နာမည်ကြီးလို့ ရချင်တိုင်း ရတဲ့ပွဲမဟုတ်ပါဘူးတဲ့။

ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ အမှန်အကန်ရွေးချယ်တဲ့ ပြိုင်ပွဲတစ်ပွဲ ဖြစ်သလို ဆုရရှိခဲ့တာကလည်း သူမရဲ့ ကြိုးစားမှု ပရိသတ်တွေ ရဲ့ အားပေးမှုရလာဒ်ကြောင့် ဖြစ်တယ်လို့ ဟန်တီက ဆိုပါတယ်။ ဟန်တီဟာ နိုဝင်ဘာလမှာ ကျင်းပမယ့် Miss World 2018 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Photo : ဟန်တီ FB

 

အွန်လိုင်းပေါ်မှာ ပြန့်နေတဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီး ဟန်တီက ပြန်ပြောပြခဲ့တာပါ။ သူမအနေနဲ့ Miss Myanmar World 2018 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဆုံးဖြတ်လိုက်ကတည်းက ကြိုးစားမှုတွေ အများကြီး လုပ်ခဲ့ရသလို ဒီပြိုင်ပွဲကြီးဟာ နာမည်ကြီး ချင်လို့ ရချင်တိုင်း ရတဲ့ ပွဲမဟုတ်ပါဘူးလို့ သူမက ဆိုပါတယ်။

Photo : ဟန်တီ FB

Miss Myanmar World 2018 Winner ဆုကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဟန်တီ 

"အဓိကတော့ ဟန်တီအနေနဲ့ Miss Myanmar World Organization ကို သဘောအကျဆုံး အချက်ကတော့ သူတို့က တကယ်မှန်ကန် တဲ့ ရွေးချယ်မှုနဲ့ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို အမှန်အကန်နဲ့ သူတို့ရွေးချယ်သွားတယ်။ ဟန်တီအနေနဲ့လည်း အရမ်းကြိုးစားခဲ့တယ်။ အရမ်းကြိုးစားခဲ့ရတယ် ဆိုတာကိုလည်း ဟန်တီရဲ့ Fans လည်း သိပါတယ်။ ဒီလိုလုပ်ခဲ့တဲ့ အကျိုးရလာဒ်ကြောင့်လို့ပဲ ဟန်တီ ပြောလို့ရမယ်။ ဒီပြိုင်ပွဲကလည်း တကယ်ကို ကြိုးကြိုးစားစားနဲ့လုပ်မှရမယ့် ပွဲဖြစ်တဲ့အတွက် ပရိသတ်တွေ နားလည်းပေးစေ ချင်ပါ တယ်" လို့ ဇူလိုင်(၁၆) ရက်နေ့က Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။

Photo : ဟန်တီ FB

 

သူမအနေနဲ့ ဒီဆုကို ကြေညာခါနီးမှာ အရမ်းကို စိတ်လှုပ်ရှားခဲ့ရပြီး တစ်လုံးကျင်ပြီးတော့ ဘာကိုမှ ခံစားလို့ကို မရတော့တဲ့အထိ ဖြစ်ခဲ့ရ တယ်လို့ ဆိုပါတယ်။ Miss Myanmar World Crown ကို ရခဲ့တဲ့အတွက်လည်း သူရဲ့ ပရိသတ်တွေက အရမ်းကို ပျော်ရွှင်လို့ နေကြပါတယ်။ ဟန်တီဟာ Miss World 2018 ပြိုင်ပွဲကြီးအတွက် နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံကို သွားရတော့မှာ ဖြစ်ပါတယ်။

"ဟန်တီ တရုတ်နိုင်ငံရဲ့ Sanya ဆိုတဲ့ ကျွန်းလေးမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ နိုဝင်ဘာမှာ သွားရမှာပါ။ အခုဆိုရင် အချိန်က လေးလတောင် မကျန်တော့ဘူး။ဟန်တီအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ရမယ်။ Camping တွေလည်း အများကြီး လုပ်စရာ ရှိသလို ပရိသတ်တွေ ပါဝင်နိုင်မယ့် ပရဟိတလုပ်ငန်းတွေလည်း အများကြီး လုပ်မှာ ဖြစ်တဲ့အတွက် ဟန်တီနဲ့အများကြီး ပါဝင်ပေးကြပါဦး" လို့ သူမက ဆက်ပြီး ပြောပြထားပါတယ်။

Photo : ဟန်တီ FB

 

Miss World ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ရတော့မယ့် မြန်မာကိုယ်စားပြု ဟန်တီဟာ နိုင်ငံတကာ စင်မြင့်ထက်မှာ သွားရောက် ယှဉ်ပြိုင် တဲ့အခါမှာလည်း သူမကို ဆက်ပြီးအားပေးကြပါဦးလို့ဆိုပါတယ်။ မြန်မာကို ကမ္ဘာက သိအောင် အကုန်လုံးအတူတူ လုပ်ဆောင် ချင် ပါတယ်တဲ့။

ဟန်သီတစ်ယောက်တည်းနဲ့လည်း မပြည့်စုံတဲ့အတွက် ပရိသတ်တွေရဲ့ အင်တာတွေ အများကြီးလိုအပ်တာ ကြောင့်ပရိသတ်တွေ ဆက်လက်ပြီး အားပေးကြပါဦးလို့ သူမက ပြောပြထားပါသေးတယ်။

အလှမယ် ဟန်တီဟာ Miss Supranational 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖူးခဲ့သူ တစ်ဦးဖြစ်ပြီး Top 10 Finalist အထိ တက်လှမ်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Miss Supranational Asia & Oceania ရွေးချယ်ခံရသူ တစ်ဦးဖြစ်သလို  Miss Supranational Internet ဆုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က