သုခကမ္ဘာဆေးရုံမှာတဲ့။

Myanmar Idol Season 3 ရဲ့ Top Finalist ပြိုင်ပွဲဝင် တစ်ဦးဖြစ်တဲ့ ချမ်းမြေ့မောင်ချိုဟာ လက်ရှိမှာ ကျန်းမာရေး မကောင်း တာ ကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ သူ့ရဲ့ ပရိသတ်တွေလည်း စိုးရိမ်နေကြပါတယ်။

Photo : သုခကမ္ဘာ ဆေးရုံ FB

 

Myanmar Idol Season 3 ရဲ့ Top Finalist ပြိုင်ပွဲဝင် တစ်ဦးဖြစ်တဲ့ ချမ်းမြေ့မောင်ချိုဟာ လက်ရှိမှာ ကျန်းမာရေး မကောင်းတာ ကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။မောင်ချိုဟာ လက်ရှိမှာ အာသီးရောင်ခြင်း၊ တုတ်ကွေးရောဂါဖြစ်ခြင်းအ ပြင် လေးဖက်နာ (ASO)ကြောင့် သုခကမ္ဘာဆေးရုံမှာ ဆေးကုသမှု ခံယူနေရတာပါ။

"Myanmar Idol Season 3 ၏ Finalist ဖြစ်သူ ချမ်းမြေ့မောင်ချိုသည် အာသီးရောင်ခြင်း၊ တုတ်ကွေးရောဂါဖြစ်ခြင်း တို့အပြင် လေးဖက်နာ (ASO) တက်ခြင်းတို့ကြောင့် သုခကမ္ဘာ ဆေးရုံတွင် ယနေ့ (09-08-2018) လာရောက်ကုသလျက် ရှိပါသည်"ဟု ဒီနေ့(သြဂုတ်လ၉ရက်)က ဆေးကုသမှု ခံယူနေရတယ်လို့သုခကမ္ဘာဆေးရုံရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : သုခကမ္ဘာ ဆေးရုံ FB

မောင်ချိုဘက်က မားမားမတ်မတ် ရပ်တည်လိုက်တဲ့ ဇေရဲထက် 

မောင်ချိုရဲ့ သတင်းကြောင့် ပရိသတ်တွေလည်း တော်တော်စိတ်မကောင်းဖြစ်လို့နေပါတယ်။ ပရိသတ်တွေအနေနဲ့လည်း သူမ အမြန်ဆုံး နေပြန်ကောင်း လာဖို့အတွက် ဆုတောင်းစကားတွေပြောထားတာလည်း တွေ့ရပါတယ်။အသက်အရွယ်နဲ့ မလိုက်တဲ့ဝေဖန်မှု တွေကို ခံနေရတဲ့ မောင်ချိုအတွက် ပရိသတ်တွေကလည်း အားပေးစကားတွေ ပြောထားကြပါသေးတယ်။

မကြာခင် ရက်ပိုင်းအတွင်း ကျင်းပတော့မယ့် Myanmar Idol Grand Final ပွဲအတွက် ပရိသတ်တွေလည်း တော်တော့်ကို စိတ်လှုပ်ရှား နေကြပါတယ်။

 

 ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချို တို့ ရင်ခုန်နေသလိုပဲ ပရိသတ်တွေကလည်း သူတို့အားပေးတဲ့ ပြိုင်ပွဲဝင် Winner ဖြစ်မလားဆိုတဲ့ ခံစားချက်တွေနဲ့ ရင်ခုန်နေကြပါတယ်။ Myanmar Idol Season 3 ရဲ့ Grand Final ပွဲကို သြဂုတ်လ(၁၁) ရက်နေ့ စနေ့ညမှာ ကျင်းပပြုလုပ် သွားမှာ ဖြစ်ပါတယ်။

Myanmar idol Season 3 မှာတော့ နာမည်ကြီးအဆိုတော်များဖြစ်တဲ့ မြန်မာပြည်သိန်းတန် ၊ ရန်အောင် ၊ မျိုးကျော့မြိုင်နဲ့တင်ဇာမော် တို့မှ အကဲဖြတ် ဒိုင်လူကြီးများအဖြစ်ပါဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က