Pre Birthday Surprise  လုပ်ခြင်းခံခဲ့ရပါတယ်။

သရုပ်ဆောင်ရွှေပိုးအိမ်တစ်ယောက် သြဂုတ်လ ၁၅ ရက်နေ့ဆိုရင် အသက် ၂၆ နှစ်ပြည့်ပြီလို့ ဆိုပါတယ်။မွေးနေ့ မတိုင်ခင် ၅ ရက်အလိုဖြစ်တဲ့ သြဂုတ်လ ၁၀ ရက်နေ့ ညက သူ့ကိုချစ်တဲ့ ပရိသတ်တွေရဲ့ Pre Birthday Surprise  လုပ်ခြင်းခံခဲ့ရပါတယ်။

Photo: Shwe Poe Eain Facebook

 

သရုပ်ဆောင်ရွှေပိုးအိမ်တစ်ယောက် သြဂုတ်လ ၁၅ ရက်နေ့ဆိုရင် အသက် ၂၆ နှစ်ပြည့်ပြီလို့ ဆိုပါတယ်။ သူ့ရဲ့ မွေးနေ့ တစ်ရက်တာကိုလည်း မိသားစုနဲ့ အတူ ဝါဆိုသင်္ကန်းကပ်လှူမှာဖြစ်ပြီး We Love တွေနဲ့အတူ အလှူအတန်းတွေ ပြုလုပ်သွားဦးမယ်လို့ Duwun media ရဲ့ အင်တာ ဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' မွေးနေ့မှာဆိုရင်တော့ အိမ်မှာပဲ ဘုန်းဘုန်းတွေကို ဝါဆိုသင်္ကန်းကပ်မယ်။ ဖိတ်ထားတဲ့ ဧည့်သည်တွေကိုတော့ ကြက်သားပလာကျွေးမယ်။ နေ့ခင်းပိုင်းကျရင် ဦးနှောက်နဲ့ အာရုံကြောဆေးရုံမှာ လူနာ ၁၀၀ စာအတွက် ထမင်းဟင်းတွေ ကျွေးမယ်။ We Love တွေပါ ပါကြမယ်ပေါ့ နော်၊ မွေးနေ့မှာ အလှူတွေနဲ့ပဲ ဖြတ်သန်းဖြစ်သွားမှာပါ'' လို့ သူကဆိုပါတယ်။

Photo: Shwe Poe Eain Facebook

 

သရုပ်ဆောင်ရွှေပိုးအိမ် တစ်ယောက် မွေးနေ့ မတိုင်ခင် ၅ ရက်အလိုဖြစ်တဲ့ သြဂုတ်လ ၁၀ ရက်နေ့ ညက သူ့ကိုချစ်တဲ့ ပရိသတ်တွေရဲ့ Pre Birthday Surprise  လုပ်ခြင်းခံခဲ့ရပါတယ်။  မွေးနေ့အကြို Surprise လုပ်တာ ခံလိုက် ရတဲ့ ရင်ထဲက ခံစားချက်ကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

'' တကယ်ကို အတိုင်းမသိပျော်ရွှင်ခဲ့ရတယ်၊ ပြီးတော့ Pre Birthday Surprise လုပ်မယ်ဆိုတာလည်း တကယ်ကိုကြိုမသိခဲ့ဘူး။ အိမ်က အဒေါ် တွေကအလုပ်ကိစ္စနဲ့ အပြင်သွားရဦးမယ်ဆိုပြီးတော့ ခေါ်သွားတာပါ။ ပီတိကတော့ Fan တွေရဲ့ မျက်နှာကို မြင်လိုက်ရတာရော ပျော်တယ်။ ပြည်ကရော၊ လားရှိုးကရော ရောက်လာတဲ့ Fan တွေဆိုရင်လည်း ကြိုရောက်နေမယ်လို့ မထင်ခဲ့ဘူး'' လို့ ဆိုပါတယ်။

Photo: Shwe Poe Eain Facebook

 

ရွှေပိုးအိမ်အတွက် ဒီနှစ်မွေးနေ့လေးကတော့ အမှတ်တရပေါင်းများစွာနဲ့ မျက်ရည်ကျလောက်အောင် ပျော်ရွှင်ခဲ့ရတယ်လို့ ဆိုပါတယ်။ မွေးနေ့ အမှတ်တရအဖြစ် We Love တွေက ပေးတဲ့ ပထမဆုံး ပျော်ရွှင်မှုတွေရခဲ့တာကြောင့် မွေးနေ့မှာလည်း We Love Fan တွေနဲ့ အတူ ပထမဆုံး အကြိမ် မွေးနေ့ကို အတူတူဖြတ်သန်းမယ်လို့ သူကဆိုပါတယ်။

'' ပျော်စရာအကောင်းဆုံးကတော့ နှင်းဆီပန်းပွင့်ပေါင်း ၁၅၀၀ ကို အစ်မတွေရော၊ Fan တွေရော ညဘက်ဆို ရွှေပိုးမသိအောင်လို့ အပင်ပန်းခံ Handmade လေး လုပ်ပေးခဲ့ကြတယ်။ ဗီနိုင်းမှာလည်း ပန်းပွင့်ချပ်လေးတွေနဲ့ Happy Birthday Shwe Poe ဆိုပြီးတော့ Fan တွေကိုယ် တိုင် လုပ်ပေးခဲ့ကြတယ်။ လက်ဆောင်တွေဆိုလည်း အနယ်နယ်အရပ်ရပ်က လက်ဆောင်တွေလည်း ရောက်လာကြတယ်'' လို့ ဆိုပါတယ်။

Photo: Shwe Poe Eain Facebook

 

ရွှေပိုးအိမ်ကို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေစတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ ဇာတ်ကားတော်တော်များများမှာ ဒုတိယမင်းသမီးနေရာက အမြဲပါဝင်ခဲ့ရသူတစ်ဦးပါ။ အခုချိန်မှာတော့ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေရပြီလို့ သိရပါတယ်။

Share

Loading Next Article...
က္က