ပရိသတ်တွေရဲ့ အချစ်တော်လေး။

အေသင်ချိုဆွေတစ်ယောက် ကိုယ့်ကို မျက်စိအရှေ့ကနေ အပျောက်မခံတဲ့ သမီးလေး Ivy အကြောင်းကို ပြောပြလာပါတယ်။ Ivy လေးဟာ လည်လွန်း၊ တက်လွန်းနေပြီ  ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

သမီးလေးမွေးနေ့မှာ အလှူအတန်းတွေလုပ်မယ့် အေသင်ချိုဆွေ 

အေသင်ချိုဆွေ တစ်ယောက် သူ့ကို မျက်စိအောက်က အပျောက်မခံတဲ့ သမီးလေး Ivy ကို အသည်းတယားယား ဖြစ်လို့နေပါတယ်။ သမီးလေး ရဲ့ ချစ်စရာ ပုံလေးတွေကို တင်ရင်း Ivy လေးရဲ့ လည်ကြောင်း တက်ကြောင်းတွေကိုလည်း ပရိသတ်တွေ သိအောင် ပြန်လည် ပြောပြတတ်လို့ ပရိသတ်တွေကလည်း တစ်နေ့ထက် တစ်နေ့ Ivy လေးကို အချစ်ပိုနေကြပါပြီ။

'' ဪ ခလေးကို မေမေ က ဘာမှ မကျွေးဘူးဆိုတော့ ကြည့်ဦး ဒီဇိုင်းကာလာအနေအထားကို စိတ်တွေလဲညစ်ပါတယ်။ တွေ့သမျှ မြင်သမျှ ပါးစပ်ထဲထည့်နေလို့ တချက်မှ အလွတ်ပေးလို့မရဘူး အမေ ကိုလဲမျက်စိအောက်ကကိုအပျောက်မခံတာယူ နော် ယူ ချစ်တယ်'' ဆိုပြီးတော့ သြဂုတ်လ ၂၈ ရက်နေ့ နေ့လည် ၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

 

အေသင်ချိုဆွေရဲ့ သမီးလေး Ivy ဟာ သြဂုတ်လ ၂၅ ရက်နေ့က တစ်နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။ သမီးလေးရဲ့ တစ်နှစ်ပြည့် မွေးနေ့မှာတော့ အလှူအတန်းတွေလုပ်ရင်း ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။အေသင်ရဲ့ သမီးလေး Ivy ဟာ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ သမီး လေးဖြစ်ပါတယ်။ အရုပ်မလေးနဲ့ တူလွန်းတာကြောင့်လည်း ပရိ သတ်တွေက အသည်းတုန်အောင် ချစ်နေကြတာဖြစ်ပါတယ်။

 

အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ဟာ ဇူလိုင်(၁၀) ရက်နေ့က Comeback Song အနေနဲ့ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်လက်ထဲ အရောက်ပေးခဲ့ပါတယ်။လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာ အလုပ် တွေ ပိုပြီး ဆက်လုပ်သွားဖို့ ပြင်ဆင်လျက်ရှိတယ်တဲ့။ သီချင်းအသစ်တွေ လုပ်နေသလိုမကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့လည်း ရှိပါတယ်။

 

အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာလား၊ Play Boy  စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ  ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ် အားပေးမှုရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က