ကြာသပတေးသားလေးတဲ့နော်။

အဆိုတော် ထူးအယ်လင်းက သူ့ရဲ့ ဘဝထဲကို နောက်ထပ်သားလေးတစ်ယောက် ရောက်ရှိလာတဲ့အတွက် ပျော်နေပါတယ်။ အခုဆိုရင် အဆိုတော် ထူးအယ်လင်းက ကလေးသုံးယောက်ရဲ့ ဖခင်ဖြစ်လို့နေပါပြီ။

Photo : ထူးအယ်လင်း FB

 

အဆိုတော် ထူးအယ်လင်းက သူ့ရဲ့ ဘဝထဲကို နောက်ထပ် သားလေးတစ်ယောက် ရောက်ရှိလာတဲ့အတွက် ပျော်လို့နေပါတယ်။ သားလေးကို ရန်ကုန်မြို့ ပင်လုံဆေးရုံမှာ ယနေ့(သြဂုတ်လ၉ရက်)မနက် (၂)နာရီ (၅၉)မိနစ်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သားလေးက ကြာသပတေး သား လေးဖြစ်ပြီး (၇)ပေါင်ရှိတယ်လို့ ထူးအယ်လင်းက ဆိုပါတယ်။

Photo : ထူးအယ်လင်း FB

 

ယခုလက်ရှိမှာ မိခင်ကော ကလေးကော ကျန်းမာတယ်လို့ သိရပါတယ်။

"OG က မနက် ခုနှစ်နာရီခွဲမွေးပေးမယ်ဆိုတာ မစောင့်နိုင်ဘူး မိခင်ဗိုက်နာပြီး ခွဲခန်းစောစောဝင်သွားရတယ် ။မဆိုးဘူး ငါ့သားအငယ် ကောင်စီမံမှုကို နာခံအားကောင်းတာငါ့အတိုင်းပဲကြိုက် သကွာ" ဆိုုပြီး သြဂုတ် (၉) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

သားလေးက ကြာသပတေးသားလေး ဖြစ်တာကြောင့် နာမည်ကို မင်းဇင်လင်းဆိုပြီး ပေးထားတာလည်း တွေ့ရပါတယ်။ထူးအယ်လင်းအတွက် အနုပညာမောင်နှမတွေ ပရိသတ်တွေကဂုဏ်ယူလို့ နေပါတယ်။

Photo : ထူးအယ်လင်း FB

အခြေအနေဆိုးနေတဲ့ ကျေးရွာတွေအကြောင်းပြောလာတဲ့ ထူးအယ်လင်း 

အခုုဆိုရင် အဆိုတော် ထူးအယ်လင်းက ကလေးသုံးယောက်ရဲ့ ဖခင်ဖြစ်လို့နေပါပြီ။အဆိုတော် ထူးအယ်လင်းဟာ လက်ရှိမှာ ပရဟိလုပ်ငန်း တွေ တော်တော်များများကို ဆောင်ရွက်နေတာလည်း တွေ့ရပါတယ်။သူကိုယ်တိုင်ဦးဆောင်ပြီး မီးသဂြိုလ်စက်တွေ လှူဒါန်းခဲ့သလို နာရေး ကူညီမှု အသင်းအတွက် လူနာတင်ကားတွေလည်း လှူဒါန်းခဲ့ပါသေးတယ်။

Photo : ထူးအယ်လင်း FB

 

အဲ့ဒီနောက် လှည်းကူးမြို့ နယ်၊ ပဒဲကော ကျောက်အိုင်ကျေးရွာမှာရှိတဲ့ ကျိုက်ငွေနှောင်းစေတီတော်မြတ်ကြီးရဲ့ ဘုရားဝင်းအတွင်း သိမ်ကျောင်း ဆောက် လုပ်လှူဒါန်းမှုအတွက်လည်း အလှူငွေတွေ ကောက်ခံ နေသေးတယ်လို့ သိရပါတယ်။

အဆိုတော် ထူးအယ်လင်းဟာ  တကယ်လိုအပ်တဲ့ နေရာဒေသတွေမှာ မကြာခဏဆိုသလို သွားရောက် လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အခုချိန်မှာလည်း အများအကျိုးအတွက် သယ်ဆောင်ရန် ရည်ရွယ်ချက်နဲ့ အများအကျိုးအတွက်လှူဒါန်းဖို့ ဂီတသစ်ပင် လို့ အမည်ပေးထားတဲ့ တေးစီးရီးလည်း ထုတ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က