ရေဘေးပြီးသွားတဲ့နောက် ကြုံတွေ့ရဝမ်းရောဂါကို ကာကွယ်နိုင်ဖို့ပါ။

သရုပ်ဆောင် နန္ဒာလှိုင်က ရေဘေးပြီးသွားတဲ့နောက် ကြုံတွေ့ရမယ့် ပြဿနာတစ်ခုကို ကာကွယ်ပေးနိုင်ဖို့ အားသွန်ခွန် ဆိုက် ကြိုးစား နေပါတယ်။ ရေကျသွားတဲ့အခါ သောက်သုံးရေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဝမ်းရောဂါဆိုးမဖြစ်အောင် ရေသန့်ဆေးပြား တွေ လှူဒါန်းပေးကြဖို့ နန္ဒာလှိုင်က တိုက်တွန်းလိုက်ပြီး ကိုယ်တိုင်လည်း လှူဒါန်းလျက်ရှိပါတယ်။

Photo : နန္ဒာလှိုင် FB

 

သရုပ်ဆောင် နန္ဒာလှိုင်ဟာ ရေဘေးပြီးသွားပြီးနောက် ကြုံတွေ့ရမယ့် သုံးရေနဲ့ သောက်သုံးနေရများအတွက် ရေသန့်ဆေးပြားတွေ လှူဒါန်း လျက်ရှိပါတယ်။ သူမကိုယ်တိုင်လည်း ရေသန့်ဆေးပြားတွေ လှူဒါန်းခဲ့သလို အလှူရှင်များလည်း ပါဝင်ဖို့အတွက် ဖိတ်ခေါ်ပြီး လှူဒါန်းခဲ့ပါ တယ်။

သူမကိုယ်တိုင် ဦးစီးပြီးတော့ ရေကြီးခဲ့တဲ့ နေရာတွေသတွေကို ရေသန့်ဆေးပြားတွေ လှူဒါန်းနိုင်ဖို့ လှုံဆော်နေတာ တွေ့ရပါတယ်။ သူမလည်း ကိုယ်တိုင် လှူသလို သူမရဲ့ မိတ်ဆွေအပေါင်းအသင်း ပရိသတ်တွေ လည်း ပါဝင်လှူဒါန်းဖို့ အတွက် ဆော်သြထားပါတယ်။

Photo : နန္ဒာလှိုင် FB

 

"နယ်ဘက်တွေမှာ ရေတွင်းရေကိုဘဲသုံးရတာပါ ။ရေတက်ပြီး ရေကျသွားတဲ့ အခါ အဲဒီတွင်းရေကိုဒီ တိုင်းသုံးရတာ အရမ်းကြောက် စရာ ကောင်း ပါတယ်။ ဝမ်းရောဂါဖြစ်မှာစိုးရပါတယ်။ အဲဒါကြောင့်ရေသန့်ဆေးပြားတွေလှူပေးကြပါလို့မေတ္တာရပ်ခံပါတယ် " ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၆)ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : နန္ဒာလှိုင် FB

တိုက်ခိုက်နေတဲ့သူတွေကို မေးခွန်းပြန်ထုတ်လိုက်တဲ့ နန္ဒာလှိုင် 

နန္ဒာလှိုင်ဟာ မွန်ပြည်နယ်သထုံမြို့ အခြေစိုက်ငယ်ရိပ်ဟောင်း ပညာရေးဖောင်ဒေးရှင်းနဲ့ Green Day Youth Network တို့ ပူးပေါင်းပြီး လှူဒါန်းမှုတွေ လုပ်နေတာပါ။ သထုံမြို့နယ်အတွင်းမှာ ရှိတဲ့ရေဘေးသင့် ကျေးရွာများ ဖြစ်ကြတဲ့ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ ဈေးမသွယ်အထက် ကျေးရွာအုပ်စု၊ ဆင်ကျုံးကျေးရွာအုပ်စု၊ကြက်တူရွေးသောင်ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူလူထု တစ်သောင်းကျော်အတွက် သန့်ရှင်းတဲ့ သောက်ရေရရှိဖို့  ရေသန့်ဆေးပြားတွေ အလှူခံနေတာ ဖြစ်ပါတယ်။

Aqua tabs ရေသန့်ဆေးပြားအလှူရှင်များကို ကောက်ခံပြီး သထုံမြို့အနီးကရွာတွေအတွက် ငယ်ရိပ်ဟောင်းဖောင်ဒေးရှင်းကနေတဆင့် လှူဒါန်းလျက်ရှိပါတယ်။

Photo : နန္ဒာလှိုင် FB

 

အခုလက်ရှိမှာတော့ သြဂုတ်လ(၆)၇က်နေ့က ဗူး(၇၀၀)ပို့ပြီးပြီဖြစ်သလို သြဂုတ်လ(၇) ရက်နေကမှာ ဗူး(၇၀၀) ပို့ဆောင်ပြီးသွားပြီလို့ နန္ဒာလှိုင်က ဆိုပါတယ်။သြဂုတ်လ(၈) ရက်နေ့မှာတော့  နောက်ထပ် ရေသန့်ဆေးဗူး (၆၀၀) ထပ်ပြီး လှူဒါန်းသွားမယ်လို့ သိရပါတယ်။

အိမ်ထောင်ကျသွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို နားထားခဲ့တဲ့ နန္ဒာလှိုင်ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : နန္ဒာလှိုင် FB

 

ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့တဲ့ နန္ဒာလှိုင်ဟာ အိမ်ထောင်ပြုပြီး နောက်မှာ တော့ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ကာ သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ ဘဝကို တည်ဆောက် နေသူဖြစ်ပါတယ်။

အနုပညာလောကမှာ တစ်ချိန်က အောင်မြင်ခဲ့တဲ့ သူမဟာ ၁၉၉၈ခုနှစ်က ရွှေနန့်သာစံအိမ်နဲ့ အကောင်းဆုံးအမျိုး သမီးဇာတ်ပို့ဆုနဲ့ ၂၀၀၆ ခုနှစ်က တောင်တံမန်သစ္စာဇာတ်ကားနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု  စတဲ့ အကယ်ဒမီရွှေစင်ဆုနှစ်ဆုကို ရရှိပိုင် ဆိုင်ခဲ့သူ တစ်ယောက် လည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က