Miss Golden Land Myanmar 2018 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတာပါ။

အလှမယ်ရွှေအိမ်စည် က Miss Golden Land Myanmar 2018 ပြိုင်ပွဲဝင်နေစဉ်အတွင်းမှာပဲ  accident တစ်ခုကြောင့် ခြေထောက်ဒဏ်ရာ ရခဲ့ပါတယ်။ ဒီဒဏ်ရာကြောင့်လည်း ပြိုင်ပွဲယှဉ်ပြိုင်ဖို့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် သူ့ရဲ့ ပရိသတ်တွေကိုလည်း ရွှေအိမ် စည်က တောင်းပန်လိုက်ပါတယ်။

Photo: Shwe Eain Si Facebook

 

အလှမယ်ရွှေအိမ်စည်က လက်ရှိမှာ Miss Golden Land Myanmar 2018 ပြိုင်ပွဲကြီးအတွက် ရခိုင်ပြည်နယ်ကိုယ်စားပြုအလှမယ်အဖြစ် ဝင် ရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ မကြာခင်က accident တစ်ခုဖြစ်ခဲ့တာကြောင့်ခြေထောက်ထိခိုက်ဒဏ်ရာ ဖြစ်သွား ခဲ့တာကြောင့်  ပြိုင်ပွဲအတွက် စိုးရိမ်မှုတွေ ဖြစ်လို့ နေပါတယ်။

'' အရေးကြီးတဲ့အချိန်တစ်ခုရောက်ရင် ကံဆိုးတက်တာက အစဉ်အလာလိုဖြစ်နေတယ်။ မနေ့ညက accident တစ်ခုဖြစ်သွားတယ်။ အိမ်စည် နဲ့ pageant နဲ့ လည်းအကျိုးမပေးဘူးလားမသိဘူး ဘာပဲဖြစ်ဖြစ်လုပ်နိုင်သလောက်တော့ ဆက်လုပ်ရမှာပဲ အတက်နိုင်ဆုံးပေါ့ ကြားထဲ မှာ လက်ခံထားတဲ့အလုပ်တွေမလုပ်နိုင်ဖြစ်တော့တာလည်း စိတ်မကောင်းပါဘူး'' လို့ဆိုပါတယ်။

Photo: Shwe Eain Si Facebook

 

Miss Golden Land Myanmar 2018 ပြိုင်ပွဲ ပြိုင်နေချိန်အတွင်းမှာလည်း သူ့အတွက် အများကြီး မျှော်လင့်နေကြတဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားသွားမယ်လို့ ဆိုပါတယ်။ ခြေထောက်ဒဏ်ရာကြောင့် အဆင်မပြေဖြစ်သွားရင်လည်း နားလည်ပေးကြပါလို့ သူက ဆိုပါတယ်။

''ပြီးတော့ အိမ်စည့်ကိုမျှော်လင့်ထားတဲ့ပရိသတ်တွေကို ကြိုတင် အသိပေးထားတဲ့ သဘောပါ။ ဒီပြိုင်ပွဲမှာ အိမ်စည်အကောင်းဆုံးဖြစ်အောင် လုပ်သွားမယ် ဒါပေမဲ့ ဒဏ်ရာအခြေအနေကြောင့် အဆင်မပြေဘူးဆိုလည်း အိမ်စည့်ကိုနားလည်ပေးပါ'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ သြဂုတ်လ ၄ ရက်နေ့ နေ့လည် ၂ နာရီက တင်ခဲ့တာဖြစ်ပါတယ်။

 

Miss Golden Land Myanmar ပြိုင်ပွဲဝင်အဖြစ် တွေ့ရမယ့်ရွှေအိမ်စည်  

ကမ္ဘာ့အလှမယ်ပြိုင်ပွဲကြီးမှာ သွားရောက်ယှဉ်ပြိုင်ဖို့အတွက် ပြည်နယ် နှင့် တိုင်း အလှမယ် ရွေးချယ်လျှက်ရှိရာ လတ်တလောပရိသတ်အား ပေးနေကြတဲ့ ရွှေအိမ်စည်လေးကတော့ ရခိုင်ပြည်နယ်ကိုယ်စားပြု အလှမယ်တစ်ယောက်အဖြစ် ရွေးချယ်ခြင်းခံလိုက်ရတယ် ဆိုတာကို Miss Golden Land Myanmar ရဲ့ တရားဝင်Facebook Page ကနေ ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၄ နာရီက ကြေညာခဲ့တာဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ ရွှေအိမ်စည်ဟာ Miss Golden Land Myanmar 2018 ပြိုင်ပွဲကြီးကနေတဆင့် မြန်မာနိုင်ငံကိုယ်စားပြုတစ်ယောက် ဖြစ်လာ ဖို့ ပရိသတ်တွေအားပေးခွင့်ရတော့မှာဖြစ်ပါတယ်။ သူအနေနဲ့ ပြိုင်ပွဲတွေ မပြိုင်ခင်တုန်းကလည်း သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်ပြ့ီး ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထားတာလည်း ရှိပါတယ်။

Share

Loading Next Article...
က္က