AD
AD
AD

ရေကြီးနေတဲ့ နေရာဒေသတချို့ထဲကမှ ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့နယ်ဘက်မှာ ရှိတဲ့ကျေးရွာတစ်ချို့ကို နာရေးကူညီမှု အသင်းနဲ့အတူ အနုပညာရှင်များက ဒီနေ့ (သြဂုတ်လ၁၀) ရက်နေ့မှာ လိုအပ်တာတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play
Photo : နာရေးကူညီမှုအသင်း FB

 

ရေဘေးကြောင့် ဒုက္ခရောက်နေတဲ့ ကျေးရွာတွေကို ပရဟိတအသင်းအဖွဲ့တွေနဲ့ အနုပညာရှင်များက တတ်အားသ၍ ကူညီရေးတွေ လုပ် ဆောင်နေတာ တွေ့ရပါတယ်။ ရေကြီးနေတဲ့ နေရာဒေသတချို့ထဲကမှ ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့နယ်ဘက်မှာ ရှိတဲ့ကျေးရွာတစ်ချို့ကို နာရေးကူညီမှု အသင်းနဲ့အတူ အနုပညာရှင်များက ဒီနေ့ (သြဂုတ်လ၁၀) ရက်နေ့မှာ လိုအပ်တာတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

နာရေးကူညီမှုအသင်းနဲ့အတူ အနုပညာရှင်တွေ ဖြစ်ကြတဲ့ ထွန်းကိုကို၊ ခင်ဝင့်ဝါ၊ ထားထက်ထက်၊ ဝိုင်းလေး၊ပြည့်ဖြိုးတို့က သွားရောက် ကူညီလှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။

play
Photo : နာရေးကူညီမှုအသင်း FB

 

ယနေ့နံနက်ပိုင်းမှာ ပဲခူးတိုင်းဒေသကြီး ၊ ကျောက်တံခါးမြို့နယ်၊ နတ္တလင်းကျေးရွာရှိ ရေဘေးသင့် အိမ်ထောင်စု (၁၁) စုနဲ့ ခြောက်တဲစု ကျေး ရွာ မှာရှိတဲ့ အိမ်ထောင်စု (၅၃) စုတို့ကို စားသောက်ကုန်များ၊ အဝတ်အထည်များနဲ့ လူသုံးကုန်ပစ္စည်းများ သွားရောက်လှူဒါန်း ခဲ့ကြပါတယ်။

မနက်ပိုင်းမှာ လှူဒါန်းလို့အပြီးမှာလည်း နောက်ထပ် နေရာတစ်ခုဖြစ်တဲ့ စစ်တောင်းမြစ်ကမ်းဘေးနှစ်ဘက်ရှိ ကျေးရွားများဖြစ်တဲ့ ဒိုးတန်းရွာ၊ လိန်ပင်ကျေးရွာ၊တို့အပြင် ကျေးရွာများကို လိုအပ်တာများလှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

play
Photo : နာရေးကူညီမှုအသင်း FB

 

"ဒိုးတန်းရွာ အိမ်ထောင်စု (၇၀) ၊ လိန်ပင်ကျေးရွာ အိမ်ထောင်စု (၃၇) ၊ ကျောက်စရစ်အရှေ့ဘက်ကမ်းကျေးရွာ အိမ်ထောင်စု (၅၀) ၊ ကျောက်စရစ်အနောက်ဘက်ကမ်းကျေးရွာ အိမ်ထောင်စု (၄၉) သို့ စားသောက်ကုန်များ၊ အ၀တ်အထည် နှင့် လူသုံးကုန်ပစ္စည်းများကို နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား ရုပ်ရှင်သရုပ်ဆောင်များဖြစ်သော ထွန်းကိုကို၊ ပြည့်ဖြိုး ၊ ခင်ဝင့်ဝါ၊ ထားထက်ထက်၊ ၀ိုင်းလေး တို့နှင့် လုပ်အားပေးအသင်းသားများ သွားရောက်လှူဒါန်းနေကြစဉ် " ဆိုပြီး ပုံလေးတွေနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာတွေ့ရပါတယ်။

play
Photo : နာရေးကူညီမှုအသင်း FB

 

သရုပ်ဆောင် ထွန်းကိုကို၊ ခင်ဝင့်ဝါ၊ ဝိုင်းလေး၊ ထားထက်ထက်တို့ဟာ ရေဘေးအတွက် ကူညီရေးတွေ ဆက်တိုက်ဆိုသလို လုပ်နေတာ တွေ့ရပါတယ်။  သရုပ်ဆောင် ထွန်းကိုကို ဆိုရင်လည်း ကားရိုက်တွေ နားနေစဉ်မှာ ရေဘေးအတွက် တောက်လျှောက်ဆိုသလို ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ရေဘေးအတွက် ကူညီရေးအတွက် အနုပညာရှင်တချို့ဟာ ပရဟိတအသင်းအဖွဲ့များနဲ့ ပူးပေါင်းပြီး ကူညီရေးတွေ လုပ်နေကြပါတယ်။

play
Photo : နာရေးကူညီမှုအသင်း FB

 

တချို့အနုပညာရှင်များဆိုရင်လည်း ရေဘေးပြီးသွားပြီး နောက် ကြုံတွေ့ရမယ့် သောက်သုံးရေ ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ရေသန့် ဆေးပြားများ လှူဒါန်းမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ သရုပ်ဆောင် နန္ဒာလှိုင်ဆိုရင်လည်း သူမကိုယ်တိုင် ဦးဆောင်ပြီး ရေကြီးပြီးနောက် ဖြစ်ပေါ်တတ်တဲ့ ဝမ်းရောဂါများကို ဖြေရှင်းနိုင်ဖို့အတွက် ရေသန့်ဆေးပြား လှူဒါန်းမှုတွေ ပြုလုပ်နေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD