ကျောင်းဆောင်တစ်ဆောင်ကို သိန်း ၅၀ ကျပ် ကုန်ကျရပါတယ်။

သရုပ်ဆောင်ကျော်ကျော်ဗိုတို့ မိသားစုက ရွှေပြည်သာမြို့နယ်မှာရှိတဲ့ ဓမ္မဂုဏ်ရည်ဆရာတော်ကြီး တည်ထားကိုးကွယ်မယ့် သဗ္ဗသုခဇယမင်္ဂလာစေတီတော်ကြီး အတွက် ဘုရားကျောင်းဆောင်တစ်ဆောင်စာ အလှူငွေကျပ် သိန်း ၅၀ ကို လှူဒါန်းခဲ့ တယ်လို့ သိရပါတယ်။



Photo: Kyaw Kyaw Bo fb

 

သရုပ်ဆောင်ကျော်ကျော်ဗိုတို့ မိသားစုက ရွှေပြည်သာမြို့နယ်မှာရှိတဲ့ ဓမ္မဂုဏ်ရည်ဆရာတော်ကြီး တည်ထားကိုးကွယ်မယ့် စေတီတော်ကြီး အတွက် ဘုရားကျောင်းဆောင်တစ်ဆောင်စာ အလှူငွေကျပ် သိန်း ၅၀ ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လည်း လက်မနှေးသူတစ်ဦးဖြစ်ပါတယ်။

'' ဓမ္မဂုဏ်ရည်ဆရာတော် ( ရွှေပြည်သာ ) တည်ထားမည့် နဝင်းဓါတ်ဆောင်အဓိဋ္ဌာန်အောင် သဗ္ဗသုခဇယမင်္ဂလာစေတီတော် ၏ ဘုရား ကျောင်းဆောင် တစ်ဆောင် အတွက် အလှုငွေကျပ်သိန်းငါးဆယ် တိတိအား အနန္တောအနန္တငါးပါး ဦးထိပ်ထား၍ လှုဒါန်းပါသည်။ နတ်၊ လူ သာဓု ခေါ်စေသော်'' ဆိုပြီးတော့ သြဂုတ်လ ၇ရက်နေ့ နေ့လည်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Kyaw Kyaw Bo fb

 

သရုပ်ဆောင်ကျော်ကျော်ဗိုကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးနေသလို နှင်းဆီအဖွဲ့သားတွေနဲ့ ပရိဟိတအလုပ်တွေ ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ နောက်ထပ် သူကိုယ်တိုင်လည်း ဝါသနာပါသလို အစီအစဉ်တစ်ခုအနေနဲ့ ပရိသတ်တွေကိုချပြရတဲ့ ခရီးသွားအစီအစဉ်တွေကိုလည်း ကိုယ်တိုင်ရိုက်ကူးနေတာဖြစ်ပါတယ်။

လူမှုကွန်ယက်ပေါ်က ဓာတ်ပုံတွေအကြောင်းဖြေရှင်းလိုက်တဲ့ နေတိုး 

Photo: Kyaw Kyaw Bo fb

 

သရုပ်ဆောင်ကျော်ကျော်ဗိုဟာ အခုလက်ရှိမှာ အရှေ့တောင်အာရှခရီးသွားအစီအစဉ်လေးတစ်ခု ရိုက်နေတယ်လို့ ဆိုပါတယ်။ ဒီခရီးစဉ် တွေမှာ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံ နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာရှိတဲ့ ခရီးသွားသင့်တဲ့ နေရာလေးတွေရဲ့ အကြောင်းကို ရိုက်ဖြစ်ခဲ့ ပါသေးတယ်။ နောက်ထပ်လည်း ကမ္ဘာဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနဲ့ ဘရူနိုင်းနိုင်ငံတွေကိုပါ ဆက်သွားဖို့ရှိသေးတယ်လို့ ဆိုပါတယ်။

Photo: Kyaw Kyaw Bo fb

 

အနုပညာလောကမှာ အောင်မြင်မှုတစ်ခုကို ပိုင်ဆိုင်ထားနိုင်တဲ့ ကျော်ကျော်ဗိုဟာ ဖေ့စ်ဘွတ်ပေါ်တင်တဲ့ သူ့ရဲ့ဓာတ်ပုံတွေမှာ အပြင် က မျက်နှာ ပုံစံနဲ့ နည်းနည်းလေးကွဲထွက်နေတာကြောင့် ကျော်ကျော်ဗို ပုံ ဟုတ်ရဲ့လားဆိုပြီးတော့ ပရိသတ်တွေ အထင်မှားသွားရလောက် အောင် အံ့သြမှင်သက်ခဲ့ကြရပါသေးတယ်။

Share

Loading Next Article...
က္က