AD
AD
AD

ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့ သားလေးသိဒ္ဓိစစ်အတွက် မေမေ မယ်လိုဒီကတော့ မိဘ ဆရာသမားတွေ သွန်သင်ဆုးံမ တာကို နားလည်လွယ် သင်ယူလွယ် တတ်မြှောက်လွယ် နာခံလွယ်သူ ဖြစ်ပါစေလို့ နေ့တိုင်း ဆုတောင်းတယ်လို့ ဆိုပါတယ်။ ၃နှစ် အရွယ်သားလေးက ကိုယ်ပိုင်ဝင်ငွေနဲ့ အလှူတွေလည်း လုပ်ခဲ့သလို မိဘတွေကို ကူညီနိုင်နေပြီလို့ ဆိုပါတယ်။

play
Photo: Melody Facebook

 

သရုပ်ဆောင် မယ်လိုဒီက သားလေး သိဒ္ဓိစစ် ဘယ်လောက် လိမ္မာကြောင်းကို အခုလို စာရေးဖွဲ့ပြီး ပြောပြထားပါတယ်။ သားလေးဟာ မိဘ၊ ဆရာသမားတွေရဲ့ ဆုံးမသွန်သင်မှုကို နားလည်လွယ်စေသူ၊ နာခံလွယ်စေသူ တစ်ယောက်ဖြစ်ဖို့ အတွက်လည်း မေတ္တာပို့ရင်း ဆုတောင်း လေ့ရှိတယ်လို့ သိရပါတယ်။

''သားလေးကလိမ်မာပါတယ်။ကျွန်မကပိုပြီးလောဘကြီးနေတာ တစ်ခါတလေ စေတနာမေတ္တာတွေက အထားအသိုမတတ်ရင် အဆိပ် ဖြစ်စေ တယ်။ ကျွန်မဆုတောင်းတိုင်းသားလေး က မိဘ ဆရာသမားတွေ သွန်သင်ဆုးံမတာကို နားလည်လွယ် သင်ယူလွယ် တတ်မြှောက်လွယ် နာခံလွယ်သူ ဖြစ်ပါစေလို့ နေ့တိုင်း ဆုတောင်းတယ်'' ဆိုပြီးတော့ သရုပ်ဆောင်မယ်လိုဒီ ရေးသားထားပါတယ်။

play
Photo: Melody Facebook

 

သားလေး သိဒ္ဓိစစ်ဟာ ငယ်ငယ်ကတည်းက ကလေးပစ္စည်းကြော်ငြာလေးတွေရိုက်ကူးနေရတာဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာအလုပ်ကနေ ရရှိလာတဲ့ ငွေကြေးနဲ့ အလှူအတန်းတွေလည်း လုပ်နိုင်ခဲ့တယ်။ မိဘတွေကိုလည်း တစ်ဖက်တစ်လမ်းကနေ ကူညီနိုင်ခဲ့တယ်ဆိုပြီးတော့ သြဂုတ်လ ၅ ရက်နေ့ မနက် ၈ နာရီခွဲက မယ်လိုဒီ ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

''၃နှစ် ဆိုတဲ့အသက်အရွယ်မှာ မိဘကိုကူညီနေပြီ သူ့လုပ်အားခလေးနဲ့သူပြန်လှူနိုင်ပြီ ထီဆု အသေးလေးတွေပေါက်တာလဲ ၇ ကြိမ်ရှိပြီ။ ကျွန်မ သာ လောဘကြီးနေတာ မိဘတွေစေတနာမေတ္တာအထားအသို မေတ္တာပြတာလမ်းမှန်ပါစေ။ သားသမီးတွေ မိဘရဲ့စေတနာ မေတ္တာ တွေ နားလည်နိုင်ကြပါစေ မိဘကသက်ရှိထင်ရှား မြတ်ဘုရားဆိုတာ နားလည်နိုင်ကြပါစေ'' လို့လည်း ဆက်လက်ရေးသားထားပါသေးတယ်။

play
Photo: Melody Facebook

 

သရုပ်ဆောင်အကယ်ဒမီ မယ်လိုဒီရဲ့ သားလေးကတော့ အခုဆိုရင် ၃ နှစ်ကျော်အရွယ်ရောက်နေပါပြီ။ သားလေး သိဒ္ဓိစစ်ကတော့ ဇွန်လ ၄ ရက်နေ့ကတည်းက ကျောင်းစတတ်နေရပြီလို့ သိရပါတယ်။မွးကင်းစကလေးအရွယ်ကနေ ဒီနေ့ အချိန်ထိ အားပေးလာကြတဲ့ သိဒ္ဓိစစ်လေးရဲ့ ပရိသတ်တွေကလည်း တစ်နေ့ထက် တစ်နေ့ အချစ်ပိုလို့နေပါတယ်။

play
Photo: Melody Facebook

 

သရုပ်ဆောင်မယ်လိုဒီနဲ့ သူ့ရဲ့ သားလေး သိဒ္ဓိစစ်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ဓာတ်ပုံလေးတွေကို လူမှုကွန်ယက်စာ မျက်နှာပေါ်မှာ မကြာခဏ ဆိုသလို တင်လေ့ရှိပြီး မယ်လိုဒီကိုချစ်တဲ့ ပရိသတ်တွေကလည်း သားလေးသိဒ္ဒိစစ်အပေါ် အချစ်တွေပိုခဲ့ ရပါသေးတယ်။ မယ်လိုဒီကတော့ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူး နေပြီဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD