AD
AD
AD

ပရဟိတမင်းသမီးလေး မိုးစက်ဝိုင်က ပဲခူးက ရေဘေးသင့်ပြည်သူများဆီသို့ သွားရောက် ကူညီမယ်လို့ ဆိုပါတယ်။ သူမနဲ့အတူ အောန်ဆိုင်း၊ ခါရာ၊ ထွန်းကိုကိုတို့လည်း အတူလိုက်ပါ လှူဒါန်းမယ်လို့ ပြောထားပါတယ်။

play
Photo : မိုးစက်ဝိုင် FB

 

ပရဟိမင်းသမီးချောလေး မိုးစက်ဝိုင်က သြဂုတ်လ(၄) ရက်နေ့မှာပဲခူးရေဘေးသင့် ပြည်သူများဆီသို့ လိုအပ်တာလေးတွေ သွားလှူမယ်လို့ သိရပါတယ်။ နှစ်တိုင်းနှစ်တိုင်းမှာ သူမတတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီပေးဖြစ်နေတဲ့ မိုးစက်ဝိုင်က ဒီနှစ်မှာလည်း ရေဘေးသင့် ပြည်သူများ ဆီသို့ သွားရောက်လှူဦးမှာ ဖြစ်ပါတယ်။

"မနက်ဖြန်မနက် ပဲခူးသွားပြီးရေဘေးအတွက်အလှူလေးသွားလုပ်ပါမယ် . အလှူငွေတွေကိုတော့ ဒီနှစ်အတွက် သီးသန့်ထက် မကောက်ထား ပါဘူး။ အလှူငွေနဲ့ ပစ္စည်းစာရင်းကိုတော့ မြန်မာ့နှလုံးသား အသင်းပေ့ရ်မှာပဲကြေညာသွားပါ့မယ်။ မိုးစက်လည်း ကိုယ့်ပိုင်အလုပ်( moezy by moesetwine )စပြီးချိန်ကစပြီး မအားတာနဲ့ အလှူတွေကို ကိုယ်တိုင်ဦးဆောင်ပြီးမသွားဖြစ်တာကြာပါပြီ"လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၃) ရက်နေ့က ရေးသားထားတာ တွေ့ရပါတယ်။

play
Photo : မိုးစက်ဝိုင် FB

 

သူမအနေနဲ့ ကိုယ်ပိုင်စီးပွားရေး စတင်လိုက်ချိန်ကတည်းက ပရဟိတလုပ်ငန်းစဉ်တွေ တော်တော်နည်းသွားခဲ့တယ်တဲ့။ နောက်ပိုင်းမှာတော့ ကိုယ်ပိုင်စီးပွားရေးကော ပရဟိတလုပ်ငန်းတွေကိုပါ မလစ်ဟင်းရအောင် ထပ်ပြီး ကြိုးစားပ့ါမယ်လို့ ဆိုပါတယ်။ ပဲခူးရေဘေးအလှူမှာ မိုးစက်ဝိုင်နဲ့ အတူ အောန်ဆိုင်း၊ခါရာ၊ ထွန်းကိုကိုတို့က သွားရောက်ကူညီမှာ ဖြစ်တယ်လို့ သိရပါတယ်။

အကူအညီလိုအပ်တဲ့နေရာတွေ အများကြီး ရှိပေမယ့်လည်း မိုးစက်ဝိုင်တို့အနေနဲ့ နေ့ချင်းပြန်နိုင်တဲ့ နေရာကိုပဲ သွားလှူနိုင်တဲ့အတွက် တောင်းပန်ထားတာကိုလည်း တွေ့ရပါတယ်။

play
Photo : မိုးစက်ဝိုင် FB

 

"အကူညီလိုတဲ့နေရာတွေကအများကြီးပါ . မိုးစက်တို့အဖွဲ့အနေနဲ့ နေ့ချင်းပြန်နိုင်တဲ့နေရာကိုပဲသွားနိုင်တာတော့ဝန်ခံတောင်းပန်ပါရစေ . ဖြစ်နိင်မယ်ဆိုရင်အခက်ခဲဆုံးအပင်ပန်းဆုံးနေရာတွေကိုပဲ သွားနိုင်ချင်ပါတယ် . ဒါပေမဲ့ကိုယ့်မနိုင်သေးတဲ့ဝန်ဖြစ်နေလို့ တခြားလုပ်ဆောင် နိုင်သူများကို အားကျ ဂုဏ်ယူရင် ကိုယ်လုပ်နိုင်တဲ့နေရာလေးတွေကိုသွားလှူပါ့မယ်နော် ." ဆိုပြီး သူမက ဆက်လက်ပြောထားပါသေးတယ်။

မိုးစက်ဝိုင်ဟာ သရုပ်ဆောင် လုပ်ငန်းတွေ မလုပ်ဆောင်မီ အချိန်ကတည်းက ပရဟိတအလုပ်ကို လုပ်ဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ Myanmar Heart's Charity အဖွဲ့နဲ့အတူ ပရဟိတအလုပ်တွေ များစွာ လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ မိုးစက်ဝိုင်ကတော့ ၂၀၁၃ခုနှစ် Miss Universe Myanmar ရဲ့ အလှမယ် တစ်ဦးလည်း ဖြစ်ပါတယ်။

play
Photo : မိုးစက်ဝိုင် FB

 

အဲ့ဒီအလှမယ် ပြိုင်ပွဲပြီးတဲ့နောက်ပိုင်းမှာ ပရိသတ်တွေ သတိထားမိလာတဲ့ သူမက ကြော်ငြာများ ရုပ်ရှင်ဇာတ်ကားများလည်း ရိုက်ကူးလျက် ရှိပါတယ်။ဒါရိုက်တာကျော်ဇော်လင်းရိုက်ကူးမယ့် " သတ္တိရှိရင် လောင်းမလား" ရုပ်ရှင်ဇာတ်ကားနဲ့ ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကား တို့မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူမရဲ့ သရုပ်ဆောင်မှုတွေကိုလည်း ပရိသတ်တွေ မကြာခင်မှာ တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD