မိဘခြေရာဆိုတာ သားသမီးတွေ ယူတတ်မှရတာ။

မိဘနှစ်ပါးရဲ့ ခြေရာနှစ်စုံကို ဆီလီကွန်ပုံတူရလို့ ဦးကျော်သူတစ်ယောက် အပျော်ကြီးပျော်နေပါတယ်။ ဆယ်စုနှစ်ကြာ အနုပညာ လောကနဲ့ ဝေးကွာခဲ့တဲ့ ဦးကျော်သူဟာအခုချိန်မှာတော့ ကိုယ်တိုင်မင်းသား လုပ် ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးတော့ အနုပညာလောကထဲ ပြန်လည် ဝင်ရောက်လာပါပြီ။

Photo: Kyaw Thu Fb

 

ပြည်သူချစ်ပရဟိတမင်းသားကြီး ဦးကျော်သူတစ်ယောက် အဖေ့ခြေရာနဲ့ အမေ့ခြေရာ နှစ်စုံကို ဆီလီကွန်ပုံတူရလို့ အပျော်ကြီးပျော်နေတာကို တွေ့ရပါတယ်။ မိဘခြေရာဆိုတာလည်း သားသမီးတွေက ယူတက်မှ ရတာဆိုပြီးတော့လည်း သူ့ရဲ့ ပရိသတ်တွေကို ဦးကျော်သူက ပြန်လည် ပြောထားပါသေးတယ်။

'' အဖေ့ခြေရာ နဲ့ အမေ့ခြေရာ ရပြီဗျ။ဆီလီကွန်ပုံတူပညာရှင် ကိုအောင်ကျော်ထွန်းထံအပ်နှံ ထားသည့် ဖခင် ဦးစိန်တင်နှင့် မိခင် ဒေါ်မြသန်း တို့၏ခြေရာနှစ်စုံအားယနေ့ ကိုအောင်ကျော်ထွန်း၏ ဇနီးမှလာရောက် ပေးအပ်သွားပါပြီ'' ဆိုပြီးတော့ ဇူလိုင်လ ၂၁ ရက်နေ့ နေ့လည် ၁ နာရီ ခန့်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ အမှတ်တရ ဓာတ်ပုံတင်ခဲ့ပါတယ်။

Photo: Kyaw Thu Fb

 

ကျော်သူဟာရုပ်ရှင်မင်းသားဖြစ်စဉ်တုန်းက "ချစ်ကြိုးလေးနှစ်မျှင်" ဇာတ်ကားနဲ့ အနုပညာလောကထဲရောက်ရှိလာခဲ့ပြီး ဇာတ်ကားပေါင်း ၂၀၀ကျော် ရိုက်ကူးခဲ့ကာအနုပညာ လောကတွင် အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။ အကောင်းဆုံး အမျိုးသား ဇာတ် ဆောင် ဆုကို "တပြည်သူ မရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီးအကောင်းဆုံးဒါရိုက်တာကို အမေ့နို့ဖိုး ရုပ်ရှင် ဇာတ်ကားနဲ့ ရရှိထားပါတယ်။

အာဇာနည်နေ့မှာ သစ္စာပြုလိုက်တဲ့ ကျော်သူ 

အခုချိန်မှာတော့ သရုပ်ဆောင်ကျော်သူက နာရေးကူညီမှုအသင်းကို နှစ်ပေါင်းများစွာ တည်ထောင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာလည်း ပရဟိတ အလုပ်တွေကိုပါ ပူးတွဲဆောင်ရွက်လျှက်ရှိပါတယ်။ ပရဟိတမင်းသားကြီးတစ်ယောက်ဖြစ်တဲ့ ဦးကျော်သူကိုတော့ လေးစားချစ်ခင်ကြတဲ့ အနုပညာရှင်တွေရော ပရိသတ်တွေကပါ အားပေးလျှက်ရှိနေပါတယ်။

Photo: Kyaw Thu Fb

 

၂၀၀၇ခုနှစ်နောက်ပိုင်းတွင် အနုပညာအလုပ်တွေရပ်နားခဲ့ပြီးနောက်ပိုင်းမှာ ပရဟိတသမားကြီးတစ်ဦးအဖြစ် ပရိသတ်တွေရဲ့ ရင်ထဲနေရာ တစ်နေရာယူထားနိုင်သူလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက်၂၀၁၇ ခုနှစ်က စလို့ အနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင် လျှက်ရှိပြီး ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလည်း ရှိပါသေးတယ်။

Share

Loading Next Article...
က္က