မူးယစ်ဆေးသုံးမှ အနုပညာကောင်းထွက်တယ်ဆို လုံးဝမဟုတ်ပါဘူးတဲ့။

မူးယစ်ဆေးသုံးမှ အနုပညာကောင်းထွက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူးလို့ ဆောင်းဦးလှိုင်က ဆိုပါတယ်။မူးယစ်ဆေး သုံးပြီး အနုပညာ ဖန်တီးရင် ဈာန်ဝင်စားမှုမြင့်မားတယ်လို့ သုံးကြသူတွေ ပြောတာ ကြားဖူးကြမှာ ဖြစ်ပေမယ့်လည်း သူတို့အောင်မြင် မှု ဖန်တီးနိုင်မှုတွေဟာ ခဏတာသာ ဖြစ်လိမ့်မယ်လို့ သူက ပြောထားပါတယ်။

 

အဆိုတော် ဆောင်းဦးလှိုင်က အနုပညာနဲ့ မူးယစ်ဆေးဝါးအကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ရင်ဖွင့်လို့လာပါပြီ။ မူးယစ်ဆေးသုံးပြီး စွဲနေတဲ့သူတွေမှာ အနုပညာသမားများအပါအဝင် ကလေးသူငယ်တွေအထိ မြန်မာမှာသာမက ကမ္ဘာမှာပါ ရှိနေကြပါတယ်တဲ့။

မူးယစ်ဆေး သုံးပြီး အနုပညာဖန်တီးရင် ဈာန်ဝင်စားမှုမြင့်မားတယ်လို့ သုံးကြသူတွေ ပြောတာ ကြားဖူးကြမှာ ဖြစ်သလို သူတို့အောင်မြင်မှု ဖန်တီးနိုင်မှုတွေဟာ ခဏတာသာ ဖြစ်လိမ့်မယ်လို့ ဆောင်းဦးလှိုင်က ဆိုပါတယ်။

 

"သူတို့အောင်မြင်မှု ဖန်တီးနိုင်မှုဟာ ခဏတာသာဖြစ်လိမ့်မယ်။ရေရှည်မှာ မူးယစ်ဆေးကသာလွှမ်းမိုးအနိုင်ယူသွားပုံရပြီးမူးယစ်ဆေးစွဲနေတဲ့ အနုပညာသမားဟာ ကြာတော့ဘာအသစ်မှ မဖန်တီးနိုင်တော့ပါ။ဖန်တီးသမျှကလည်း မကောင်းကြပါ။" လို့ သူရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၁၇) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

ဒါကြောင့် မူးယစ်ဆေးသုံးမှ အနုပညာကောင်းထွက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူးတဲ့။ ဆောင်းဦးလှိုင်အနေနဲ့လည်း ဘောလုံးကစား အားကစားလိုက်စားပြီး မှ သီချင်းရေးတာ ဖြစ်သလို သီချင်းများစွာလည်း အောင်မြင်မှု ရရှိခဲ့ပြီး ယနေ့အထိ ကိုယ်တိုင်ရေး ၊ ကိုယ်တိုင်တီးတဲ့ သီချင်းကောင်းများကို ထုတ်လုပ်လျက်ရှိတာပါတယ်လို့သူက ဆက်လက်ပြောပြထားပါတယ်။

 

ထို့အပြင် အနုပညာသမားကြီးငယ်များ၊ အနုပညာလိုက်စားကြသူများအားလုံး မူးယစ်ဆေးများ မသုံးကြဖို့နဲ့ သုံးစွဲဖို့လည်း မလိုအပ်ကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ တိုက်တွန်းရေးသားထားပါသေးတယ်။ မူးယစ်ဆေးများ ရောင်းဝယ်သုံးစွဲကြသူများကိုလည်း ဖမ်းဆီးအရေးယူရာမှာ ကျောသားရင်သားမခွဲခြားပဲ ဆောင်ရွက်နိုင်ကြပါစေဆိုပြီး ဆက်လက်ပြောထားပါသေးတယ်။

အခုဆိုရင် အနုပညာလောကထဲက သူတွေ တော်တော်များများကို မူးယစ်ဆေးဝါးမှုတွေနဲ့ ဖမ်းဆီးခံနေရတာတွေရှိလို့လာပါပြီ။ ၂၀၁၈ခုနှစ် သြဂုတ်လထဲမှာဆိုရင် ရွှေထိုက်၊ ရသ၊ ဒါရိုက်တာမိုက်တီးတို့ကို မူးယစ်ဆေးမှုနဲ့ ဖမ်းဆီး အရေးယူခံထားရပါတယ်။

 

ဆောင်းဦးလှိုင်က လက်ရှိမှာ  ဘော်နီယိုကျွန်းတွင် နေထိုင်လျက် ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကနေ ထွက်သွားတာ လေးနှစ်လောက် ရှိပြီ ဖြစ်တဲ့ ဆောင်းဦးလှိုင်က ဇွန်လ(၂၂)ရက်နေ့က ကမ္ဘာ့စံချိန်ဆိုတဲ့ တေးစီးရီးခွေကို ထွက်ရှိထား ပါသေးတယ်။

Photo : ဆောင်းဦးလှိုင် ဖေ့စ်ဘွတ်

Share

Loading Next Article...
က္က