မကြာခင် ဖွင့်တော့မှာတဲ့။

ပရိသတ်တွေရဲ့ အချစ်တော် ညီအစ်မတွေ ဖြစ်တဲ့ စိုးမြတ်နန္ဒာတို့ ညီအစ်မတစ်စုက ပိုးထည်ဆိုင်ဖွင့်ဖို့အတွက် ပြင်ဆင်နေကြ ပါတယ်။ မကြာခင် ဆိုင်ဖွင့်တော့မှာ ဖြစ်လို့ ညီအစ်မတွေ အလုပ်ရှုပ်နေကြပါတယ်။ ဆိုင်ရဲ့ နာမည်ကိုလည်း မကြီးစိုးကိုယ်တိုင် ပေးမှာတဲ့။

 

ပရိသတ်တွေရဲ့ အချစ်တော် ညီအစ်မတွေ ဖြစ်တဲ့ စိုးမြတ်နန္ဒာတို့ ညီအစ်မတစ်စုက ပိုးထည်ဆိုင်ဖွင့်ဖို့အတွက် ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက်လည်း ညီအစ်မတွေ အလုပ်အရမ်း ရှုပ်နေကြပါတယ်။ အခုရက်ပိုင်းမှာ ပိုးထည်ဆိုင်ဖွင့်ဖို့အတွက် ညီအစ်မတွေ တွေ့ဆုံပြီး တိုင်ပင်ဖြစ်နေကြပါတယ်။

သြဂုတ်လ(၂၈) ရက်နေ့ကလည်း ညီအစ်တွေ တွေ့ဆုံပြီး အလုပ်လုပ်တွေ လုပ်ကြ မုန့်တွေ လုပ်စားကြနဲ့ အရမ်းကို ပျော်ဖို့ ကောင်းနေတာ ကိုလည်း တွေ့ရပါတယ်။ အဲ့ဒီဓာတ်ပုံလေးတွေကိုလည်း စိုးမြတ်နန္ဒာရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၂၈) ရက်နေ့က တင်ထားတာတွေ့ရပါတယ်။

 

ပိုးထည်ဆိုင်အတွက် နာမည်ကိုလည်း မကြီးစိုးက ပေးပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပိုးထည်ဆိုင်ဖွင့်ဖို့နဲ့ ပတ်သက်ပြီး စိုးမြတ်နန္ဒာက ယခုလို ပြောထားပါသေးတယ်။

"ခုတစ်လော တအားတွေအလုပ်ရှုပ်နေတာလို့ .မကြီး ရယ် , ဒါဒါ ရယ် , ဒီးးး ရယ် , စိုးပြည့်လေး ရယ် လေးယောက်ပေါင်းပြီး ပိုးထည်တိုက် လေးတစ်ခု အောက်တိုဘာလမှာ ဖွင့်ပါမယ် ... နာမည်ကိုတော့ မကြီး က ပေးမှာပါ .. ( ဓာတ်ပုံထဲကလိုစဉ်းစားနေလေရဲ့  ) .. နေရာကတော့ အင်းယားမြိုင်လမ်းမပေါ် , ရွှေတောင်ကြား ထဲမှာပါ .. ဆိုင်ဖွင့်ပွဲကျရင် ချစ်တဲ့သူတွေကိုလဲ ဖိတ်ပါရစေ နော်.. ကိုယ်တိုင်လုပ်တဲ့ ကိတ်လေးတွေလဲ ကျွေးမယ်နော့်" ဆိုပြီး သြဂုတ်လ(၂၄) ရက်နေ့ ရေးသားထားတာဖြစ်ပါတယ်။

ဂုဏ်သိက္ခာကျဆင်းစေသောနစ်နာမှုအတွက် စိုးမြတ်နန္ဒာက သိန်း ၁၅,၀၀၀ တောင်းဆို

ပိုးထည်ဆိုင်ဖွင့်ဖို့အတွက်ကိုလည်းညီအစ်မတွေ လုံးဝကို တက်တက်ကြွကြွနဲ့ အကောင်အထည်ဖော်နေကြတာ ဖြစ်ပါတယ်။ သရုပ်ဆောင် လောက မှာရော၊ ဂီတလောကမှာပါ အောင်မြင်လျှက်ရှိနေတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင် တို့ ညီ အစ်မ ၄ ယောက် ပေါင်းပြီး ရုပ်ရှင်ရိုက်ဖို့ အစီအစဉ်ရှိတဲ့အကြောင်း စန္ဒီမြင့်လွင်က Duwun  Media ရဲ့ အင်တာဗျူးမှာလည်း ဖြေဆိုခဲ့ ဖူးပါ တယ်။

'' ဒီးဒီကလည်း ကတုံးနဲ့ဆိုတော့ ကာရိုက်တာ တစ်ခုရမယ်ဆိုတော့ တကယ်လည်းရိုက်ချင်တယ်။ ရုပ်ရှင်ပြန်ရိုက်ချင်တဲ့ စိတ်ရှိပါတယ်။ ညီအစ်မတွေချည်းပဲ ရိုက်ရမှာဆိုတော့ ပျော်ဖို့ကောင်းမှာပေါ့နော်။ ရူတင်မှာဆိုလည်း ကိုယ်တွေအမျိုးတွေချည်းပဲဖြစ်နေမှာပေါ့'' လို့ ဆိုပါတယ်။အောင်မြင်တဲ့ သရုပ်ဆောင်၊ အဆိုတော်တွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင် တို့ဟာ ပရိသတ်အခိုင်အမာ ရရှိထားကြသူတွေဖြစ်ပါတယ်။

 

သရုပ်ဆောင် စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ တို့ဟာ သရုပ်ဆောင်ဘက်မှာ ထူးချွန်ပြီး အကယ်ဒမီဆုတွေလည်း ရရှိပိုင်ဆိုင်ထားသူ တွေဖြစ်ကြ ပါတယ်။ အဲ့ဒီနောက် အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီရရှိခဲ့သူဖြစ် ပါတယ်။ သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ကလည်း ဂီတလောကမှာ အမိုက်စားသီချင်းတွေနဲ့ အောင်မြင်နေသူပါ။

Share

Loading Next Article...
က္က