ဦးမင်းစိန်လည်းပါဝင်ကူညီတာနော်။

 



 

ဝေဠုကျော်  ပရဟိတအဖွဲ့နဲ့အတူ ကိုလူချော အဖွဲ့ဝင်များကလည်း ဘီးလင်းမြို့က ရေဘေးသင့်ပြည်သူတွေဆီ သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။ ပြည်သူတွေအတွက် သူတို့ဘက်ကလည်း တက်နိုင်သလောက် ပါဝင်ကူညီပေးခဲ့တာ တွေ့ရပါတယ်။

ဘီးလင်းမြို့က ရေဘေး သင့်ပြည်သူများအတွက် ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများက လှူဒါန်းတဲ့ အဝတ် အထည်၊ အစားအသောက်၊ လှူဒါန်းငွေများကို လုပ်သားများကိုယ်စား ကိုလူချောအဖွဲ့ဝင်များဖြစ်ကြတဲ့ ဦးမင်းစိန်း၊ ဦးသရဲ၊ ဦးကရင်မ တို့နဲ့ အတူ အောင်အောင်တို့က ဝေဠုကျော် ပရဟိတအဖွဲ့နဲ့အတူ လိုက်ပါ၍ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

 

ကိုလူချော အဖွဲ့ဝင်များရဲ့ ပါဝင်ကူညီမှုတွေနဲ့အတူကို ကြည့်ပြီး ပရိသတ်တွေလည်း ဝမ်းသာပီတိဖြစ်နေကြပါတယ်။ ဘင်တောင်ပြိုကျပြီး ရေနစ်မြှပ်ကာ ပိတ်မိနေတဲ့ နတ်ကြီးရွာသို့လဲ ရိက္ခာများ သွားရောက်ပို့ဆောင်ပေးခဲ့သေးတယ်လို့ ဝေဠုကျော် ဖောင် ဒေးရှင်း ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။

"ဘင်တောင်ပြိုကျပြီး ရေနစ်မြှပ်ကာ ပိတ်မိနေသော နတ်ကြီးရွာသို့ လဲ ရိက္ခာများအား ရေတတန် ကုန်းတတန် ခက်ခက်ခဲခဲ အဆင့်ဆင့် အခေါက်များစွာ ပို့ဆောင်ပြီး အလှမ်းဝေးလှသည့် နတ်ကြီးရွာနှင့် အနီးဆုံးသို့ ရိက္ခာများ ရောက်ရှိနေပါပြီ။ဘီးလင်းမှ ၂၂မိုင် ဝေးကွာသည့် နတ်ကြီးရွာသို့ ရေလမ်း ၊ကုန်းလမ်း နောက်ရေ လမ်း မှတဆင့် လိုအပ်နေသောဆန်အိတ် များနှင့် စားနပ်ရိက္ခာများကို အရောက် ပို့ဆောင်ပေး မည် ဖြစ်ပါသည်။: ဆိုပြီး ဇူလိုင် (၂၉) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

အကယ်ဒမီပေးပွဲက ကျန်ရှိနေတဲ့ ပိုက်ဆံကို ဇာတ်ပို့ဇာတ်ရံတွေအတွက် ကူညီဖို့ ထားရှိမည် 

ဘီးလင်းမြို့ရှိ ရေဘေးသင့် ပြည်သူများဆီ သွားရောက်ကူညီပြီးသွားရင်လည်း ကရင်ပြည်နည်ဘက်သို့ သွားဦးမှာ ဖြစ်တယ်လို့ဝေဠုကျော်က ပြောထားပါတယ်။ သူကိုယ်တိုင် မပါဝင်နိုင်တဲ့ နေရာတွေမှာ ဝေဠုကျော် ဖောင်ဒေးရှင်း အဖွဲ့တွေ ခွဲပြီး ရေနစ်မြှပ်နေတဲ့ ဒေသအသီးသီးသို့ သွားရောက်ကူညီနေကြပြီဆိုတာကိုလည်း ပရိသတ်တွေကို အသိပေးထားတာ တွေ့ရပါတယ်။

ကိုလူချော အဖွဲ့ဝင်များဟာ အနုပညာလောကထဲမှာ  အချိန်အတော်ကြာ ရပ်တည်နိုင်တဲ့အနုပညာရှင်များဖြစ်သလို ပရိသတ်အားပေးမှု ရရှိထားသူတွေလည်း ဖြစ်ပါတယ်။

 

ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။

ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က