မွေးနေ့ကတော့ သြဂုတ်လ ၃၁ ရက်နေ့ပါ။

ဇာတ်ပို့သရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံက သြဂုတ်လ ၃၁ ရက်နေ့မှာ ကျရောက်မယ့်  သူ့ရဲ့ မွေးနေ့ပွဲမှာ အလှူအတန်းတွေ လုပ်မယ်လို့ သိရ ပါတယ်။ သူ့အနေနဲ့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်နေရချိန်မှာတောင် အလှူအတန်းတွေကို မပြတ်လတ် အောင် ဆောင်ရွက်တတ်သူပါ။

Photo: Gone Pone Lay facebook

 

သြဂုတ်လ ၃၁ ရက်နေ့က ဇာတ်ပိ့ုသရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံရဲ့ မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့ မတိုင်ခင်မှာတော့ သူ့ရဲ့ နေအိမ်မှာ အေးချမ်း အောင်မြင် အုတ်ခွက်ဘုရားကြီးကို ပင့်ဆောင်ပူဇော်ခဲ့ပါတယ်။ မွေးနေ့ရက်မတိုင်ခင် လာရောက် ပူဇော်သူတွေကိုလည်း အအေး၊ မုန့်တွေနဲ့ ဧည့်ခံသွားမယ်လို့ ဂွမ်းပုံလေးက ပြောပြထားပါတယ်။

"ဂွမ်ဂွမ်းရဲ့(August လ ၃၁ ရက်နေ့)မှာ ကျရောက်မဲ့မွေးနေ့အကြိုအဖြစ် ဗုဒ္ဓဂယာမှ"အေးချမ်းအောင်မြင်အုတ်ခွက်ဘုရားကြီးအား ဂွမ်းဂွမ်း ရဲ့သင်္ကန်းကျွန်းနေအိမ်တွင် ပင့်ဆောင်ပူဇော်နေပါသည်။ လာရောက် ဖူးမျှော် ကြည်ညိုသူများအား(29ရက်နေ့တွင်ခေါက်ဆွဲကြော်အအေးနှင့် ဧည့်ခံပြီး ၃၀ရက်နေ့တွင် ဒန်ပေါက်၊ ရေခဲမုန့်၊ ဧည့်ခံလှူဒါန်း သွားပါမည်ရှင်" ဆိုပြီးတော့ သြဂုတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Gone Pone Lay facebook

 

တက္ကသိုလ်ဂွမ်းပုံဟာ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ ကမ်းလှမ်းလာတဲ့ ဇာတ်ရုပ် တိုင်းကို ပီပြင်အောင် အကောင်းဆုံးကြိုးစားတတ်တဲ့ တက္ကသိုလ်ဂွမ်းပုံက ၂၀၁၆ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ''ဤအရာကို အချစ်ဟုခေါ်သလား'' ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကို ပိုင်ဆိုင်ခဲ့ပါတယ်။

Photo: Gone Pone Lay facebook

 

သူ့အနေနဲ့ ၂၀၁၇ ခုနှစ်က စပြီး နားရက်မရှိအောင်ကို ဇာတ်ကားတွေရိုက်နေရတာပါ။ သူ့အနေနဲ့ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေ ရသလို အလှူအတန်းတွေ လုပ်တဲ့နေရာမှာလည်း လက်မနှေးသူတစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ ပရိသတ်အချစ်ကို အများကြီး ပိုင် ဆိုင်ထားတဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်လို့နေပါပြီ။

Photo: Gone Pone Lay facebook

 

ဂွမ်းပုံလေးရဲ့ အနုပညာသက်တမ်းကတော့ အရမ်းကို ကြာနေပါပြီ။ ရုပ်ရှင်ဇာတ်ကား အဖြူအမည်း ခေတ်ကတည်းက အနုပညာအလုပ်ကို ဆောင်ရွက်လာတဲ့သူဖြစ်ပါတာ်။ သူ့အနေနဲ့ အိမ်အကူ ကာရိုက်တာ၊ မင်းသမီးရဲ့ သူငယ်ချင်းနေရာ၊ အဒေါ်နေရာ၊ အမေ နေရာ နဲ့ အစ်မကြီး နေရာတွေမှာ အများဆုံး ပါဝင်သရုပ်ဆောင်ရသူဖြစ်ပါတယ်။

Share

Loading Next Article...
က္က