AD
AD
AD

ပရဟိတအလုပ်တွေ လုပ်နေရရင် ပျော်နေတဲ့ သူမက အားလပ်ချိန်လေးတွေမှာ နာရေးကူညီမှု အသင်းတွင် ပါဝင်ကူညီလျက် ရှိပါတယ်။ သွေးလှူဒါန်းခြင်းကိုလည်း ခဏခဏလုပ်တတ်တဲ့ သူမက သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း လှူဒါန်းထားသူ ဖြစ်ပါတယ်။

play
Photo : မေသက်ခိုင် FB

 

သရုပ်ဆောင် မေသက်ခိုင်ဟာ သူမရဲ့ အားလပ်ချိန်လေးတွေကို ပရဟိတအလုပ်လေးတွေနဲ့ကုန်ဆုံးတတ်သူပါ။ ဒီနေ့(ဇူလိုင်၂၄ရက်)မှာလည်း မေသက်ခိုင်ဟာ သူငယ်ချင်းတွေနဲ့အတူ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)နဲ့အတူ ပရဟိတအလုပ်လေးတွေ ပါဝင်ကူ ညီလုပ်ကိုင်ပေးနေတာ တွေ့ရပါတယ်။

မိုးထဲလေထဲမှာ သူငယ်ချင်းတွေနဲ့အတူ လုပ်အားပေးဖြစ်ခဲ့တာပါ။ သူမရဲ့ လုပ်အားပေးမှုကိုလည်း ဦးကျော်သူက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားပြီး ပြောထားတာ တွေ့ရပါတယ်။

play
Photo : မေသက်ခိုင် FB

 

"နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ လုပ်အားပေးအသင်းသူ ရုပ်ရှင်သရုပ်ဆောင် မေသက်ခိုင် နှင့် သူငယ်ချင်းများမှ အများပြည်သူတို့အတွက် အားလပ်သောအချိန်များတွင် ပေးဆပ်ကူညီလျှက်ရှိရာ ကွယ်လွန်သူ ဦးသောင်းအေး အသက်(၅၄)နှစ်အား မင်္ဂလာဒုံမြို့နယ် နေအိမ်မှ ရေဝေးသုဿာန်သို့ နိဗ္ဗာန်ယာဉ်ဖြင့် သယ်ဆောင်ကာ ပို့ဆောင်ကူညီပေးခဲ့သည်"ဆိုပြီး ဇူလိုင်(၂၄)ရက်နေ့က ကျော်သူရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play
Photo : မေသက်ခိုင် FB

 

မေသက်ခိုင်ဟာ ရန်ကုန်ကို ပြန်ရောက်နေတဲ့ အချိန်အတောအတွင်းလေးမှာ ဦးကျော်သူ နာရေးကူညီမှုအသင်းနဲ့အတူ ပရဟိတအလုပ်တွေ လုပ်ကိုင်လျက်ရှိပါတယ်။ ဇူလိုင်(၁၂) ရက်နေ့ကလည်း နာရေးကူညီမှုအသင်းနဲ့အတူ လုပ်အားပေးခဲ့သလို ဇွန်လ(၂၅) ရက်တုန်းကလည်း (၄)ကြိမ်မြောက် သွေးလှူဒါန်းခြင်းကို ပြုလုပ်ခဲ့ပါတယ်။

မေသက်ခိုင်ဟာ ဖေဖော်ဝါရီလ တုန်းက လည်း နှလုံးရောဂါနဲ့ ခွဲစိတ်မှုခံယူရမယ့် ကလေးလေးအတွက် သွေးလှူပေးခဲ့ပါသေးတယ်။ ကလေးငယ်လေးရဲ့ ခွဲစိတ်မှုဟာအောင်မြင်ခဲ့လို့ ဝမ်းသာပီတိဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

play
Photo : မေသက်ခိုင် FB

 

မေသက်ခိုင်က ၂၀၁၆ခုနှစ် သူမရဲ့ မွေးနေ့တုန်းကလည်း မွေးနေ့အမှတ်တရ အလှူအဖြစ် ခန္ဓာကိုယ် တစ်ခုလုံးကို ခန္ဓာဗေဒဌာန ဆေးတက္ကသိုလ်(၂)၊ ရန်ကုန်တွင် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သရုပ်ဆောင်မေသက်ခိုင်ဟာ အနုပညာလောကနဲ့ နည်းနည်း အလှမ်းဝေးနေခဲ့တာဖြစ်ပါတယ်။

ဇာတ်ကားရိုက်ကူးမှုတွေ မတွေ့ရတော့တဲ့ မေသက်ခိုင်ကို ပရိသတ်တွေက ဇာတ်ကားပြန်ရိုက်ဖို့ တောင်းဆိုထားတာတွေလည်း Comment တော်တော်များများမှာ တွေ့ရပါတယ်။

play
Photo : မေသက်ခိုင် FB

 

ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ချစ်စဖွယ်အသံလေးကို ပိုင်ဆိုင်ထားတဲ့ မေသက်ခိုင်ဟာ ပရိသတ်တွေချစ်တဲ့ အားပေးတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်သလို ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီမေသဉ္ဇာဦးရဲ့ အနုပညာမျိုးဆက်သစ် တူမတော်စပ်သူ လေးဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD