၃၃ သိန်းနဲ့ ၅ သောင်း လှူဒါန်းခဲ့ပါတယ်။

ဓာတ်လိုက်ပြီး သေဆုံးသွားတဲ့ ကျောင်းသားလေးရဲ့ ကျန်ရစ်သူ မိသားစုကို မြင့်မြတ်နဲ့ ယုန်လေးတို့နဲ့အတူ အနုပညာအသိုင်း အဝိုင်းက မိတ်ဆွေတွေရဲ့ အလှူငွေတွေစုပေါင်းပြီး ငွေကျပ် ၃၃ သိန်းနဲ့ ၅ သောင်းကို သွားရောက်လှူဒါန်းခဲ့ကြပါတယ်။



Photo: Yonr Lay Fb

ဓာတ်လိုက်ပြီး သေဆုံးသွားတဲ့ ကျောင်းသားလေးအတွက် သရုပ်ဆောင်မြင့်မြတ်နဲ့ ယုန်လေးတို့ လည်း စိတ်မကောင်းဖြစ်နေကြပါတယ်။ အဲ့ဒီနောက် ယုန်လေးနဲ့ မြင့်မြတ်က ၁၀သိန်း၊ သားစိုးတို့ဇနီးမောင်နှံက ၁ သိန်း၊ Lucky Seven ထုတ်လုပ်ရေးက ၅ သိန်း၊ Media 7 က တစ်သိန်း တို့အပြင် တခြား အလှူရှင်တွေထည့်ဝင်ကြတဲ့ အလှူငွေတွေနဲ့ စုစုပေါင်း ၃၃ သိန်းနဲ့ ၅ သောင်း လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

'' ဓာတ်လိုက်ပြီး အသက်ဆုံးရူံးခဲ့သော ညီလေးအတွက် တတ်နိုင်သလောက် ကျွန်တော်တို့ နဲ့ အတူ ဝိုင်းဝန်းကူပေးတဲ့ ညီအစ်ကို များကိုလည်း အရမ်းကျေးဇူးတင်ပါသည်'' ဆိုပြီးတော့ ကလေးလေးရဲ့ မိခင်ကို သွားရောက်လှူဒါန်းခဲ့ကြတဲ့ အမှတ်တရဓာတ်ပုံတွေကို ဇူလိုင်လ ၁၆ ရက်နေ့ည ၉ နာရီလောက်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် ရေးသားတင်ပြခဲ့ပါတယ်။

Photo: Yonr Lay Fb

ဖွဲမီးသဂြိုဟ်စက်တည်ဆောက်ဖို့ သိန်း(၂၀)ကျော် လှူခဲ့တဲ့ ထူးအယ်လင်း 

ကလေးလေးရဲ့ သတင်းကို ကြားပြီး စိတ်မကောင်းဖြစ်နေတဲ့ သူတို့နှစ်ဦးက ကျန်ရစ်သူ မိသားစု အတွက် တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးဖို့ကိုလည်း ဇူလိုင်လ ၁၆ ရက်နေ့ မနက်ပိုင်းကတည်းကစီစဉ်နေတာဖြစ်ပါတယ်။

"ဒီသတင်းလေး ကို တကယ်စိတ်မကောင်းဖြစ်မိပါတယ် ။ ကျွန်တော်တို့ နှစ်ယောက် သားလေးရဲ့မိဘတွေကို တတ်နိုင်သလောက် ကူညီချင် ပါတယ်။ ရူတင်ပြီးတာနဲ့ နှစ်ယောက်လုံး အိမ်တိုင်ယာရောက်သွားအားပေးမှာပါ " ဆိုပြီး ယုန်လေးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇူလိုင်(၁၆) ရက်နေ့ ရေးသားထားပါတယ်။

Photo: Yonr Lay Fb

 

သေဆုံးသွားတဲ့ ကလေးလေးဟာ အဋ္ဌမတန်းကျောင်းသားလေး ဖြစ်ပြီး တောင်ဥက္ကလာမြို့နယ် သံသုမာလမ်းပေါ်မှာ ပြတ်ကျနေတဲ့ ဓါတ်ကြိုးကို ထိမိပြီး နေရာမှတင် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ မြင့်မြတ်နဲ့ ယုန်လေးတို့ဟာ ပရဟိတစိတ်ဓာတ်ရှိသူ တွေဖြစ်ကြပါတယ်။ သူတို့ရှေ့မှာ အကူအညီလိုအပ်တာတွေကိုမြင်ရင် မကူညီပဲ မနေတတ်သူလည်း ဖြစ်ပါတယ်။

Photo: Yonr Lay Fb

 

ယုန်လေးက လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေ လုပ်နေပြီး သူရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်နိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။ မြင့်မြတ်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးလျက်ရှိပါတယ်။

ပရိသတ်တွေအတွက် ဇာတ်ကားကောင်း တွေ ကြည့်ရှုနိုင်ဖို့ ကြိုးစားနေတဲ့ မြင့်မြတ်ဟာ ကျရာ ကာရိုက်တာကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ ဖြစ်ပါတယ်။ မြင့်မြတ်ဟာ မကြာခင် ဖခင်တစ်ယောက်ဖြစ်တော့မှာပါ။ မကြာခင် လပိုင်းလောက်မှာ မြင့်မြတ်တို့ ဘဝထဲကို သားရင်သွေး ရတနာ လေး ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က