ပဲခူးရေးဘေးသင့် ပြည်သူများဆီ သွားရောက်ခဲ့တာပါ။

အကယ်ဒမီ ဆုရှင်လေး ပိုင်ဖြိုးသုဟာ ပဲခူးရေဘေးသင့် ပြည်သူတွေအတွက် ပရိသတ်တွေကိုယ်စား လိုအပ်တာတွေ သွားရောက် လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။ မကြာသေးခင် ရက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးရဲ့ ကျန်းမာရေးသံတမန် တစ်ဦးအနေနဲ့ ခန့်အပ်ခြင်း ခံခဲ့ရပါသေးတယ်။



Photo : ပိုင်ဖြိုးသု FB

 

သရုပ်ဆောင် ပိုင်ဖြိုးသုက မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို)က ဆရာဝန်ကြီးများနဲ့အတူ ရေဘေးသင့်ပြည်သူများဆီ သွားရောက်ကူညီ ခဲ့တယ်လို့ သိရပါတယ်။ပဲခူးရေဘေးသင့် ပြည်သူတွေအတွက် ပရိသတ်များရဲ့ ကိုယ်စား ငါးသေတ္တာနဲ့ ဘီစကစ်မုန့်တွေ သွားရောက်လှူဒါန်း ခဲ့တယ်လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။

Photo : ပိုင်ဖြိုးသု FB

 

"မနေ့က မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) မှဆရာဝန်ကြီးများနှင့်အတူ ပဲခူးရေဘေးသင့်ပြည်သူများအတွက် ခုနစ်ရက်သားသမီး ပရိတ် သတ်များ ကိုယ်စားငါးသေတ္တာနှင့်ဘီစကစ်မုန့်များလှူဒါန်းခဲ့ပါတယ်။ လိုက်ပါလှူဒါန်းဖို့ဖိတ်ခေါ်ပေးကြတဲ့ ပါမောက္ခဒေါက်တာဒေါ်မာမာကြည် ပါမောက္ခဒေါက်တာဒေါ်အေးအေးကြီးနှင့် ဒေါက်တာဦးဝင်းဇော်တို့အားလည်းအထူးပင်ကျေးဇူးတင်ပါတယ်ရှင်" ဆိုပြီး သြဂုတ်လ(၁) ရက်နေ့ က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ပိုင်ဖြိုးသု FB

 

ပိုင်ဖြိုးသုဟာ ဇူလိုင်(၂၉) ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာရဲ့ ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေးသံတမန် တစ်ဦးအနေနဲ့ ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ဒေါက်တာမလေး ပိုင်ဖြိုးသုအနေနဲ့လည်း ပေးအပ်သမျှ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပါမည်ဆိုပြီး သူမရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ်အကောင့်ကနေ ဇူလိုင်(၂၉) ရက်နေ့က ပြောထားပါသေးတယ်။

Photo : ပိုင်ဖြိုးသု FB

လူကြမ်းတွေနဲ့ စက်မှုအဖွဲ့သားတွေကို အသက်အာမခံလုပ်ပေးမယ့်အကြာင်း ပြောပြတဲ့ ပိုင်ဖြိုးသု 

ပိုင်ဖြိုးသုဟာ အနုပညာအလုပ်ကို ဝါသနာပါလွန်းတဲ့အတွက် ဆရာဝန်ဘဝကို လက်လွှတ်ခဲ့သူလည်း ဖြစ်ပါတယ်။ ပိုင်ဖြိုးသု ဟာ ဆေး တက္ကသိုလ် ကျောင်းသူ ဘဝကတည်းက အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခဲ့ ပါသေးတယ်။

အဲ့ဒီနောက် ပညာရေးကို ဦးစားပေးခဲ့လို့ ပရိသတ်တွေနဲ့ ခဏတာ အဆက် အသွယ် ပြတ်နေခဲ့တာပါ။ ကျောင်းပြီးသွား အချိန်မှာ အနုပညာ ပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်ဦးအဖြစ် သရုပ်ဆောင်အလုပ်ကို ပြန်လည် ဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်။

Photo : ပိုင်ဖြိုးသု FB

 

ပိုင်ဖြိုးသုဟာ အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာရင်း ရုပ်ရှင်ဇာတ်ကားကြီးတော်တော်များများလည်း ရိုက်ကူးခဲ့ပါတယ်။ အဲ့ဒီနောက် ဘီလူးမ၊ သရဲမနှင့် မိန်းမပျို ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၇ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကိုလည်း ပိုင်ဖြိုးသု က ဆွတ်ခူး နိုင်ခဲ့ပါတယ်။

ပိုင်ဖြိုးသု က ဇွန်လအတွင်းမှာ သူ့ရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ခဏရပ်နားခဲ့ပါသေးတယ်။ အခုချိန်မှာတော့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်လို့ ရုပ်ရှင်ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးနေပြိလို့ သိရပါတယ်။ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ ဗစ်တိုးရီးယားရုပ်ရှင်ထုတ်လုပ်ရေးနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်ရိုက်ဖို့ရှိတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က