွက်မှလည်းအကျိုးမရှိဘူး။ အနုပညာသမားအချင်းချင်းတွေက ဘာမှမဖြစ်ဘူး။ချစ်ခင်ပြီးသား လေးစားပြီးသားပါ။ အဲ့လို အခြေအနေမျိုးဆိုရင်လည်း သူတို့က အဲ့လိုဖြစ်စေချင်လို့လုပ်တာကို ကျွန်တော်တို့က အချိန်သွားပေးလိုက်ရင် ပရိသတ်တွေရဲ့အချိန်တွေ ဖုန်းဘေလ်တွေကုန်တယ်။အဲ့တော့ဘာမှမထူးပြန်ဘူး။ အဲ့တော့ အရိုးရှင်းဆုံးက ကျော်သွားတာအကောင်းဆုံးပါပဲ။ အဲ့ပုံစံမျိုးနဲ့ပဲ ကျွန်တော် နားလည်းဖြေရှင်းပါတယ်။ " ဆိုပြီး သူက ဆက်လက်ရှင်းပြခဲ့ပါတယ်။

 

စိုင်းစိုင်းဟာ ဆယ်စုနှစ်ကျော်ကြာ အောင်မြင်မှု တစ်ခုကို ထိန်းသိမ်းထားနိုင်တဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင် (Sai Sai Kham Leng) ဟာ ၁၉၇၉ခုနှစ် ဧပရယ်မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပြီး ယခုအချိန်မှာတော့ ပရိသတ်အခိုင်အမာရရှိထားတဲ့ အဆိုတော်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်လို့ နေပါပြီ ။ စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်းများစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က