ဒီနေ့ဟာ သူဘဝရဲ့ အကြီးမားဆုံး အမှတ်တရနေ့လေးပါ။

ဒီနေ့လေးက အောင်ထက်ရဲ့ ဘဝမှာ အကြီးမားဆုံး အမှတ်တရဖြစ်စေတဲ့ နေ့လေးတစ်နေ့ပါ။ 'အိမ်မက်ဆုံရာ-ရာသက်ပန်' သီချင်းဆိုပြိုင်ပွဲမှာ ဆုရခဲ့တဲ့ နေ့တစ်နေ့ ဖြစ်သလို သူ့ကို အဆိုတော်တစ်ဦး ဖြစ်စေခဲ့တဲ့ နေ့လည်း ဖြစ်ပါတယ်။

Photo : 7day Daily


အဆိုတော် အောင်ထက်ဟာ ဒီနေ့(ဇူလိုင်၅ရက်)က သူဘဝရဲ့ အကြီးမားဆုံး အမှတ်တရနေ့လေး တစ်နေ့ပါတဲ့။ သူဘဝရဲ့ အကြီးမားဆုံး အမှတ်တရဖြစ်ခဲ့ရတဲ့ နေ့လေးတစ်နေ့ဖြစ်ပြီး ကြည်နူးခြင်းတွေ ဝေဆာခဲ့တဲ့ နေ့ ၊ကြည်နူးမှုကြောင့် ကျခဲ့ကြတဲ့ မျက်ရည်တွေကိုလည်း မြင်တွေ့ခဲ့ရတဲ့ နေ့လေးတစ်နေ့ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

Photo : အောင်ထက် FB


"ဒီနေ့ဟာ ကျွန်တော် 'အိပ်မက်ဆုံရာ-ရာသက်ပန်' သီချင်းဆိုပြိုင်ပွဲမှာ ဆုရခဲ့တာ သုံးနှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ဒီအမှတ်တရနေ့ဟာ ကျွန်တော့်နှလုံး သား အသွေးအသား စိတ်ဝိဉာဉ်ထဲမှာ အမြဲတမ်း တန်ဖိုးထားမှုနဲ့အတူ သိမ်းဆည်းထားမှာပါ ပြန်တွေးကြည့်ရင် ခုဒီစာကို ရေးနေတဲ့အချိန်မှာ အဲဒီအချိန်ကိုပြန်ရောက်နေသလိုတောင် ခံစားရတဲ့အထိ လတ်ဆတ်နေပါတယ်ဗျာ ။အဲလောက်ထိတောင် ဒီအမှတ်တ ရနေ့က အစွမ်းရှိပါတယ်" ဆိုပြီး သူရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇူလိုင်(၅) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : အောင်ထက် FB

မိသားစုနဲ့အတူ ငပလီရောက်နေတဲ့ အောင်ထက် 

အောင်ထက်ဟာ အိမ်မက်ဆုံရာ- ရာသက်ပန်ကနေ ဆုရရှိခဲ့တာ (၃)နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။ ပြိုင်ပွဲဝင်ချိန်ကနေစပြီး အခုချိန်ထိ သူ့ကို စေတနာမေတ္တာတွေနဲ့ လမ်းညွှန်ပေးခဲ့တဲ့ ဆရာသမားများ၊ အားပေးကြတဲ့ ပရိသတ်တွေအားလုံးနဲ့ သီချင်းချစ်သူအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း သူရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ ပြောထားပါတယ်။

သူ့ရဲ့ဘဝမှာ ကိုယ်တိုင်ရူးသွပ်ပြီး ဝါသနာပါတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုခွင့်ရတာလောက် ကျေနပ်စရာကောင်းတဲ့ အလုပ် မရှိတော့ဘူးလို့လည်း ဆိုပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ဂီတလောကမှာ ဆက်လက်ကြိုးစားနေပါမယ်ဆိုပြီး ပရိသတ်တွေကို ဆက်လက် ပြောထားပါတယ်။

Photo : အောင်ထက် FB


အောင်ထက်က လတ်တလော ဖျော်ဖြေပွဲတွေ သွားဖြစ်နေတယ်လို့သိရပါတယ်။သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေကိုလည်း လုပ်နေတဲ့သူက နှစ် Album လေးအတွက် MTV စရိုက်နေပြီလို့ ဆိုပါတယ်။သူ့အနေနဲ့ အိမ်မက်ဆုံရာ ရာသက်ပန် သီချင်းဆိုပြိုင်ပွဲကြီးပြီးတဲ့နောက် ဟေ့...မိတ်ဆွေဆိုတဲ့ တစ်ကိုယ်တော်တေးစီးရီးကို ပထမဆုံးအကြိမ် ထွက်ရှိခဲ့တာဖြစ်ပြီး ဒုတိယမြောက်တစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ နှစ် Album Audio CD ကိုလည်း ၂၀၁၇ ခုနှစ်ထဲမှာ ထွက်ရှိထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က