ဒီနေ့ ပြန်ထွက်လာတာပါ။

စိုးပြည့်သဇင်ဟာ သာသနာ့ဘောင်ထဲ (၁၁) ရက်တိတိ တရားအားထုတ်ပြီး လူပြန်ထွက်လာလို့ လာပါပြီ။ (၁၁) ရက်လုံးလုံး တရားအားထုတ်ခဲ့ရတာ စိတ်ချမ်းသာကြည်လင်ရပါတယ်ဆိုပြီး ပြောထားတာ တွေ့ရပါတယ်။



Photo : စိုးပြည့်သဇင် FB

 

သရုပ်ဆောင် စိုးပြည့်သဇင်က သာသနာ့ဘောင်ထဲ ဆယ့်တစ်ရက်တိတိ တရားအားထုတ်ပြီး ပြန်ထွက်လာပြီလို့ သိရပါတယ်။ စိုးပြည့်သဇင်ဟာ လှည်းကူးမြို့မှာ ရှိတဲ့ စိတ္တသုခသာသနာ့ရိပ်သာ ကျောင်းမှာ ဆရာလေး ဆေကဝတီအဖြစ် ဆယ့်တစ်ရက်တိတိ တရားအားထုတ်ခဲ့တယ်လို့ သိရပါတယ်။

(၁၁) ရက်လုံး တရားအားထုတ်ခဲ့ရတာ စိတ်ချမ်းသာ ကြည်လင်ရပါတယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : စိုးပြည့်သဇင် FB

 

"ဆရာတော်ကြီးကဆေကဝတီလို့အမည်ပေးပါတယ်။ ဆေကဝတီ-လိမ္မာရေးခြားရှိသူလို့အမည်ရပါတယ်။ ဆယ်တစ်ရက်လုံးလုံး စိတ်ချမ်းသာ ကြည်လင်ရပါတယ်။ ချစ်ရတဲ့အဒေါ်ကြီးသီလည်းပါတယ်။ ပြီးတော့စိုးပြည့်နောက်မှာ အမြဲအဖော်လ်ုက်ပေးတဲ့ ညီမလေး မာဂရက်ကလည်း တရားစခန်းလိုက်ဝင်ပြီးပြုစုပေးတဲ့ အတွက်ကျေးဇူးအများကြီးတင်ပါတယ်။" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၁၀) ရက်နေ့က ရေးသားထားတာပါ။

Photo : စိုးပြည့်သဇင် FB

"ကမ္မဖလ" ရုပ်ရှင်ဇာတ်ကားအတွက် သီလရှင်ဝတ်လိုက်တဲ့ စိုးပြည့်သဇင် 

ဘဝတစ်ခုမှာ စီးပွားပဲ ရှာနေရရင် လူဖြစ်ရှုံးမှာ စိုးလို့ တတ်နိုင်သလောက် သံသရာအတွက် နိုုင်သလောက် သယ်ရတာပါဆိုပြီး ဆက်လက်ပြော ပြေထားပါတယ်။ သာသနာ့ဘောင်ထဲ ဝင်တဲ့အချိန်မှာ ပါရမီဖြည့်ပေးသူအားလုံးကိုလည်း ကျေးဇူးတင်ဆိုပြီး သူမက ပြောထားပါတယ်။ စိုးပြည့်ဟာ "ကမ္မဖလ" ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးကတည်းက သီလရှင် ဝတ်ဖို့အတွက် စိတ်ကူးထားတာလည်း ဖြစ်ပါတယ်။

ယင်းရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သီလရှင်ဝတ်တဲ့ ဇာတ်ဝင်ခန်းပါတာကြောင့် သူမဟာ ကတုံးတကယ် တုံးခဲ့ပြီး သီလရှင်ဝတ်တဲ့အခန်းကို ပီပြင်စွာ ရိုက်ကူးခဲ့တာပါ။ ဇာတ်ဝင်ခန်းအတွက် ရိုက်ကူးပြီးတဲ့အချိန်မှာလည်း သာသနာ့ဘောင်ထဲ (၁၁) ရက်တိတိ ဝင်ရောက်ပြီး တရားအားထုတ်ခဲ့တာ တွေ့ရပါတယ်။

Photo : စိုးပြည့်သဇင် FB

 

အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီရရှိခဲ့သူဖြစ်ပါတယ်။သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်း နဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးများကို ထွက်ရှိထားသူ တစ်ဦး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က