AD
AD
AD

အောင်ပန်းမှာ ရောက်နေတဲ့ ဦးကျော်သူက နာရေးကူညီမှုအသင်း(အောင်ပန်း)နဲ့အတူ ပရဟိတလှုပ်ရှားမှုတွေ ပြုလုပ်နေပါ တယ်။ အာဇာနည်နေ့မှာ အာဇာနည်ခေါင်းဆောင်ကြီးများအတွက် လွမ်းသူပန်းခွေများချရင်းနဲ့လည်း ဦးကျော်သူက ကတိသစ္စာ တစ်ခုကို ပြုခဲ့ပါတယ်တဲ့။

play
Photo : ဦးကျော်သူ FB

 

ရုပ်ရှင်မင်းသား ဘဝကနေ အခုချိန်မှာ ပြည်သူတွေရဲ့ အကျိုးကို သယ်ပိုးထမ်းရွက်နေတဲ့ ပရဟိတမင်းသားကြီး ဦးကျော်သူက အာဇာနည်နဲ့ မှာ သစ္စာတစ်ခု ပြုလုပ်ပါတယ်။ ဒီနေ့(ဇူလိုင်၁၉ရက်) အာဇာနည်နေ့မှာ အောင်ပန်းမြို့ကို ရောက်ရှိနေတဲ့ ဦးကျော်သူဟာ အောင်ပန်းမှာ ရှိတဲ့ နာရေး ကူညီမှုအသင်းနဲ့အတူ အာဇာနည်ခေါင်းဆောင်ကြီးများအားအတွက် လွမ်းသူ့ပန်းခွေများ ချခဲ့ပါတယ်တဲ့။

play
Photo : ဦးကျော်သူ FB

 

လမ်းသူ့ပန်းခွေတွေချရင်းနဲ့ ကျော်သူက ယခုလို သစ္စာပြုခဲ့တာ ဖြစ်ပါတယ်။

"သစ္စာပြုခဲ့သည့် အာဇာနည်နေ့။ အောင်ပန်းမြို့ရောက်ရှိနေသော (၁၉)ဇူလိုင်နေ့တွင် နာရေးကူညီမှုအသင်း(အောင်ပန်း)နှင့်နာရေး ကူညီမှု အသင်း(ရန်ကုန်)မှ ကျွန်တော်ပူးပေါင်းကာ အာဇာနည်ခေါင်းဆောင်ကြီးများအားလွမ်းသူ့ပန်းခွေချခဲ့ကာ အာဇာနည်ခေါင်း ဆောင်ကြီး များ၏ လမ်းညွှန်ဆုံးမထားသည့်စကားအတိုင်း အမိမြန်မာပြည်ကြီးအား ပရဟိတစိတ်ဓါတ်စစ်မှန်စွာဖြင့် ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြု ပေးဆပ် သွားမည်ဟုထပ်မံသစ္စာပြုခဲ့ပါသည်။(ကျော်သူ)" ဆိုပြီး ဇူလိုင်(၁၉) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။

play
Photo : ဦးကျော်သူ FB

 

ကျော်သူဟာ ၁၉၈၄ခုနှစ်ကစလို့ "ချစ်ကြိုးလေးနှစ်မျှင်" ဇာတ်ကားနဲ့ အနုပညာလောကထဲရောက်ရှိလာခဲ့ပြီး ဇာတ်ကားပေါင်း ၂၀၀ကျော် ရိုက်ကူးခဲ့ကာ အနုပညာလောကတွင် အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။

ကျော်သူဟာ ၁၉၉၄ခုနှစ်တွင် အကောင်း ဆုံးအမျိုးသားဇာတ်ဆောင်ဆုကို "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာကို အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။

play
Photo : ဦးကျော်သူ FB

 

၂၀၀၇ခုနှစ်နောက်ပိုင်းတွင် အနုပညာအလုပ်တွေရပ်နားခဲ့ပြီးနောက်ပိုင်းမှာ ပရဟိတသမားကြီးတစ်ဦးအဖြစ် ပရိသတ်တွေရဲ့ ရင်ထဲနေရာ တစ်နေရာယူထားနိုင်သူလည်း ဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ယခုအစိုးရသစ်လက်ထပ်မှ စတင်ကာ အနုပညာအလုပ် တွေ ပြန်လည်လုပ်ကိုင်လာသူလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD