ပရိသတ်တွေ ဆုံးရှုံးလိုက်ရလို့လည်း စိတ်မကောင်းဖြစ်လို့ နေပါတယ်။

ရွှေထူးနဲ့ ရွှေမှုန်တို့ဟာ "ဧည့်သည်" ဇာတ်ကားစရိုက်တဲ့အချိန် ၂၀၁၈ ခုနှစ်(၆) လပိုင်းမှာ စတွေ့ခဲ့ကြတာဖြစ်ပြီး စရင်းနှီးတဲ့ အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် လူလွတ်တွေဖြစ်တယ်ဆိုတဲ့စိတ်နဲ့ သူငယ်ချင်းထက် ပိုခဲ့ကြတယ်တဲ့။ အရင်ကောင်မလေးနဲ့ပြတ်တာ ရွှေမှုံနဲ့မဆိုင်ဘူးလို့ ရွှေထူးက ဆိုပါတယ်။ ပရိသတ်တွေ သိချင်နေတဲ့ အကြောင်းအရာတွေကို သေချာပြောပြခဲ့ပါတယ်။



 

ပရိသတ်တွေ သိချင်နေတဲ့အကြောင်းကို ရွှေထူးက ပြောပြလို့လာခဲ့ပါပြီ။ သူ့အကြောင်းတွေ ပြောရင်းနဲ့ (၆) နှစ်ကျော် တွဲခဲ့တဲ့ သြစတြေးလျက ကောင်မလေးကိုလည်း ရွှေထူးအနေနဲ့ မေတ္တာရပ်ခံထားတာကိုလည်း တွေ့ရပါတယ်။ ယခင်က လက်တွဲခဲ့ဖူးတဲ့ ချစ်သူကောင်မလေးနဲ့ ရွှေထူးတို့ဟာ သြက်န်မတိုင်ခင် စားတွေများရန်ဖြစ်ပြီး ရှေ့ဆက်ဖို့ အဆင်မပြေခဲ့တာပါတဲ့။

ဒါကြောင့် ရွှေထူးဘက်က Live စလွှင့်ပြီး သူတို့နှစ်ယောက် ရှေ့ဆက်ဖို့ အဆင်မပြေတဲ့ Relationship ကို ပြတ်ပြတ်သားသားလုပ်ပေးခဲ့ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

 

"ကျွန်တော့်ဘက်က Live စလွှင့်ခဲ့တယ်ဆိုတာလည်း ရှေ့ဆက်ဖို့ အဆင်မပြေတော့တဲ့ Relationship တစ်ခုကို ဆက်ပြီးကြိုးရှည်ရှည်နဲ့ မလှမ်းချင် တော့လို့ ပြတ်ပြတ်သားသား လုပ်ပေးလိုက်တာပါ။ သူကြေနပ်လောက်တဲ့ထိလည်း ကျွန်တော်တောင်းပန်ခဲ့ပြီးပါပြီ။ သူ့အမေကို တောင်းပန်ပေး ပါဆိုလို့ ကျွန်တော်ဖုန်းဆက်ပြီး လည်းတောင်းပန်ခဲ့ပြီးပါပြီ။ Live လွှင့်လို့ အဲ့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အဆဲခံ အပြောခံရတာ လည်းကျွန်တော်ပါပဲ.။ စိတ်ကိုပြန်အားတင်းပြီး ကျွန်တော်အလုပ်တွေပြန်လုပ်ပါတယ်။ RS သက်တမ်း ၆ နှစ်ကျော်ပါ...၂ ယောက်စလုံးမှာ ကောင်းတာတွေရှိခဲ့သလို မကောင်းတာတွေလဲရှိခဲ့ပါတယ်။ ကျွန်တော်မကောင်းတာပိုများပါတယ် အဲ့အတွက်လည်း သူ့ကိုလွတ်လပ်ခွင့်ပေး လိုက်တာပါ။ ခုအားလုံးပြောနေကြသလို သူဝဋ်ကြွတ်သွားတာပေါ့။ သက်တမ်းကြာတဲ့ RS တစ်ခုမှာ သူ့အကြောင်းကိုသိ ကိုယ့်အကြောင်းသူသိပါ ... အမုန်းနဲ့လမ်းမခွဲချင်တာတော့ ရင်ထဲကဆန္ဒပါ" ဆိုပြီး ရွှေထူးက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၂၉) ရက်နေ့ ညပိုင်းက ပြောထားပါတယ်။

ရွှေထူးအနေနဲ့ အခုချိန်ထိ သူ့ကို ပြောခဲ့သမျှအားလုံးကို ခေါင်းငုံ့ခံနေဆဲပါပဲတဲ့။ သူ့အနေနဲ့ သူ့ရဲ့ အမာခံပရိသတ်တွေ အများကြီး ဆုံးရှုံးလိုက်ရတာကိုလည်း အရမ်းကို စိတ်မကောင်းဖြစ်ရပြီး ယူကြုံးမရဖြစ်ရတယ်ဆိုပြီး ပြောထားပါတယ်။ သူဟာ ကောင်းတဲ့သူတစ်ယောက် မဟုတ်ပေမယ့် အောက်တန်းတော့မကျပါဘူးတဲ့။

ရွှေမှုံက မျက်နှာများတယ်လို့ ပြောလာတဲ့ မြင့်မြတ်

ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ "ဧည့်သည်" ဇာတ်ကားစရိုက်တဲ့အချိန် ၂၀၁၈ ခုနှစ်(၆) လပိုင်းမှာ စတွေ့ခဲ့ကြတာဖြစ်ပြီး စရင်းနှီးတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် လူလွတ်တွေဖြစ်တယ်ဆိုတဲ့စိတ်နဲ့ သူငယ်ချင်းထက် ပိုခဲ့ကြတယ်လို့လည်း ရွှေထူးက ဆိုပါတယ။်



"ရွှေမှုန်နဲ့ ဧည့်သည်ကားရိုက်တဲ့အချိန်၆ လပိုင်းမှာ စတွေ့ပါတယ်... သူနဲ့အဲ့ဒီ့အချိန်မှာစရင်းနှီးပါတယ်... ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်လူလွတ်တွေဖြစ်ကြတယ်ဆိုတဲ့စိတ်နဲ့ သူငယ်ချင်းထက်ပိုခဲ့ကြပါတယ်... ခုပြောချင်တာက ရွှေမုှန်နဲ့စတွေ့တဲ့အချိန်မှာ ကျွန်တော်အားလုံးကင်းကင်းရှင်းရှင်းပါ... ပြီးခဲ့တဲ့ RS ကိုပြတ်ဆဲခဲ့တာ ရွှေမှုန်နဲ့ နဲနဲမှ မဆိုင်ပါဘူး... ကျွန်တော်နဲ့ပဲဆိုင်ပါတယ်... အဲ့တာကြောင့်လဲ အားလုံးပြောသမျှတွေကိုခေါင်းငုံခံနေတာပါ။" ဆိုပြီး ရွှေထူးက ဆက်လက်ပြောပြခဲ့ပါတယ်။
 

သူ့ကြောင့် ကြားညှပ် အပြောခံနေရတဲ့  ရွှေမှုံနဲ့ ရွှေမှုံရဲ့ ပရိသတ်တွေအားလုံးကိုလည်း အားနာပါတယ်တဲ့။

"ကျွန်တော့်ကြောင့်ကြားညှပ်အပြောခံနေရတဲ့ ရွှေမှုန် နဲ့ ရွှေမှုန်ပရိသတ်ကိုလည်းတကယ်အားနာပါတယ်။ အရာအားလုံးဟာဖြစ် ချိန်တန်လို့ဖြစ် လာတာပါ။ ကျွန်တော်အရာအားလုံးတွက်တောင်းပန်ပါတယ်ဗျာ ။ခွင့်လွှတ်ပေးပါ ... ဘဝမှာလူတိုင်းအမှား မကင်းကျသလို ကျွန်တော်လဲ လူထဲကလူမို့ မှားခဲ့ရင်နားလည်ပေးပါ။ နောက်နောင်အမှားကင်းနိုင်အောင်ကြိုးစားပါ့မယ်။ ကျွန်တော့မှားခဲ့ဘူးတဲ့အမှားကြောင့် ကျွန်တော် သိပ်ချစ်ရတဲ့သူတွေထပ်မဆုံးရှုံးပါရစေနဲ့ ဗျာ ကျွန်တော့်ကိုနားလည်ပေးပါဗျာ" ဆိုုပြီး ဆက်လက် ရေးသားခဲ့ပါတယ်။

ဂီတလောကမှာ အောင်မြင်မှုတွေ အများကြီး ရရှိပိုင်ဆိုင်နေတဲ့ ရွှေထူးဟာ သရုပ်ဆောင်အပိုင်းမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ လက်ခံရိုက်ကူးနေရပြီလို့ ဆိုပါတယ်။ သရုပ်ဆောင်တစ်ယောက်အဖြစ် ပထမဆုံးရိုက်ကူးခဲ့တဲ့ ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားကြီး မှာလည်း ပရိသတ်တွေက ရွှေထူးရဲ့ သရုပ်ဆောင်မှုတွေကို အားပေးချီးကျူးခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က